အမျှင်ဓာတ် (fibres) တွေက အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက်အကူပြုပြီး ဝမ်းမှန်စေပါတယ်။ တကယ်လို့ ကလေးရဲ့နေ့စဉ်အာဟာရမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ သိပ်မပါရင်လည်း ဝမ်းချုပ်စေနိုင်ပါတယ်။ ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပန်းသစ်တော်သီး၊ ပန်းသီး စတဲ့ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို ပုံမှန်ထည့်ကျွေးသင့်ပါတယ်။
ရေသောက်နည်းလို့
အမျှင်ဓာတ်နဲ့အတူပဲ ရေကလည်း အူလမ်းကြောင်း ကောင်းစွာ လှုပ်ရှားဖို့အတွက် အထောက်အကူကြီးကြီးမားမားဖြစ်စေပါတယ်။ ရေဓာတ်နည်းပါးတဲ့အခါ အူလမ်းကြောင်းလှုပ်ရှားမှု နည်းပြီး ဝမ်းချုပ်ပါတယ်။
ဝမ်းချုပ်တာကို Probiotic ကဘယ်လို ကူညီဖြေရှင်းပေးမလဲ
Probiotic လေးတွေက အကျိုးပြုဘက်တီးရီးယားဆိုတဲ့ အမည်အတိုင်း အစာအိမ်နဲ့အူလမ်းကြောင်း အတွက် အရေးပါတာမို့ ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေ အကုန်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာအပြင် ဝမ်းပျက်ဝမ်းလျှောတာကိုပါ ကူညီဖြေရှင်းပေးနိုင်ပါတယ်။
အကျိုးပြုဘက်တီးရီးယားလေးတွေက အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို မြင့်တက်စေပြီး ဝမ်းတွေကို ပျော့စေပါတယ်။ ဒီအတွက်ကြောင့် ဝမ်းချုပ်တတ်တဲ့ ကလေးတွေအတွက်ဆိုရင် အကျိုးပြု ဘက်တီးရီးယားတွေက မရှိမဖြစ်ပါပဲ။
Probiotic တွေကို ဒိန်ချဉ် အပါအဝင် အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေကနေ ရရှိနိုင်ပါတယ်။
ကလေးတွေအတွက်ဆိုရင်တော့ probiotics ဖြည့်စွက်ထားတဲ့ အာဟာရနို့မှုန့်တွေလည်း တိုက်ကျွေးနိုင်ပါတယ်။
Probiotics တွေအများကြီးရှိတဲ့ထဲက L.comfortis ဆိုတဲ့အမျိုးအစားက ကလေးတွေနဲ့ အထူးသင့်လျော်ပါတယ်။ အကျိုးပြုဘက်တီးရီးယား Lactobacilli မျိုးနွယ်ဝင်ဖြစ်တဲ့ L.comfortis ကို အာဟာရနို့မှုန့်ကနေ လွယ်လွယ်ကူကူ ရရှိနိုင်တယ်လေ။ ဝမ်းပြဿနာတွေကို ဖြေရှင်းပေးတဲ့ L.comfortis ကြောင့်ပဲ ကလေးရဲ့ ဗိုက်အောင့်၊ ဗိုက်နာ၊ လေထိုးလေအောင့် စတဲ့ ဝမ်းချုပ်ခြင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်မှာပါ။ အစာခြေစနစ် အားကောင်းကျန်းမာလာပြီး ဝမ်းချုပ်ခြင်းကင်းတဲ့အပြင် ကိုယ်ခံအားစနစ်လည်း ပိုကောင်းမွန်လာနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားသာ ပြည့်ဝလုံလောက်မယ် ဆိုရင် ဝမ်းတစ်လုံးကောင်းလို့ ပြုံးပျော်ရွှင်နေရတဲ့ သားသားမီးမီးတွေကို မြင်တွေ့ရမှာ အမှန်ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။