အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။
အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။
အာဟာရ ချို့တဲ့ခြင်း ဆိုတာက အာဟာရကို လုံလောက်ပြည့်မီအောင် မရရှိတာမျိုးဖြစ်နိုင်သလို အာဟာရကို မျှမျှတတ် မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အာဟာရ ချို့တဲ့မှု ဆိုတဲ့ စကားရပ်ထဲမှာ
ကလေးတွေမှာ အာဟာရ ချို့တဲ့မှု ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ရပ်ကတော့ ဆင်းရဲမွဲနေမှုပါ။ အခြေခံ နဲ့ အလယ်အလတ် ဝင်ငွေ ရှိလူတန်းစား များတဲ့ နိုင်ငံအများစုမှာ ကလေးအရွယ်မှာ အာဟာရ မပြည့်ဝတာကြောင့် သေဆုံးနေနရတဲ့ ကလေးငယ်တွေ အများအပြားရှိနေပါတယ်။ အစားအစာတွေကို လုံလောက် ပြည့်ဝအောင် မစားသုံးရတာကြောင့် အာဟာရချို့တဲ့တာပါ။
နောက်တစ်ချက်ကတော့ အစားအစာတွေက လုံခြုံဘေးကင်းမှု အားနည်းတာပါ။ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေကြောင့် အစားအစာတွေရဲ့ အာဟာရတန်ဖိုးတွေ ပျက်စီးတာကလည်း အာဟာရ လုံလောက်စွာ ရရှိစေရေးမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
အခြား အကြောင်းအရင်းတွေကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ၊ ထိရောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေဆိုးနုတ်စနစ် မရှိတာတွေကြောင့်လည်း ကလေးတွေမှာ အာဟာရ မပြည့်မီတာကို ခံစားကြရတာပါ။ ရာသီဥတု မမှန်တာ၊ မိုးခေါင်ရေရှားတာတွေကြောင့်လည်း အာဟာရချို့တဲ့မှုတွေကို ခံစားလာကြရပါတယ်။
နောက်ပြီး မိခင်တွေက ကလေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်တာကြောင့်ပါ။ ဒါက ဆင်းရဲချမ်းသာနဲ့ မဆိုင်ဘဲ ကလေးကို စားချင်တာစားဆိုပြီး လွှတ်ထားတဲ့အတွက် ကလေးက အာဟာရမမျှတတာ၊ အဝလွန်တာတွေ ဖြစ်လာပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ ပြည့်ပြည့်ဝဝ မရရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိတာကလည်း ကလေးလေးတွေကို အာဟာရချို့တဲ့စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

ကလေးတွေ အာဟာရ ချို့တဲ့တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- အသက်အရွယ်အလိုက် ရှိသင့်တဲ့ အရပ်ထက် ပုနေမယ်
- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေမယ်
- မကြာခဏ ဖျားနာမယ်
- စိတ်ဖိစီးမှု များနေမယ်
- အရေပြားက ဖျော့တော့ပြီး ခြောက်သွေ့နေမယ်
- အရေပြားက ထိခိုက်လွယ်မယ်
- အင်ပြင်တွေ ဖြစ်မယ်
- အသားအရောင် ပြောင်းမယ်
- ဆံပင်ကျဲပါးမယ်
- ဆံပင်ကျွတ်လွယ်မယ်
- အဆစ်တွေ နာတယ်
- အရိုးကျိုးလွယ်မယ်
- သွားဖုံးတွေက သွေးထွက်မယ်
- လျှာတွေ ကွဲနေမယ်၊ ရောင်နေမယ်
- အလင်းဒဏ်ကို မခံနိုင်ဘူး ဖြစ်မယ်
- ပင်ပန်းလွယ်မယ်
- ကိုယ်အလေးချိန်များနေပေမယ့်လည်း ကလေးက ခဏခဏ နေမကောင်းဖြစ်ပါမယ်