မိခင်နို့အတွက် နို့တိုက်ဖို့ အကောင်းဆုံးအချိန်က မွေးပြီးပြီးချင်းပါ။ မွေးပြီး ၁နာရီအတွင်းမှာ နို့တိုက်တာက မိခင်ရဲ့ သားအိမ်ကျုံ့အားကို ကောင်းစေသလို ကလေးကိုလည်း လိုအပ်တဲ့ အာဟာရတွေ စပြီး ရရှိစေပါတယ်။ ဒါပေမဲ့ မိခင်တိုင်းက ကလေးမွေးပြီးတာနဲ့ နို့တန်းထွက်ကြတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံပေးချင်ပါတယ်။
ဘာကြောင့် ကလေးမွေးပြီးပြီးချင်းမှာ နို့မထွက်ရတာလဲ။
ကလေးမွေးပြီးတာနဲ့ နို့တိုက်တာက ဒီလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ကလေးက နို့မစို့တတ်တာ၊ မိခင်က နို့မတိုက်တတ်တာအပြင် အကြောင်းအရာပေါင်းများစွာကြောင့် နို့မထွက်တဲ့ ပြဿနာကို ကြုံရနိုင်ပါတယ်။
တချို့ကျတော့လည်း အောက်ပါအကြောင်းရင်းတွေကြောင့် နို့ထွက်နည်းတတ်ပါတယ်။
- ကလေးကို လမစေ့ဘဲ မွေးတော့ မွေးပြီးပြီးချင်းမှာ အထူးကြပ်မတ်ဆောင်ကို ပို့လိုက်ရတာကြောင့် နို့မတိုက်လိုက်ရတာ၊ ဒါကြောင့် နို့မထွက်တာ
- အမေမှာ ဆီးချို ဒါမှမဟုတ် သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစု (PCOS)ရှိနေတာ
- အမေ အဝလွန်တာ
- ခွဲမွေးထားတာ
- အမေမှာ ဖျားနာတာ၊ ပိုးဝင်တာမျိုး ရှိနေတာ
- သိုင်းရွိုက်ပြဿနာ ရှိနေတာ
- မွေးတုန်းက သွေးထွက်များထားတာ စတဲ့ပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
ဒီပြဿနာတွေ မရှိလည်း တချို့အမေတွေမှာ ဒီတိုင်း နို့ထွက်နောက်ကျတာ ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ကိုယ်ကမတိုက်တတ်၊ ကလေးက မစို့တတ်တဲ့ နို့မလိုက်တာမျိုး ဖြစ်တတ်ပါတယ်။
မွေးပြီးပြီးချင်းမှာ နို့တိုက်ဖို့ အရေးကြီးလား
မွေးပြီးပြီးချင်း ထွက်တဲ့နို့က နို့ဦးရည်ပါ။ နို့ဦးရည်မှာ ကလေးအတွက် လိုအပ်တဲ့ အာဟာရ အားလုံးပါပါတယ်။ အထူးသဖြင့် မွေးစကလေးလေးကို ကြီးထွားစေမဲ့၊ ရောဂါပိုးတွေကို ကာကွယ်ပေးမဲ့ အာဟာရတွေ အပြည့်အဝပါဝင်နေပါတယ်။ ဒါကြောင့် မွေးပြီးတာနဲ့ စောနိုင်သမျှ စောစော (၁နာရီအတွင်း) နို့တိုက်ဖို့ အကြံပြုကြတာပါ။
မဟုတ်ရင် မိခင်က နို့ထွက်နည်းတယ်ဆိုပြီး ဘေးကနေ နို့ဘူးကူတာ၊ ရေတိုက်တာတွေ လုပ်တတ်ပါတယ်။ ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဒီလို လုပ်ရာကနေ ကလေးက ဝမ်းလျှောတာ၊ လိုအပ်တဲ့ အာဟာရတွေ မရတာတွေ ဖြစ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။
ဒါက မိခင်ကိုလည်း အပြစ်တင်ရခက်ပါတယ်။ သူ့ဘက်က ကြည့်ရင်လည်း နို့မထွက်တော့ ကလေးအတွက် စိတ်ပူပြီး လုပ်မိလုပ်ရာ လုပ်ကြတာပဲ ဖြစ်ပါတယ်။
ဒီတော့ ဒီပြဿနာတွေ မဖြစ်အောင် ကိုယ်ဝန်ဆောင်ချိန်တည်းကနေစပြီး ကလေးမွေးပြီးတဲ့အချိန်အထိ နို့ဦးရည် ထွက်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။
ကလေးမွေးပြီးပြီးချင်းမှာ နို့ဦးရည်ထွက်စေဖို့
နို့ဦးရည်က ကိုယ်ဝန်ဆောင်ချိန်တည်းက ဖြစ်နေတာပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်၁၆ပတ်လောက်ကစပြီး မိခင်နို့ရည် စဖြစ်နေပါပြီ။ ဒါကြောင့် ကလေးမွေးပြီးချိန်မှာမှမဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန်တည်းကစပြီး နို့ဦးရည် များများထွက်အောင် ပြင်ဆင်ထားလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ
- အာဟာရပြည့်အောင် စားသောက်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ အာဟာရစုံအောင် စားပေးပါ။ နို့ဦးရည်ကို အာဟာရပိုပြည့်ဝစေပြီး အထွက်များစေတဲ့ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အုတ်ဂျုံ၊ ကြက်ပေါင်းရည် (Chicken essence) စတာတွေ စားပေးရပါမယ်။ အထူးသဖြင့် မိခင်နို့စဖြစ်တဲ့ ကိုယ်ဝန် ၁၆ပတ်ဝန်းကျင်လောက်ဆို နေ့တိုင်း ဒါတွေပါအောင် စားပေးသင့်ပါတယ်။
- နို့တိုက်နည်းကို သင်ယူပါ။
နို့တိုက်တာက မသင်ထားရင် မတိုက်တတ်ဘူးဆိုတာ တကယ်ပါ။ နို့ရဲ့သဘောက စို့လေ ပိုထွက်လေပါ။ အမေက မတိုက်တတ်ရင်ဖြစ်ဖြစ်၊ ကလေးက မစို့တတ်ရင်ဖြစ်ဖြစ် နို့မဝင်ရင် နို့ထွက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မမွေးခင်တည်းက ကလေးပြုစုနည်း သင်တန်းတွေ တက်ထားပါ။ ဒါမှ ကလေးမွေးတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်တည်းမှာတည်းက နို့ညှစ်ထားပါ။
ကလေးမမွေးသေးပေမဲ့ နို့ညှစ်တဲ့အကျင့်ကို လုပ်ထားမယ်ဆိုရင် ကလေးမွေးပြီးချိန်မှာ နို့လိုက်တာ မြန်ပါတယ်။ ဒီတိုင်းညှစ်ထုတ်တာဖြစ်ဖြစ်၊ သိမ်းထားတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ Freezerထဲမှာ သေချာသိမ်းဆည်းထားမယ်ဆိုရင် ၃လလောက် ခံတာမို့လို့ ကလေးမွေးပြီးပြီးချိန် နို့တိုက်ဖို့ အခက်အခဲရှိတယ်ဆိုရင် သိမ်းထားတဲ့ နို့ဦးရည်ကို တိုက်လို့ ရပါတယ်။
ဒါပေမဲ့ ဒါက မေမေတိုင်းအတွက်တော့ မဟုတ်ပါဘူး။ နို့ညှစ်မယ်ဆိုရင် ၃၇ပတ် နောက်ပိုင်းမှ လုပ်သင့်ပါတယ်။ ရင်သားကို လှုံ့ဆော်သလိုဖြစ်ပြီး သားအိမ်ညှစ်တတ်၊ ကလေးစောမွေးတတ်လို့ပါ။ ဒါ့ပြင်
–လမစေ့ဘဲ မွေးနိုင်ခြေရှိရင်
-သားအိမ်ခေါင်းမလုံရင်
-ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းဖူးရင်
-အချင်းရှေ့ရောက်နေရင်တော့ မညှစ်သင့်ပါဘူး။
နောက်ပြီး နို့ဦးရည်ကို ဘယ်လိုသိမ်းရမလဲမသိရင်လည်း ညှစ်ပဲ ညှစ်ပါ။ မသိမ်းပါနဲ့။
ကလေးမွေးပြီးချိန်မှာ
- ကလေးကို ကြိုးစားပြီး နို့တိုက်ပါ။
ကလေးက ကောင်းကောင်းမစို့တာနဲ့ လက်မလျှော့လိုက်ပါနဲ့။ ပထမရက်တွေမှာတော့ ကလေးကို နို့တိုက်ရတာ အခက်အခဲ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တည်းက ကလေးပြုစုနည်းသင်တန်းတွေ တက်ဖို့၊ လေ့လာဖို့ ပြောတာပါ။ ကလေးမွေးပြီးရင်လည်း သူနာပြုဆရာမတွေဆီကနေ နို့တိုက်နည်းကို သေချာသင်ပါ။ ကလေးကို နို့တိုက်တတ်အောင် ကြိုးစားပါ။ နို့စို့မှ နို့ထွက်မယ်ဆိုတာကို သတိရပါ။
