backup og meta

ကလေးတွေကို မနက်စာ ဘာတွေကျွေးသင့်သလဲ

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးတွေ ကိုလည်း အလွယ်တကူရတဲ့ လက်ဖက်ရည်ဆိုင် က အစားအစာတွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။

ကလေးတွေကို မနက်စာ ဘာတွေကျွေးသင့်သလဲ

ဘာတွေ မကျွေးသင့်ဘူးလဲ

ဥပမာ – ကလေး ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်းက မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘတွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါးကတော့ ထုံးစံ အတိုင်း အချိုမှုန့် မတရား ပါဝင်ပါတယ်။ ဒီ Mono Sodium Glutamate (MSG) လို့ခေါ်တဲ့ အချိုမှုန့် တွေ ဟာ ဦးနှောက်မှာရှိတဲ့ Neurone (ဦးနှောက်ဆဲလ်) တွေကို ရေတွေနဲ့ ပွလာစေပြီး နောက်ဆုံးမှာ ပေါက်ပြီး ပျက်ဆီး သွားစေနိုင်ပါတယ်။ အကျိုးဆက်ကတော့ ကလေးတွေမှာဆိုရင် မှတ်ဉာဏ် စွမ်းအားကိုသိသိသာသာ ကျစေပြီး လန်းဆန်းတက်ကြွမှု မှာ လျော့နည်းသွားစေပါတယ်။

နောက်တစ်ခုကတော့ အသုပ်မျိုးစုံပါ။ ဆိုင်လုပ် လက်သုပ်တွေကတော့ အချို့မှုန့်များရုံတင်မကပဲ နီနီရဲရဲ အချဉ်တွေနဲ့ သုပ်ထားတဲ့ အပြင် မှိုပေါင်းများစွာပါနေတဲ့ ငရုတ်သီးမှုန့်တွေ က ကလေးတွေရဲ့ ကျန်းမာရေး ကို လွန်စွာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာပြောရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစားအသောက်မသန့်လို့ ဖြစ်တဲ့ အသည်းရောင် ရောဂါ၊ မှိုတက်နေတဲ့ အစားအစာ အစားများလွန်းပြီး အသည်း ကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခု ကတော့ ဆီတွေ နစ်နေအောင်ကြော်ထားတဲ့ အကြော်စုံ၊ ဆီထပ်ခါထပ်ခါ ပြန်သုံးပြီးကြော်ထားတဲ့ အကြော်စုံ တွေ မကျွေးသင့်ပါဘူး။ ရံဖန်ရံခါ စားတာ ပြဿနာ အရမ်းမရှိပေမယ့်။ ရေရှည်ဆိုရင်တော့ ကလေးအဝလွန် ရောဂါ ဖြစ်လာ နိုင်ပါတယ်။

ဘာတွေကျွေးသင့်သလဲ

  • နွားနို့
  • ပေါင်မုန့် (expire date သေချာကြည့်ပြီး၊ မှိုပါ မပါ စစ်ဆေးပြီးမှ ဝယ်ပါ)
  • ပေါက်စီ
  • အိမ်လုပ် အသုပ် (မန်ကျည်းရည် ဖြင့်သာ သုပ်ရန်၊ ငရုပ်သီးမှုန့် လုံးဝ မထည့်သင့်ပါ)
  • လက်ဖျော် အသီး ဖျော်ရည် တစ်ခုခု
  • ပဲပြုတ် နံပြား
  • ကြက်ဥပြုတ် (တစ်ပတ် သုံးရက်လောက် တစ်နေ့ တစ်လုံးကျွေးသင့်ပါတယ်။ ကြက်ဥ အနှစ်မှာပါတဲ့ ကိုလင်း (Choline) က မှတ်ဉာဏ်စွမ်းအားကို ကောင်းစေပါတယ်။)
  • ထောပတ်သီး
  • မြေပဲထောပတ်
  • ဒိန်ချဉ်
  • အိမ်လုပ် ခေါက်ဆွဲပြုတ်

အသက် ၅ နှစ် အောက် ကလေးများ ကို အပြင် အစားအစာများ မကျွေးသင့်ပါ။ အပြင်အစားအစာတွေမှာ ဆားပါဝင်မှု များတဲ့အတွက် ကလေးတွေက အိမ်လုပ် အစားအစာတွေကို မစားဘဲ အပြင်စာတွေကိုသာ ပိုပြီး စွဲမက်သွားစေနိုင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

06/10/2022

Written by Dr. Nyi Nyi Kyaw

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအတွက် အစားအစာရွေးချယ်တဲ့အခါ ဘာတွေစဉ်းစားသင့်သလဲ

ကလေးတွေ သရေစာစားလွန်းရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ


Dr. Nyi Nyi Kyaw · အာဟာရပညာရှင် · Sakura Hospital · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement