backup og meta

ပန်းနာရင်ကျပ်ကလေးတွေအတွက် အစာအာဟာရ

ပန်းနာရင်ကျပ်ကလေးတွေအတွက် အစာအာဟာရ

ကလေးတွေအရွယ်မှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ်ေရာဂါကို မိဘတွေတော်တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ကလေးတွေ ပန်းနာရင်ကျပ်ဖြစ်တဲ့အခါ သူတို့အတွက် နေ့စဉ် အစာအာဟာရကို ပြင်ဆင်ချက်ပြုတ်ရာမှာ တခြားကလေးတွေထက် ပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အာဟာရြဖစ်တိုင်းလည်း ကျွေးလို့ မရပါဘူး။ ကိုယ့်ကလေးရဲ့ ရောဂါဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။

ဒါကြောင့် ကိုယ့်ရဲ့ ကလေးမှာ ပန်းနာရင်ကျပ်ဖြစ်လို့ စိုးရိမ်ပူပန်နေရတဲ့ မိဘတွေအတွက် ရွေးချယ်ရတာ အဆင်ပြေစေပြီး ကလေးတွေရဲ့ ရောဂါကို သက်သာစေမယ့် အစားအစာေတွကို ပြောပြပေးချင်ပါတယ်။

၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကျွေးပေးပါ

ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး ကလေးတွေကိုလည်း အာဟာရဖြစ်စေတယ်။ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာကိုလည်း သက်သာစေတဲ့အတွက် အဓိက အစာအာဟာရအဖြစ် ကျွေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေနဲ့ antioxidant တွေဟာ အဆုတ်ကို ကောင်းကောင်းအလုပ်လုပ်စေပြီး ပန်းနာရင်ကျပ် ပြန်မထလာနိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ သစ်သီးဝလံတွေထဲမှာ ပန်းသီးနဲ့ သစ်တော်သီးတို့ဟာ ပန်းနာရင်ကျပ်ဖြစ်နေတဲ့ ကလေးတွေအတွက် အကောင်းဆုံး အစာအာဟာရအဖြစ် လူသိများကြပါတယ်။

၂။ ငါးများများကျွေးပါ

ငါးတွေမှာ ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အသားဓါတ်၊ ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓါတ်တွေအပြင် ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ Omega-3 fatty acid တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ အာဟာရဓါတ်တွေ စုံလင်စွာ ပါဝင်ပြီး အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကျန်းမာရေးကို အားဖြစ်စေနိုင်ပါတယ်။ ပြသနေကျ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ကလေးနဲ့ ဘယ်လိုငါးတွေ များများကျွေးသင့်လဲဆိုတာကို သေချာ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

၃။ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကျွေးပါ

အမျှင်ဓါတ်ဟာ ခန္ဓါကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်တဲ့အပြင် အဆုတ်ကို အားကောင်းစေတယ်။ အမျှင်ဓါတ်ဟာ အူထဲမှာ ရှိတဲ့ ခန္ဓါကိုယ်အကျိုးပြု ဘက်တီးရီးယားပိုးမွှားတွေကို ကြီးထွားစေလို့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ပန်းနာရင်ကျပ် ရောဂါဝေဒနာတွေကို သက်သာစေတယ်။ ဆန်လုံးညို၊ ပဲနီကလေး၊ ပဲတောင့်ရှည် အစရှိတဲ့ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို များများကျွေးသင့်ပါတယ်။

ပန်းနာရင်ကျပ်ကလေးတွေအတွက် ရှောင်သင့်တဲ့ အစားအစာတွေ

အာဟာရမဖြစ်စေတဲ့ အစားအသောက်တွေ၊ တာရှည်ခံအစားအစာတွေ၊ အသင့်စား အစားအစာတွေ၊ ဆီများတဲ့ အစားအစာ၊ အငန်၊ အချိုလွန်ကဲတဲ့ အစားအစာတွေကိုတော့ မဖြစ်မနေ ရှောင်သင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ပင်လယ်စာတွေ၊ မြေပဲတွေနဲ့ တခြားဓါတ်မတည့်တဲ့ အစားအစာတွေ ရှိရင် ဆရာဝန်နဲ့ သေချာပြသပြီး ဒီအစားအစာတွေ မစားမိအောင် သေချာဂရုစိုက်ပြီး ရှောင်သင့်ပါတယ်။

အဝလွန်ကလေးတွေမှာ ပန်းနာရင်ကျပ်ဝေဒနာ ပိုဆိုးနိုင်တာကြောင့် ကလေးကို အဝမလွန်စေဖို့ကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ အစာအဟာရအပြင် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့၊ ကလေးကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ်စေဖို့ ဆရာဝန်နဲ့ မှန်မှန်ပြသဖို့ လိုအပ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet For Kids With Asthma –https://www.livestrong.com/article/22435-diet-kids-asthma/ (Dec 17, 2018)

Healthy Foods For Asthma Patients –https://www.webmd.com/asthma/guide/asthma-diet-what-you-should-know#1 (Dec 17, 2018)

ယခုပုံစံ

15/08/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေး ဟင်းသီးဟင်းရွက်တွေ စားချင်စိတ်ရှိလာအောင် ဘယ်လိုလုပ်ပေးရမလဲ။

မိခင်နို့တိုက်ကျွေးခြင်းက ကလေးပန်းနာရင်ကျပ် ဖြစ်ပွားနိုင်ခြေ လျော့နည်းစေသည်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement