backup og meta

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

    ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့ ….. ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

    ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။

    ဗီတာမင် ​B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက်

    • ကိုယ်ခံအားကို အားဖြည့်ပေးတယ်
    • ဆဲလ်တွေ ကျန်းမာစေတယ်
    • မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ်
    • အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်
    • ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။

    ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

    ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် B ကြွယ်ဝဖို့ ဆိုရင်

    ဆယ်လ်မွန်

    ဆယ်လ်မွန်မှာ ဗီတာမင် ​ B အမျိုးအစား တော်တော်လေး စုံပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ

    • Thiamine (ဗီတာမင် B1)
    • Riboflavin (ဗီတာမင် B2)
    • Niacin (ဗီတာမင် B3)
    • Pantothenic acid (ဗီတာမင် B5)
    • Pyridoxine (ဗီတာမင် B6)
    • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ဖောလိတ် (ဗီတာမင် B9) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ကိုက်လန် စတာတွေမှာ ပါဝင်နေပါတယ်။

    အသည်း နဲ့ ကလီစာ

    အသည်းက ဗီတာမင် B ပြည့်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်အသည်း၊ အမဲ အသည်း၊ ဝက် အသည်း၊ ဆိတ်ကလီစာတို့မှာ

    • Thiamine (ဗီတာမင် B1)
    • Riboflavin (ဗီတာမင် B2)
    • Niacin (ဗီတာမင် B3)
    • Pantothenic acid (ဗီတာမင် B5)
    • Pyridoxine (ဗီတာမင် B6)
    • Biotin (ဗီတာမင် B7)
    • Folate (ဗီတာမင် B9)
    • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

    ဥအမျိုးမျိုးမှာလည်း ဗီတာမင် B ပါဝင်မှုက မနည်းပါဘူး။ ကြက်ဥ အရွယ်တော် တစ်လုံးမှာ

    • Riboflavin (ဗီတာမင် B2)
    • Pantothenic acid (ဗီတာမင် B5)
    • Biotin (ဗီတာမင် B7)
    • Folate (ဗီတာမင် B9)
    • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

    နို့

    နွားနို့ ၈ အောင်စစာ တစ်ခွက်မှာ

    • Thiamine (ဗီတာမင် B1)
    • Riboflavin (ဗီတာမင် B2)
    • Pantothenic acid (ဗီတာမင် B5)
    • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

    အမဲသား

    အမဲသားမှာ ဗီတာမင် အမျိုးအစား တော်တော်လေး စုံစုံလင်လင် ပါဝင်နေပါတယ်။

    • Thiamine (ဗီတာမင် B1)
    • Riboflavin (ဗီတာမင် B2)
    • Niacin (ဗီတာမင် B3)
    • Pantothenic acid (ဗီတာမင် B5)
    • Pyridoxine (ဗီတာမင် B6)
    • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement