backup og meta

သင့်ကလေး ဝမ်းမှန်စေဖို့အတွက် ဒါတွေ လုပ်ပေးပါ။ ။

ဝမ်းချုပ်တယ်ဆိုတာ လူတိုင်း ဖြစ်ဖူးကြတဲ့ကိစ္စတစ်ခုဖြစ်ပြီး ကသိကအောက် တော်တော်ဖြစ်စရာကောင်းတဲ့ အရာတစ်ခုပါ။ လူကြီးတွေမှာတင် ဝမ်းချုပ်တတ်တာ မဟုတ်ပါဘူး။ အသီးအရွက်ဆို စားဖို့ကြေးများကြတဲ့ ကလေးတွေမှာဆို ဝမ်းချုပ်တာပိုတောင်ဖြစ်တတ်ပါသေးတယ်။ ကလေးဆိုတော့ကျန်းမာရေး အသိပညာတွေ အများကြီး မရှိသေးတဲ့အတွက် သူတို့ဝမ်းချုပ်တာကိုဖြေရှင်းပေးဖို့၊ သူတို့ ဝမ်းမှန်မှန်သွားဖို့ဆိုတာ မေမေတို့မှာ တာဝန်အပြည့်ရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် ကလေးတွေ ဝမ်းမှန်စေဖို့ မေမေတို့ဘက်က လုပ်ပေးရမှာတွေကို ခုဆောင်းပါးလေးထဲမှာ ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ ။

ကလေးကို ရေများများသောက်ဖို့အားပေးပါ။ ။

  • ရေဆိုတာ ဝမ်းတွင်းထဲမှာရှိတဲ့ အပူအပုပ်တွေကို သန့်စင်ပေးတဲ့အတွက် ဝမ်းပျော့ပျော့ သွားဖို့အတွက်ဆို အူမကြီးကနေ ရေကို များများစုပ်ယူဖို့လိုပါတယ်။ ဒါကြောင့် ဝမ်းမှန်စေဖို့အတွက်ဆို ရေများများသောက်ဖို့လိုအပ်ပါတယ်။ ကလေးတွေကို ငယ်ငယ်လေးထဲက မနက်အိပ်ရာနိုးတာနဲ့ ရေအပြည့်တစ်ခွက်သောက်ဖို့ လေ့ကျင့်ပေးထားပါ။ ကလေးဆိုတာအရုပ်လေးတွေ ကြိုက်တဲ့ အတွက် ရေသောက်ချင်အောင် အရုပ်ပါတဲ့ ချစ်စရာရေသန့်ဘူးလေးတွေဝယ်ပေးပါ။

အသီးအရွက်တွေများများကျွေးပါ။ ။

  • အသီးအရွက်တွေဆိုတာ အမျှင်ဓါတ် ကြွယ်ဝတဲ့အပြင် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာအားလုံးအသိပါ။ ဒါကြောင့် ကိုယ့်ကလေးကို ဝမ်းမှန်စေချင်တယ်၊ ရောဂါဘယတွေကနေလည်း ကင်းဝေးစေချင်တယ်ဆိုရင် ကလေးစားတဲ့ ထမင်းအနပ်တိုင်းမှာ အသီးအရွက်ေတွပါအောင်ထည့်ကျွေးသင့်ပါတယ်။

အသီးဖျော်ရည်တွေလုပ်တိုက်ပါ။ ။

  • ကလေးတော်တော်များများက အသီးအရွက်ဆိုစားဖို့ ကြေးများတတ်ကြပြီး ကျွေးလို့မရတတ်ပါဘူး။ ဒါဆို ကလေးတွေ အသီးအရွက်တွေစားဖြစ်ဖို့အတွက် မေမေတို့ တစ်မျိုးစဉ်းစားရပါတော့မယ်။ အဖတ်တွေကျွေးလို့မရဘူးဆိုတော့ အသီးဖျော်ရည်ေလးတွေ လုပ်တိုက်ကြည့်ပါ။ ကလေးဆိုတာ အသီးတွေ စားရတာထက်စာရင် ဖျော်ရည်သောက်ရတာကို ပိုကြိုက်တတ်ကြပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ ။

