backup og meta

ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ က လူကြီးတွေနဲ့ အနည်းငယ်ကွာခြားပါတယ်။ ကလေးတွေရော လူကြီးများပါ ရေဓာတ် ဆုံးရှုံးခြင်း ကို ခံစားရတတ်ပါတယ်။ သဘာဝအရ ရေဓာတ်တွေကို အရေပြားကနေ ချွေးအနေနဲ့ဖြစ်စေ၊ အသက်ရှူထုတ်ရာကဖြစ်စေ၊ ဆီးနဲ့ ဝမ်းကဖြစ်စေ ပုံမှန်စွန့်ထုတ်နေတာကြောင့်ပါ။

ကလေးတွေမှာ တွေ့ရတတ်တဲ့ ရေဓာတ် ဆုံးရှုံးခြင်း ရဲ့ လက္ခဏာများ

များသောအားဖြင့် ကလေးတွေဟာလည်း စားသောက်ခြင်းကနေ ရေဓာတ်ကို ရယူပြီး ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပါတယ်။ တစ်ခါတရံမှာတော့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ဟာ ပြန်လည်ဖြည့်တင်းနိုင်တာထက် ပိုမိုနေနိုင်ပါတယ်။ ဒါ့ပြင် ဖျားနာခြင်း၊ ဝမ်းပျက်ခြင်း၊ ရာသီဥတုပူခြင်း၊ လှုပ်ရှားမှုများခြင်း စတာတွေကြောင့်လည်း ခန္ဓာကိုယ်ထဲက ရေတွေကို အပြင်ကို ပိုရောက်စေပြီး ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပေါ်စေပါတယ်။

တကယ်တော့ ရေဓာတ် ဆုံးရှုံးခြင်းဟာ မပေါ့ဆသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ရေဓာတ် လုံလောက်စွာ မရှိတော့ရင် ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေကို သေချာစွာ မလုပ်ဆောင်နိုင်တော့ပါဘူး။ ဆိုးရွားလွန်းရင် ဦးနှောက်ပျက်စီးခြင်း၊ သေဆုံးခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။

ကလေးများတွင် ရေဓာတ် ဆုံးရှုံးခြင်း

ဆယ်ကျော်သက်နဲ့ လူကြီးတွေထက်စာရင် ကလေးတွေဟာ ရေဓာတ် ဆုံးရှုံးခြင်း ဒဏ်ကို ပိုပြီးခံစားရလွယ်ပါတယ်။ ကိုယ်ခန္ဓာအရွယ်အစား သေးငယ်လို့လည်း ပါပါတယ်။ အရွယ်အစားသေးငယ်တာကြောင့် ရေထိန်းထားနိုင်တဲ့ ပမာဏလည်း နည်းပါတယ်။

ကလေးတချို့ကတော့ ရေကိုလုံလောက်စွာ မသောက်တဲ့အတွက် ရေဓာတ် ဆုံးရှုံးလာတတ်ပါတယ်။ တချို့သောအခြေအနေတွေမှာ ရေဓာတ် ဆုံးရှုံးနိုင်ခြေ ပိုများစေပါတယ်။ အဲဒီအချက်တွေကတော့

ဝမ်းပျက်ခြင်းက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါး စတဲ့ရောဂါပိုးများ ကူးစက်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဆေးဝါးများမတည့်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ကလေးအနေနဲ့ အန်နေရင်၊ အရည်ဝမ်းတွေသွားနေရင်၊ အရည်မသာက်နိုင်ရင် ပိုဂရုစိုက်ပြီး ရေဓာတ် ဆုံးရှုံးခြင်းလက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်သင့်ပါတယ်။

ကလေးတွေမှာ ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများ

ရေဓာတ် ခမ်းခြောက်ခြင်းဟာ ဖြည်းဖြည်းချင်း ဆုံးရှုံးသွားတာရှိသလို၊ ခပ်မြန်မြန် ဆုတ်ယုတ်သွားတာလည်း ရှိပါတယ်။ ကလေးငယ်များ နေထိုင်မကောင်းရင် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ ရှိ၊ မရှိ စစ်ဆေးကြည့်ရှုပေးရပါမယ်။ တစ်ခါတရံ လက္ခဏာများတွေက သိသာထင်ရှားခြင်း မရှိတတ်ပါဘူး။

သင့်ကလေး ရေအလွန်အမင်း ငတ်လာတဲ့အထိ စောင့်မနေပါနဲ့။ ရေငတ်ခြင်းဟာ ရေဓာတ် ခမ်းခြောက်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ တခြားလက္ခဏာတွေကိုလည်း ကြည့်ရှုရပါမယ်။ အဲဒါတွေကတော့

• နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း

• ဆီးအရောင်ရင့်ခြင်း

• ဆီးနည်းသွားခြင်း

• အသားအရေအေးစက်ခြင်း

• မျက်ကွင်းချိုင့်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း

• အလွန်အမင်း အိပ်ငိုက်နေခြင်း

အားအင်ကုန်ခမ်းခြင်း

• ငိုသောအခါ မျက်ရည်မထွက်ခြင်း

• ဂျီကျခြင်း

• အသက်ရှူမြန်ခြင်း

နှလုံးခုန်မြန်ခြင်း

ဆိုးရွားတဲ့ အခြေအနေမှာ ကလေးဟာ ကယောင်ကတမ်းဖြစ်တတ်၊ သတိလစ်တတ်ပါတယ်။

ဘာလုပ်သင့်သလဲ

အကောင်းဆုံးနည်းလမ်းကတော့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ပါပဲ။ ရိုးရိုးရေ၊ ဓာတ်ဆားရည်၊ ဟင်းရည်၊ အသီးဖျော်ရည် စတာတွေ တိုက်ပေးနိုင်ပါတယ်။ တော်တန်ရုံကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းပျက်ရင်၊ အန်ရင်၊ အဖျားတက်ရင်၊ အရည်မဝင်ရင် ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။ ကလေးတွေဟာ ရေဓာတ် ခမ်းခြောက်ခြင်းဒဏ်ကို ပိုပြီး ခံစားရလွယ်လို့ ဖြစ်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/parenting/signs-of-dehydration-in-toddlers Accessed Date 17 April 2020

ယခုပုံစံ

25/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement