ဟင်းသီးဟင်းရွက်တွေကို Smoothie ထဲထည့်ပြီးရောဖျော်ပေးတာက သားသားမီးမီးတွေကို ဟင်းသီးဟင်းရွက်စားဖြစ်စေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ သစ်သီးဖျော်ရည်ထဲကို အနံ့မပြင်းတဲ့ ဆလတ်ရွက်၊ ဟင်းနုနွယ်လိုမျိုးအရွက်တွေကို သန့်စင်အောင်ဆေးကြောပြီး ထည့်ဖျော်ပေးလိုက်ပါ။
သူတို့ကြိုက်တဲ့ အစားအစာတွေကို ဟင်းသီးဟင်းရွက်နဲ့တွဲကျွေးပေးပါ
နောက်တစ်ခုကတော့ ကလေးကြိုက်နှစ်သက်တဲ့ အစားအသောက်တွေထဲကို ဟင်းသီးဟင်းရွက်တွေထည့်ပြီးကျွေးတာပါ။ အာဟာရပြည့်ဝမှာဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။ ကလေးကြိုက်နှစ်သက်တတ်တဲ့ခေါက်ဆွဲကြော်လိုမျိုး အစားအစာထဲကို အသား၊ ဟင်းသီးဟင်းရွက်မျှတအောင်ထည့်ပြီး ပြင်ဆင်ပေးလို့ရပါတယ်။ အသားကင်ကြိုက်တတ်တယ်ဆိုရင် အသားကင်နဲ့အတူတူ ရုံးပတီသီး၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်းလိုမျိုး ဟင်းသီးဟင်းရွက်တွေကို ကင်ပြီး တွဲဖက်ကျွေးပေးပါ။
ဟင်းသီးဟင်းရွက်လေးတွေကို ပုံဖော်ပေးပါ
ကလေးက ဟင်းသီးဟင်းရွက်ကို စားဖို့ငြင်းဆန်နေတဲ့အခါ သူစားချင်လာစေဖို့အတွက် ဟင်းသီးဟင်းရွက်လေးတွေကို အသား၊ ငါးလွှာတို့နဲ့တွဲဖက်ပြီး ရုပ်ပုံဖော်တာ၊ အလှဆင်တာမျိုးလေးတွေလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို ဟင်းသီးဟင်းရွက်လေးတွေ ပိုစားဖြစ်အောင် လုပ်ဆောင်ပေးရာရောက်ပါတယ်။
ကလေးတွေကို ချက်ပြုတ်ရာမှာ ပါဝင်ခွင့်ပေးပါ
ဟင်းချက်ပြုတ်ဖို့ ဈေးသွားဝယ်တဲ့အခါ ကလေးကို အတူခေါ်သွားပေးတာ၊ ဟင်းချက်တဲ့အခါ အတူလုပ်ဆောင်ခွင့်ပေးတာက ကလေးကိုပျော်ရွှင်မှုရရှိစေနိုင်ပါတယ်။ ကလေးက ကိုယ်တိုင်ပါဝင်ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတွေကိုမြည်းစမ်းဖို့ ဆန္ဒရှိမှာတော့ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ကူရွေးခိုင်းပြီး အတူပါဝင်ချက်ပြုတ်ခိုင်းခြင်းကလည်း ကလေးကို ဟင်းသီးဟင်းရွက်စားဖြစ်စေမယ့် နည်းလမ်းတစ်ခုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။