ကိုယ့်ကလေးက ဖျားနေတယ်၊ နှာစေးနှာပိတ်၊ ချွဲတွေကျပ်နေတယ်ဆိုရင် ဆေးခန်းပြ၊ ဆေးတိုက်တာကလွဲလို့မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ဖြစ်တတ်ပါတယ်။ နှာတရွှီရွှီနဲ့ အသက်ရှူရခက်လို့ ညညမအိပ်နိုင်တဲ့ ကလေး လေး ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။
ကိုယ့်ကလေးက ဖျားနေတယ်၊ နှာစေးနှာပိတ်၊ ချွဲတွေကျပ်နေတယ်ဆိုရင် ဆေးခန်းပြ၊ ဆေးတိုက်တာကလွဲလို့မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ဖြစ်တတ်ပါတယ်။ နှာတရွှီရွှီနဲ့ အသက်ရှူရခက်လို့ ညညမအိပ်နိုင်တဲ့ ကလေး လေး ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။
တကယ်တော့ နှာရည်ကျတာကောင်းတဲ့လက္ခဏာပါ။ ဒါက ရောဂါပိုးမွှားတွေကို ဖယ်ရှားတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝနည်းလမ်းဖြစ်လို့ပါ။ ။ ဒါပေမယ့် ကလေးမှာ နှာတအားစေးနေရင် နှာခေါင်းဝမှာခြောက်သွေ့တဲ့အခါ နှာခေါင်းပိတ်မှာသေချာပါတယ်။ ဒါဆို အသက်ရှူရခက်လာမယ်၊ နို့စို့ရ၊ အစားစားရခက်လာနိုင်ပါတယ်။ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ဝေဒနာခံစားနေရချိန်မှာ ကလေး ကို သက်တောင့်သက်သာရှိစေဖို့ ဒီလိုလေးတွေလုပ်ပေးနိုင်တယ်နော်။
ကလေးကိုသိပ်တဲ့အခါ ဦးခေါင်းကို (ခေါင်းအုံးကို) နည်းနည်းလောက်မြှင့်ပေးထားရင် နှာရည်ပိတ်တာ၊ ချွဲကျပ်တာသက်သာပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။
နှာရည်ထွက်တာများလွန်းရင် ကလေးရဲ့ နှာခေါင်းဝမှာ ခြောက်ပြီး ပိတ်နေတတ်ပါတယ်။ ဂွမ်းစလေးကို ရေနွေးဆွတ်ပြီး ညင်သာစွာ ဖယ်ရှားသန့်စင်ပေးပါ။ နှာခေါင်းလေးကို မပွန်းစေဖို့ သတိထားပါ။
ကလေး ရဲ့ကျောကို အသာအယာပုတ်ပေးတာက ရင်ချောင်စေပါတယ်။ ရင်ချောင်တဲ့အခါ နှာခေါင်းလမ်းကြောင်းက ချွဲတွေလည်း အတွင်းမှာပဲ ထိုက်သင့်သလောက် ပျော်ဆင်းသွားပါလိမ့်မယ်။ ကလေးကို ပေါင်ပေါ်မှာ မှောက်လျက်လေးထားပြီး လက်ခုပ်နဲ့ အသာလေးပုတ်ပါ။ ဒါမှမဟုတ် ကလေးကို ထိုင်လျက်လေးချီထား၊ အရှေ့ဘက်ကို ခပ်စိုက်စိုက်လေးထားပြီးကျောကိုပုတ်ပေးပါ။
ချွဲသလိပ်တွေ ဖယ်ရှားနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်အရ နှာခေါင်းအစက်ချဆေးရည်တွေ သုံးရတာရှိပါတယ်။ ကလေးကို ပက်လက်လေး ခပ်မော့မော့ထားကာဆေးရည် နှစ်စက်၊ သုံးစက်စီထည့်ပါ။ စက္ကန့် ၃၀ ကနေ ၆၀လောက်စောင့်ပါ။ ကလေးကိုခေါင်းထောင်လျက်(ထိုင်လျက်ဖြစ်ဖြစ်)ချီထားပါ။ နှာရည်ချွဲတွေနဲ့ ဆေးတွေကို ကလေးက နှာချေထုတ်ရင် ထုတ်ပါလိမ့်မယ်။ ထွက်လာတဲ့ချွဲတွေကို တစ်ရှူးလေးနဲ့ သန့်ပေးပါ။ နှာခေါင်းဝကနေထွက်လာတဲ့ ချွဲတွေကိုပဲ သုတ်ယူဖယ်ရှားပါနော်။ ကလေးရဲ့နှာခေါင်းထဲကို ဂွမ်းစ သို့မဟုတ် တစ်ရှူးစနဲ့ ထိုးမသုတ်မိဖို့ သတိထားပါ။
မားကတ်က ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ နှပ်ရည်စုပ်ကိရိယာလေးတွေက အရမ်းအသုံးဝင်ပါတယ်။ ကလေးရဲ့နှာခေါင်းထဲက ပိတ်ဆို့နေတဲ့နှာရည်ချွဲတွေကို အလွယ်တကူနဲ့ အကုန်စုပ်ထုတ်နိုင်လို့ပါပဲ။ ဟိုအရင်က မေမေတို့လုပ်ခဲ့သလို ကလေးနှာခေါင်းကနေ ပါးစပ်နဲ့တေ့ပြီး စုပ်ထုတ်ပေးတာမျိုးကရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ကလေးတွေက နှာရည်ညှစ်မထုတ်တတ်သေးတဲ့အတွက် ဒီလိုကိရိယာလေးတွေသုံးရင် နှာခေါင်းပွင့်သွားတော့ အသက်ရှူရတာ ချက်ချင်းသက်သာသွားမှာပါ။
နှပ်ရည်စုပ်ကိရိယာ (nasal bulb/aspirator) ကို ဘယ်လိုသုံးမလဲဆိုတော့ –
ကလေးရဲ့ကိုယ်ခံအားကို ပြန်ဖြည့်နိုင်ဖို့ နဲ့ ရေဓာတ်မခမ်းခြောက်စေဖို့ နို့စို့အရွယ်ဆို နို့တိုက်ပါ။ ရေတိုက်လို့ရတဲ့ အရွယ်ဆို ရေတိုက်ပါ။ ကလေးက နှာခေါင်းပိတ်နေတော့ အစာမစားချင်၊ နို့မစို့ချင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးမှာ ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးတာကြောင့် စိတ်ရှည်ရှည်နဲ့ဂရုစိုက်တိုက်ကျွေးသင့်ပါတယ်။
ဒီလောက်ဆို နှာစေးနှာပိတ်နေတဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ မေမေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်ထင်ပါတယ်နော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://www.care.com/c/stories/4597/8-ways-to-help-your-congested-baby-breathe/
Accessed Aug 27, 2018.
https://www.webmd.com/parenting/baby/features/baby-stuffy-nose
Accessed Aug 27, 2018.
https://www.aboutkidshealth.ca/congestedbaby
Accessed Aug 27, 2018.
ယခုပုံစံ
19/08/2022
Yun Sandi Nan Mon မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win