backup og meta

ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။

တချို့ မိသားစုတွေ ရှိပါတယ်။ ဖေဖေ မေမေတို့က ကားမမူးတတ်ဘူး။ သားသားမီးမီးလေးတွေ ကျမှ ကားမူးတတ်နေတော့ ခရီးသွားဖို့ အဆင်မပြေ။ မသွားမဖြစ်လို့ ခေါ်သွားပြန် ရင်လည်း ကားပေါ်မှာ ကလေးတွေက မူးပြီးအန်၊ တစ်ချိန်လုံး ဂျီကျပြီး ငိုနဲ့ ကားပေါ်ပါလာတဲ့ သူတွေ ဝိုင်းနှာခေါင်းရှုံ့တာ ခံရမယ့် အပြင် ခရီးစဉ် တစ်လျှောက်လုံး တစ်ချက်မှ နားရမှာကို မဟုတ်ဘူးနော်။ ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အောက်က အချက်တွေကို လိုက်နာကြည့်ပါနော်။

ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။

အရင်ဆုံးကားဘာ့ကြောင့် မူးရတာလဲဆိုတတာ သိဖို့ လိုအပ်ပါတယ်။

ကားမူးတယ် ဆိုတာ ကိုယ်ခန္ဓာက လှုပ်ရှားမှုကို ဦးနှောက်ဆီ ပေးတဲ့ အခါ မျက်လုံးက ပေးပို့တဲ့ အချက်ပြစနစ်၊ နားအတွင်းက ပေးပို့တဲ့ အချက်ပြစနစ်တို့ မညီမျှလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီတော့ ဒီစနစ်ကို ပြန်ထိန်းနိုင်မှာ ကားမူးတာ သက်သာမှာ ဖြစ်ပါတယ်။

ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။

ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီ ဆိုရင်တော့ ဒီအချက်လေးကို ပြင်ဆင်လိုက်ပါ။

  • ကလေး အိပ်ရေးဝစေဖို့ ညတည်းက ကလေးကို စောစော အိပ်ခိုင်းပါ။ ခရီး သွားရတော့ မယ်ဆို ကလေးတွေက ပိုပြီး စိတ်လှုပ်ရှားတတ်ကြတယ် မလား။
  • ကလေးဝတ်ဖို့ အဝတ်အစား ရွေးချယ်တဲ့ အခါ မှာလည်း သက်သာချောင်ချိတဲ့ အဝတ်အစားတွေကို ဦးစားပေး ရွေးချယ်ပါ။
  • ခရီး သွားခါနီး ကလေးကို အစားတွေ အများကြီး မကျွေးသင့်သလို ပြန်အန်မှာ စိုးလို့ ဘာမှ မကျွေးဘဲ ထားလို့လည်း မရပြန်ပါဘူး။အစား များရင် ပြန်အန်ချင်သလို ဘာမှ မစားထားတဲ့ ဗိုက်ဟောင်းလောင်း ကလည်း မူးဝေပျို့အန်ခြင်းကို ပိုဖြစ်စေဦးမှာပါ။ ဒီတော့ သင့်တင့်တဲ့ ပမာဏ ကလေးကို ကျွေးဖို့ လိုအပ်ပါတယ်။
  • ကိုယ်ကျွေးလိုက်တဲ့ အစာတွေက အစာကြေဖို့ မလွယ်တာ၊ အဆီ များတာ၊ အနံ့ ပြင်းတာမျိုး မဖြစ်စေဖို့တော့ အရေးကြီးပါတယ်။
  • ကားပေါ်မှာ ကလေးကို ပြတင်းပေါက်ဘက် အခြမ်း ပေးထိုင်ပါ။
  • ကားပေါ်မှာ ပြတဲ့ ရုပ်ရှင်တွေ ကြည့်တာ၊ ဖုန်းပွတ်တာ၊ ဂိမ်းဆော့တာတွေက ကားမူးအောင် လှုံ့ဆော်ပေးသလို ဖြစ်တာကြောင့် ကလေးကို ပေးမကြည့်ပါနဲ့။ ဒါတွေ လုပ်ရင် ကား ပိုမူးတယ် ဆိုတာ သေချာ နားလည်အောင် ရှင်းပြပါ။ ကလေးတွေက မလုပ်ခိုင်းလေ ပိုလုပ်ချင်လေ မလား။
  • နောက်ပြီး ကလေး ကြိုက်တဲ့ သကြားလုံးလေးတွေ၊ သစ်သီးလေးတွေ ဆောင်သွားပါ။
  • နောက်ဆုံး နဲ့ အရေးအကြီးဆုံး အချက်ကတော့ ကားမူးပျောက်ဆေး ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှု ဘက်ညီအောင် ထိန်းဖို့ဆိုရင် Dimenhydranate ပါတဲ့ ကားမူးပျောက်ဆေးကသာ အဓိကပါ။ ကလေးအသက် ၂နှစ်ကစပြီး တိုက်လို့ ရပါတယ်။ ကားပေါ် မတက်ခင် ၁နာရီမှာ ကြိုတိုက်ထားပြီး ခရီးဝေးသွားမယ်ဆို ၆နာရီကြာတိုင်းမှာ ထပ်သောက်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေနဲ့ဆိုရင် ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်ဖို့ မလိုတော့ပါဘူး။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/motion-sickness

Accessed Date 3.9.2019

https://www.medicalnewstoday.com/articles/176198.php

Accessed Date 3.9.2019

ယခုပုံစံ

25/09/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား

ကားမူးပျောက်ဆေးတစ်ခုမှာ မပါမဖြစ်တဲ့ ပစ္စည်းလေးက ဘာများလဲ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/09/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