backup og meta

ကိုယ်ဝန်ကြောင့် မူးဝေအော့အန်ချိန်မှာ ဆောင်သင့် ရှောင်သင့်တဲ့ အချက်တွေ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ကြောင့် မူးဝေအော့အန်ချိန်မှာ ဆောင်သင့် ရှောင်သင့်တဲ့ အချက်တွေ။ ။

    ကိုယ်ဝန်နုတဲ့အချိန်လို့ ဆိုကြတဲ ကိုယ်ဝန်ပထမ ၃ လဟာ မေမေတို့ ဝေဒနာတွေ အခံစားရဆုံ ကာလဆို မမှားပါဘူး။ မနက်ပိုင်း ပြင်းထန်စွာ ပျို့အန်တာနဲ့ အစားစားချင်စိတ်မရှိတဲ့ ဝေဒနာကတော့ အဆိုးဆုံးပေါ့။ ဘာမှမလုပ်ချင် မကိုင်ချင် အန်ပဲ အန်ချင်နေပြီး အရင်တုန်းက ကြိုက်လှပါချည်ရဲ့ ဆိုတဲ့ အစားအသောက်တွေကိုတောင် မြင်လိုက်တာနဲ့ ပျို့ချင်နေတဲ့ ခံစားမှုကြီးက တော်တော်ဆိုးပါတယ်နော်။

    ဒီလို မူးဝေပျို့အန်ချင်တာကို ကိုယ်ဝန်ဆောင်တိုင်း ဘာ့ကြောင့် ကြုံတွေ့ရတာလဲ ။ ။

    ကိုယ်ဝန်ရတဲ့အခါ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်တွေဖြစ်တဲ့

    • Oestrogen ခေါ် မဟော်မုန်း များလာတာ
    • ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲလာတာ
    • သွေးပေါင်ချိန်တွေ ကျလာတာ
    • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလာတာတွေက မမဗိုက်တို့ကို အဓိက မူးဝေစေတဲ့ တရားခံတွေပါ။

    ကိုယ်ဝန်ရလာရင် ဒီလို မူးဝေ ပျို့အန်ချင်တာက ရှောင်လွဲလို့ မရနိုင်ဘူးဆိုတော့ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာတွေကို အကြံပေးချင်ပါတယ်။ ဆောင်သင့် ရှောင်သ့င်တဲ့ အချက်လေးတွေပေါ့ ။။

    ဒါတွေလုပ်ပါ။ ။

    • အစားကို နည်းနည်းစီ အကြိမ်ရေ များများစားပါ။
    • အစားမစားခင် နာရီဝက်နဲ့ အစားပြီး ၁နာရီလောက်ကြာမှ ရေသောက်ပါ။ အစားစားချိန် ရေမသောက်ပါနဲ့။
    • ရေဓာတ်ခမ်းခြောက်တာကို ကာကွယ်ဖို့အတွက် ရေကိုလည်း နည်းနည်းချင်းစီ အကြိမ်ရေ များများသောက်ပေးပါ။
    • အိပ်ရာက နိုးနိုးချင်း crackers ၂ ချပ်လောက်စားပါ။
    • ဟင်းချက်တဲ့နေရာက အညှော်တွေ အနံ့တွေကြောင့် မူးဝေပျို့အန်ချင်တာ ပိုဖြစ်စေတဲ့အတွက် မီးဖိုချောင်ပြတင်းပေါက်တွေ ဖွင့်ထားပါ။
    • အစားအသောက်တွေကရတဲ့ အနံ့တွေကို ရှောင်နိုင်ဖို့ အစားအစာတွေကို ပူပူချင်းမစားပါနဲ့။ အအေးခံပြီးမှ စားပါ။
    • အိပ်ရေးပျက်ရင် ပိုပြီး မူးဝေစေနိုင်တဲ့အတွက် အိပ်ချိန်ပြည့်ဝအောင် အိပ်ပါ။ နေ့လည်ခင်းတွေမှာလည်း တရေးအိပ်ပါ။
    • ပူအိုက်စွတ်စိုတဲ့ နေရာတွေကို ရှောင်ပါ။ ပူအိုက်ခြင်းက နုန်းခွေခြင်းနဲ့ မူးဝေခြင်းကို ပိုဖြစ်စေနိုင်တာကြောင့်ပါ။
    • သံပုရာရည်တို့ ဖရဲသီးဖျော်ရည်တို့က မူးဝေခြင်းကို သက်သာစေပြီး လန်းဆန်းစေမှာ အသေအချာပါ။
    • မူးလို့ဆိုပြီး တစ်ချိန်လုံးအိပ်နေရင် ပိုပြီး ခေါင်းနောက်စေနိုင်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပါ။ သွေးလည်ပတ်မှုလည်း ကောင်းစေလို့ ကိုယ်ဝန်ကြောင့် ဖောရောင်ခြင်းတွေ လည်း သက်သာသွားမှာပါ။

    ဒါတွေ မလုပ်ပါနဲ့။ ။

    • စားပြီးပြီးချင်း မအိပ်ပါနဲ့။ အစာမကြေ စေတဲ့အပြင် နေရထိုင်ရတာ သက်တောင့်သက်သာ မရှိဖြစ်စေပါတယ်။
    • အစားစားချင်စိတ်မရှိလို့ အန်ချင်နေလို့ဆိုပြီး မစားဘဲလည်း မနေပါနဲ့။ ကိုယ့်အတွက်မဟုတ်တောင် ဗိုက်ထဲက ကလေးအတွက် စဉ်းစားပြီး စားပါ။
    • အပူအစပ် တွေ မစားပါနဲ့။

    ဒါတွေကတော့ ကိုယ်ဝန်ကြောင့် ပျို့ချင်အန်ချင်နေတဲ့ မေမေတိုင်း ရှောင်သင့် ဆောင်သင့်တဲ့အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ကြောင့် ပျို့အန်မူးဝေချင်တတ်တာ အိမ်မှာတင်သက်သာသွားကြတဲ့များပေမယ့် ခုပြောမယ့် အချက်တွေရှိရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပါ။

    • ပြင်းထန်စွာ ပျို့အန်ပြီး အစားတောင်မစားနိုင်တော့ရင်
    • ပျို့အန်တာနဲ့အတူ ဖျားနာတာ၊ ဗိုက်အောင့်တာတွဲရှိနေရင်
    • ကိုယ်ဝန် ပထမ ၃လ ( ၁၂ပတ်) ကျော်တာတောင် ပျို့အန်တဲ့ ပြဿနာဆက်ရှိနေရင် ဆရာဝန်ဆီ သွားပြီး ဆေးကုသမှု ခံယူသင့်ပါတယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement