backup og meta

ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးသူဖြစ်လာစေဖို့

ကျန်းမာရေးကောင်းဖို့ အရေးအကြီးဆုံးအချက်က ဘာများဖြစ်မလဲ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနေထိုင်ဖို့ပါ။ ဒါဆို ကိုယ်တိုင်ရောကျန်းမာရေးနဲ့ညီ​ညွတ်အောင်စားသုံးမိနေရဲ့လား။ ဒါကအရေးကြီးတယ်နော်။ ကိုယ်တိုင်အသက်ရှည်ဖို့ရော ကိုယ့်ကိုယ်ပွားလေး ကျန်းမာအသက်ရှည်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်တဲ့အလေ့အကျင့်က မဖြစ်မနေမွေးမြူသင့်တာပါ။

ကဲ..ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်သူဖြစ်လာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ တွေးနေလား။ တွေးမနေပါနဲ့။ အခုပဲ ဒီဆောင်းပါးလေးကိုဖတ်ပြီး အကောင်းဆုံးလုပ်ဆောင်လိုက်ကြရအောင်လား…….

ကလေးတစ်ယောက်ရဲ့ အလေ့အထတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးသူတွေက ဘယ်သူတွေများလဲ……..

ကလေးတစ်ယောက်ရဲ့ အလေ့အထတွေက သူငယ်စဉ်ကလက်ပွန်းတတီးရှိခဲ့တဲ့ လူကြီးတွေဆီက သင်ယူထားတာပါ။ ဒါကြောင့် လူကြီးတွေက စံပြဖြစ်နေဖို့လိုပါမယ်။

ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့

ကလေးကို ငယ်စဉ် အစားအစာတွေစတင်မိတ်ဆက်ချိန်ကတည်းက အသီးအနှံ၊ သား၊ငါး၊ ပဲ၊ ဥအမျိုးမျိုးတို့ကို အချိုးအစားကျကျကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှလည်း ကလေးက အစားမရွေးဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးအနေနဲ့ အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ကလေးက အရွယ်ရောက်လာတဲ့အခါ ထမင်းဝိုင်းမျာအတူတူထိုင်ရင်း ဟင်းကိုထည့်ပေးပြီး ဒါလေးစားပါလား။ အသားအရေအတွက်ကောင်းတယ်။ ဒါလေးထည့်စားနော် ဝမ်းမှန်တယ်၊ ဒါကတော့ အမြင်အာရုံကောင်းတယ်။ ဒါက ဉာဏ်ကောင်းစေဖို့ စားနော်ဆိုပြီးပြောပေးပါ။ ကလေးက သိချင်လို့ မေးလာတဲ့ အခါတိုင်းမှာလည်း စိတ်ရှည်လက်ရှည်လေးဖြေပေးပါ။ ဒါမှ ကလေးက စားစရာတစ်ခုချင်းစီရဲ့ အာဟာရ၊ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိရှိလာမှာပါ။ အရသာရှိရှိပြင်ဆင်ပေးဖို့လည်း မမေ့ပါနဲ့။ ငယ်စဉ်မှာ ကောင်းစွာမိတ်ဆက်ပေးမှုက ကလေးကို တစ်သက်တာလုံး အသည်းစွဲကြိုက်သွားစေမှာပါ။

ကလေးအတွက် ဘာတွေပြင်ပေးမလဲ…….

ကလေးကို ငယ်စဉ်မှာကတည်းက ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးဖြစ်လာစေဖို့အတွက်

ထမင်း – ကြီးထွားဖို့လိုအပ်တဲ့ ကစီဓာတ်ရရှိစေပြီး အင်အားပြည့်ဝစေမှာပါ။ ကိုယ်ခံအားကို အကောင်းဆုံးတည်ဆောက်ပေးသလို ကူးစက်ရောဂါတွေအန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အသားအရိုးနဲ့ကြွက်သားတွေ သန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ပရိုတင်း၊ သွေးအားနည်းရောဂါမဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သံဓာတ်။ အာရုံစူးစိုက်မှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေပြည့်စုံစွာပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းက အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သားတို့ကို ကျွေးပေးပါ။

ကြက်ဥ – ပရိုတင်းကြွယ်ဝသလို ဗီတာမင် D လည်းပြည့်ဝစွာပါဝင်နေပါတယ်။ ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ အာဟာရပြည့်ဝစေသလို ကလေးတော်တော်များများအကြိုက်တွေ့မယ့် အစားအစာတစ်မျိုးပေါ့။

နို့နဲ့နို့ထွက်ပစ္စည်း –  ကယ်လ်ဆီယမ်နဲ့ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးပေးရုံနဲ့ ကလေးကို အကောင်းဆုံးကြီးထွားသန်မာစေနိုင်မှာပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေပြီး ကြွက်သားဖွံ့ဖြိုးစေနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – အမြင်အာရုံကောင်းစေမယ့် ဗီတာမင် A၊ ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် C၊ ဖောလိတ်၊ ဇင့်၊ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တွေပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝတာကြောင့် အစာခြေစနစ်ကျန်းမာပြီး အာဟာရပြည့်ဝစေမှာပါ။

သစ်သီးတွေ – ဒါတွေကလည်း ငယ်ငယ်ကတည်းက ကျွေးထားသင့်ပါတယ်။ အကြောင်းကတော့ ကလေးက ဗီတာမင် C လိုမျိုးကိုယ်ခံအားကောင်းစေတဲ့ အာဟာရဓာတ်တွေကို သစ်သီးတွေကနေရရှိနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးကို သစ်သီးလေးတွေ ပြင်ဆင်ကျွေးမွေးဖို့လည်း မမေ့ပါနဲ့။

အစေ့အဆန်တွေ – အစေ့အဆန်တွေက ကလေးရဲ့ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ Omega-3 Fatty Acid ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အစေ့အဆန်လေးတွေကိုပါ ပြင်ဆင်ကျွေးမွေးပေးပါ။

ကဲ…ကလေးကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတတ်သူတစ်ဦးဖြစ်လာစေဖို့အတွက် အခုလိုမျိုး အာဟာရမျှတပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာတွေကို သင့်တင့်အောင်ပြင်ဆင်ပေးပြီး ကိုယ်တိုင်ကလည်း သူနဲ့အတူအားပါးတရစားလို့ အလေ့အကျင့်ကောင်းလေးတစ်ရပ်ကို မွေးမြူပေးလိုက်ရအောင်လား……..

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Kids Need Their Nutrients https://www.stanfordchildrens.org/en/topic/default?id=kids-need-their-nutrients–1-19820 Accessed Date 26 November 2019

Children’s health https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/nutrition-for-kids/art-20049335 Accessed Date 26 November 2019

ယခုပုံစံ

15/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ

ကိုယ့်ကလေးက အခြားကလေးတွေလောက်မထွားဘူးဆိုရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement