backup og meta

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့


Aye Thi Mon မှ ရေးသားသည်။ · 10/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့
    ကိုဗစ်အတွက် ကာကွယ်မှုကတော့ ဆက်လက်လုပ်ဆောင်နေရဆဲကာလပါ။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း mask တပ်ရတာ၊ မကြာခဏ လက်ဆေးတာစတဲ့ ကိုဗစ် ကာကွယ်ရေး အလေ့အထတွေကိုတော့ ဆက်လက်လုပ်ဆောင်နေရဆဲပါ။
    Mask တပ်တာက သာမန်လူတွေအတွက် အခက်အခဲမရှိပေမယ့် မျက်မှန်တပ်ရသူတွေ အတွက်ကတော့ အခိုးရိုက်တာကြောင့် မျက်မှန် မှုန်ဝါးတာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တာ့ ကိုဗစ်ကာလမှာ မဖြစ်မနေ မတ်ခ် တပ်နေရတဲ့ မျက်မှန်သမားလေးတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

    Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

    ကိုဗစ် ကာကွယ်ဖို့အတွက် Mask တပ်ရင်း မျက်မှန်မှာ အခိုးရိုက်ပြီး မှုန်ဝါးဝါး မဖြစ်စေဖို့ဆိုရင်

    ရေနဲ့ ဆပ်ပြာ

    ရေနဲ့ဆပ်ပြာမှုန့် ဒါမှမဟုတ် ဆပ်ပြာရည် ခပ်ကျဲကျဲဖျော်ထားတာကို သုံးပြီး မျက်မှန်ကို ဆေးလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချတာမျိုး၊ တစ်သျှူးတွေနဲ့ သန့်စင်တာမျိုး မလုပ်ဘဲ မျက်မှန်ကနေ ရေတွေ စင်သွားအောင် ခါပြီး လေသလပ်ခံလိုက်ပါ။ ခြောက်သွားမှ တစ်သျှူးစ နုနုလေးနဲ့ မျက်မှန်ကို ခပ်ဖွဖွလေး သုတ်ပေးပါ။

    ဒီလိုလုပ်ပေးတာက အသက်ရှူတာကြောင့် မျက်မှန်မှာ ရေငွေ့ရိုက်တာကို သက်သာစေနိုင်ပါတယ်။ တစ်နေ့ တစ်ကြိမ် ပုံမှန်လုပ်ပေးဖို့တော့ လိုပါမယ်။

    တစ်သျှူး

    Mask ရဲ့ အထက်ပိုင်းမှာ တစ်သျှူးကို မထူမပါးလေး ခေါက်ပြီး ခံထည့်လို့ Mask ကို ဝတ်ပေးတာကလည်း ချွေးနဲ့အသက်ရှူတာကြောင့် မျက်မှန်မှာ ရေခိုးရိုက်တာကို သက်သာစေနိုင်ပါတယ်။ တစ်သျှူးမှာ ချွေးစိုသွားတဲ့အခါ အသစ်လဲပေးဖို့တော့ လိုပါမယ်။ ဒီလိုလုပ်ပေးတာက မျက်မှန် ရေခိုးမရိုက်စေဖို့ ကာကွယ်ရုံတင် မဟုတ်ဘဲ Mask တပ်ရတာကိုလည်း သက်သာစေနိုင်ပါတယ်။

    Mask အပေါ်ဘက်ကို သေချာ လုံခြုံအောင် ပိတ်ပါ

    အသက်ရှူလိုက်တိုင်း မျက်မှန်မှာ အခိုးမရိုက်စေဖို့ဆိုရင် Mask တပ်တဲ့အခါ နှာခေါင်းနားက ဖိရမယ့် သတ္တုပြားလေးကို သေချာလေး လုံလုံခြုံခြုံ ဖိလိုက်ပါ။ ဒီလိုလုပ်တာက မျက်မှန်မှာ ရေငွေ့ရိုက်တာကို သက်သာစေနိုင်ပါတယ်။ တစ်ခါသုံး Mask တွေကတော့ အဲ့လိုလုပ်ဖို့ မလွယ်ကူပါဘူး။ N95 လို Mask အမျိုးအစားတွေကို အသုံးပြုပေးတာကတော့ မျက်မှန်မှာ အခိုးရိုက်တာကို သက်သာစေမှာပါ။

    Mask ကို အပေါ်ပိုင်းကို လွှတ်ထားပေးပါ

    မျက်မှန်မှာ ရေခိုးရိုက်တာ သက်သာစေဖို့ဆိုရင် မျက်မှန်အောက်ဘက်မှာ Mask ကို ကပ်ဝတ်တာက အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ​Mask အပေါ်ပိုင်းကို နည်းနည်းလောက် ခေါက်လိုက်ပြီး မျက်မှန်နဲ့ ​Mask ကြားမှာ လေဝင်လေထွက် အဆင်ပြေစေဖို့ နေရာပေးလိုက်တာက မျက်မှန်မှာ ရေခိုးရိုက်တာကို သက်သာစေနိုင်မှာပါ။ လူထူထပ်တဲ့ နေရာကို သွားရင်​တော့ ဒီနည်းလမ်းက အဆင်မပြေလှပါဘူး။

    တံထွေး

    မျက်မှန်မှာ ရေခိုးမရိုက်အောင် လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒီနည်းလမ်းက အလွယ်ကူဆုံးပါ။ ဒါကတော့ တံထွေးကို အသုံးပြုတာပါ။ တံထွေးက ရေမဟုတ်လို့ ဆပ်ပြာလိုပဲ အခိုးရိုက်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ဒါကြောင့် တစ်သျှူးစ ဒါမှမဟုတ် အဝတ်စမှာ တံထွေးလေးဆွတ်ပြီး မျက်မှန်ကို တိုက်ပေးပါ။ ပြီးရင် အခြောက်မသုတ်ဘဲ လေသလပ်ခံလိုက်ပါ။

    [covid]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement