backup og meta

ကလေးတွေရော သွေးတိုးတတ်လား

သွေးတိုးတယ်ဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်စားသောက်နေထိုင်မှုကို အစဉ်မပြတ်ဂရုစိုက်နေမှ ရမှာပါ။ ဒီနေရာမှာမေးစရာရှိတာကသွေးတိုးဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ရောဂါတစ်ခုလားဆိုတာပါ။ ဒီကိစ္စကိုသေသေချာချာလေးသိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

ကလေးတွေရော သွေးတိုးတတ်လား

သွေးတိုးက လူကြီးတွေမှာပဲဖြစ်တတ်တာလား…….

မဟုတ်ပါဘူး။သွေးတိုးတာက အသက်အရွယ်နဲ့မဆိုင်ပါဘူး။ အရွယ်မရွေးသွေးတိုးတာကို ခံစားရနိုင်ပါတယ်။ နေမကောင်းနေတဲ့အချိန် အဖျားသွေးရှိနေချိန်တွေမှာသွေးပေါင်ချိန်မြင့်တာက ဖြစ်တတ်တဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး ဒီအနေအထားကိုသွေးတိုးတယ်လို့ မဆိုသာပါဘူး။ အဖျားသွေးကျသွားတဲ့အခါ သွေးပေါင်ချိန်က ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။ပြောချင်တဲ့ လိုရင်းကတော့ ကလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ အရွယ်တိုင်းက သွေးတိုးနိုင်တယ်ဆိုတာပါ။

သွေးတိုးနိုင်ခြေ ပုံမှန်ထက်ပိုများနေသူတွေက ဘယ်သူတွေလဲ…..

သွေးတိုးတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီအခြေအနေရှိသူတွေက ပုံမှန်ထက်သွေးတိုးနိုင်ခြေ ပိုများပါတယ်။

အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန်

အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန်တွေက

  • အသက် ၁ လကနေ ၁၂ လအတွင်း အပေါ်သွေး ၇၅ ကနေ ၁၀၀ ကြား၊အောက်သွေး ၅၀ ကနေ ၇၀ ကြား
  • အသက် ၁ နှစ်ကနေ ၄ နှစ်အတွင်း အပေါ်သွေး ၈၀ ကနေ ၁၁၀ ကြား၊အောက်သွေး ၅၀ ကနေ ၈၀ ကြား
  • အသက် ၃ နှစ်ကနေ ၅ နှစ်အတွင်း အပေါ်သွေး ၈၀ ကနေ ၁၁၀ ကြား၊အောက်သွေး ၅၀ ကနေ ၈၀ ကြား
  • အသက် ၆ နှစ်ကနေ ၁၃ နှစ်အတွင်း အပေါ်သွေး ၈၅ ကနေ ၁၂၀ ကြား၊အောက်သွေး ၅၅ ကနေ ၈၀ ကြား ကပုံမှန်ရှိသင့်တဲ့သွေးပေါင်ချိန်ပါ။

အသက်အရွယ်ကြီးလာမှုအလိုက်သွေးပေါင်ချိန်ကလည်းပြောင်းလဲလာနိုင်ပါတယ်။

သွေးတိုးရဲ့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ…….

ကလေးက ငယ်ငယ်မှာကတည်းကသွေးတိုးရောဂါခံစားနေရတာကိုသေချာဂရုမစိုက်ပေးဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့ အရွယ်ရောက်လာတဲ့အခါ

  • လေဖြတ်တာ
  • ရုတ်တရက်နှလုံးရပ်တာ
  • နှလုံးရောဂါခံစားရတာ
  • ကျောက်ကပ်ရောဂါခံစားရတာတွေဖြစ်လာနိုင်ပါတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်

ကိုယ့်ရဲ့ ကလေးကိုသွေးတိုးရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုသွေးတိုးမဖြစ်စေဖို့ဆိုရင်

  • ကလေးရဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပါ
  • ကျန်းမာရေးနဲ့ညီညွတ်အောင်ကျွေးပေးပါ
  • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းပါ
  • အိပ်ရေးဝဝအိပ်စေပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေပူပူမှာ သွေးတိုးရှိသူ တွေ ဘာစားကြမလဲ

ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