ရင်သားကို လက်နဲ့ နှိပ်နယ်တာ ဒါမှမဟုတ် စက်နဲ့ ညှစ်တာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါမှ ရင်သားကို လှုံ့ဆော်သလိုဖြစ်ပြီး နို့ထွက်မှာပါ။ မညှစ်ခင်မှာ ရေနွေးဝတ်လေး ကပ်ပေးရင် ပိုကောင်းပါတယ်။
နို့ဦးရည်က ပျစ်ပေမဲ့ ရေဓာတ်တော့ များများပါတယ်။ ကလေးမွေးစအချိန်မှာ သွေးထွက်ထားလို့ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးနေရင် နို့ထွက်နည်းနိုင်ပါတယ်။ ဒါကြောင့် အရည်များများသောက်ပေးပါ။ ရေ၊ အသီးဖျော်ရည်၊ ကြက်ပေါင်းရည် စတာတွေ သောက်လို့ ရပါတယ်။
နို့တိုက်မိခင် အစားမရှောင်ရပါဘူးနော်။ အမေ အာဟာရပြည့်အောင်စားမှ နို့ဦးရည်လည်း အာဟာရပြည့်မှာပါ။ အမေက နို့ထွက်နည်းတယ်ဆိုရင် နို့ထွက်များအောင် ပရိုတင်းကြွယ်ဝတဲ့ အသား (ဥပမာ ကြက်ပေါင်းရည်)၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေ မျှတအောင် စားပေးပါ။
- စိတ်ဖိစီးမှု နည်းအောင်နေပါ။
မိခင် စိတ်ဖိစီးမှု များရင် နို့ဦးရည်ထွက်တာကို ထိခိုက်နိုင်ပါတယ်။ နို့မထွက်လို့ စိတ်ညစ်၊ စိတ်ညစ်လို့ နို့မထွက် လုံးလည်ချာလည်လိုက်နေတတ်ပါတယ်။ ဒါကြောင့် ကလေးကိုလည်း ကြိုးစားပြီးနို့တိုက်ပါ။ ကောင်းကောင်းလည်း အနားယူပါ။
နောက်ပြီး Kangaroo mother careဆိုတာ ရှိပါတယ်။ မိခင်နဲ့ ကလေးနဲ့ အရေပြားချင်း ထိထားတာပါ။ အလွယ်ဆုံးပြောရရင် ကလေးကို ဗိုက်ပေါ်မှာ ဒီတိုင်းလေး တင်ထားတာပါ။ အဝတ်မခံဘဲနဲ့ပေါ့။ ဒီလိုလေး နေတာက ကလေးနဲ့ မိခင်ကြား သံယောဇဉ်ကို တိုးစေသလို မိခင်ကို စိတ်သက်သာရစေပြီး နို့ထွက်လည်း ကောင်းစေပါသတဲ့။ ဒါကြောင့် ဒါလေး လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
နို့မထွက်တာ မေမေတစ်ယောက်တည်း မဟုတ်ပါဘူး။
မွေးပြီးတာနဲ့ နို့တန်းမထွက်တဲ့ မိခင်တွေ အများကြီး ရှိတာကြောင့် မေမေတို့ စိတ်မညစ်ကြပါနဲ့။ ကြိုးစားပြီး တိုက်ပါ။ တတ်နိုင်ရင် ကိုယ်ဝန်ဆောင်ချိန်တည်းက နို့ထွက်ကောင်းအောင် ပြင်ဆင်ပါ။ နို့ဦးရည်က တန်ဖိုးရှိတာကြောင့် နည်းနည်းထွက်ထွက်၊ များများထွက်ထွက် ကလေးကို ဝင်အောင် တိုက်ပါလို့ အကြံပြုချင်ပါတယ်။
လျှော့စျေးကူပွန်ရယူရန်
သင်က
- ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
- ကိုယ်ဝန်ဆောင်မိခင်
- နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
ဒါဆိုရင်တော့
https://bit.ly/BRANDS_PROMO_CODE_OFFER ကို ဖြည့်ပြီး ဘရန်း(စ်) ကြက်ပေါင်းရည် 42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။
[embed-health-tool-vaccination-tool]