  • ကိုယ်လက်လှုပ်ရှားမှုဆိုတာကလည်း ဝမ်းမှန်စေဖို့အတွက်လိုအပ်တဲ့ အချက်ထဲက တစ်ချက်ပါ။ အပြင်ပိုင်းက လှုပ်ရှားမှုရှိမှ အတွင်းပိုင်း အူေတွလည်း ပျင်းမနေတော့ဘဲ လှုပ်ရှားလာပြီး ဝမ်းသွားချင်အောင် လှုံ့ဆော်တော့မှာ ဖြစ်ပါတယ်။ ခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကလေးအတွက် ဂိမ်းဆော့ဖို့ ဖုန်းတွေကလည်း အဆင်သင့်၊ အင်တာနက်ကလည်း အဆင်သင့်ဆိုတော့ အိမ်တွင်းအောင်းတဲ့ကလေးတွေ သိပ်များလာပါပြီ။ ဒါကြောင့် ကလေးတွေကို ဖုန်းမပေးပဲ အားကစားတစ်မျိုးမျိုးဝါသနာပါအောင် ငယ်ငယ်လေးထဲက လေ့ကျင့်ပေးထားပါ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဆော့ခိုင်းပါ။

အိမ်သာတက်ချိန်ကို အချိန်တစ်ခု သတ်မှတ်ပေးထားပါ။

  • ထမင်းစားချိန်ုအိပ်ရာဝင်ချိန်၊ စာလုပ်ချိန်တွေရှိသလို အိမ်သာတက်ချိန်လည်းရှိသင့်ပါတယ်။ ကျွန်မတို့ ကိုယ်ထဲမှာရှိတဲ့ အူတွေဆိုတာ လေ့ကျင့်ပေးလို့ရတဲ့ အရာတစ်ခုပါ။ နေ့စဉ် အချိန်တစ်ခု သတ်မှတ်ပြီး အိမ်သာတက်လို့ရှိရင် နောက်ပိုင်းကျ အဲ့ဒီ အချိန်ရောက်တိုင်း ဝမ်းသွားချင်နေတော့မှာဖြစ်ပါတယ်။

ဝမ်းဆိုတာ မသွားဘဲအောင့်ထားရင် မကောင်းကြောင်း ကလေးတွေကို ရှင်းပြပါ။ ။

  • ဝမ်းဆိုတာ သွားချင်ရင် ချုပ်မထားဘဲ ချက်ချင်းသွားသင့်တဲ့အရာတစ်ခုဖြစ်ကြောင်း ကလေးတွေကို ရှင်းပြပါ။ ဝမ်းတွေဆိုတာ အူတွင်းမှာအကြာကြီးရှိသင့်တဲ့အရာတွေ မဟုတ်ကြောင်းနဲ့ တစ်နေ့တစ်ခါ အပြင်ထုတ်သင့်ကြောင်းကလေးတွေကို ပြောပြပါ။

ကဲ ဒါတွေဖတ်ပြီးရင် ကိုယ့်ကလေး ဝမ်းမှန်အောင် မေမေမတို့ဘက်က ဘယ်လိုကူညီပေးရမလဲဆိုတာ သိသွားလောက်ပါပြီ။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲနိုင်တော့ဘူးနော်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Ways to Relieve Baby’s Constipation https://www.mom365.com/baby/baby-health/10-ways-to-relieve-babys-constipation Accessed date 28.11.2018

Constipation in childrenhttps://www.mayoclinic.org/diseases-conditions/constipation-in-children/symptoms-causes/syc-20354242Accessed date 28.11.2018

ယခုပုံစံ

21/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ

အသီးအရွက်ဆို ကြေးများကြတဲ့ ကလေးတို့အတွက် မေမေတို့ ဒီလိုကြိုတင်ပြင်ဆင်သင့်ပါတယ်။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement