backup og meta

အူလမ်းကြောင်းရောင်ရမ်းသောရောဂါအတွက်ရှောင်သင့်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူလမ်းကြောင်းရောင်ရမ်းသောရောဂါအတွက်ရှောင်သင့်သော အစားအစာများ

    အစာအိမ်ရောဂါများသည် အစားအသောက်ကြောင့် အများဆုံးဖြစ်သောကြာင့် ရှောင်သင့်သည်ကိုရှောင်နိုင်မှ သင့်ရောဂါကို ထိန်းချုပ်နိုင်လိမ့်မည်။ အထူးသဖြင့် အူရောင်ရောဂါရှိသူများအတွက် အစားအသောက်ရွေးချယ်မှုသည် အရေးကြီးပါသည်။

    အူလမ်းကြောင်းရောင်ရမ်းသောရောဂါဆိုတာ ဘာလဲ။

    အူလမ်းကြောင်းရောင်ရမ်းသောရောဂါဆိုသည်မှာ အူသိမ်တွင် အနာဖြစ်သော ရောဂါဖြစ်သည်။.ထိုရောဂါသည် မည်သည့်အသက်ရွယ်တွင်မဆိုဖြစ်နိုင်သော်လည်း အသက်၃၀ ဝန်းကျင်တွင်အဖြစ်များပြီး အမျိုးသားများတွင်ပို ဖြစ်တတ်သည်။

    အူလမ်းကြောင်းရောင်ရမ်းသောရောဂါ တွင် ခရုန်းအမည်ရှိအူရောင်ရောဂါနှင့် အူမကြီးအနာဖြစ်သောရောဂါဟူပြီး ၂မျိုးပါဝင်သည်။

    ခရုန်းအူရောင်ရောဂါ

    ခရုန်းအူရောင်ရောဂါသည် အူသိမ်နှင့် အူမကြီးတို့တလျှောက် မည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ ရောင်ရမ်းမှုသည် အူနံရံအတွင်းထိဖြစ်ပြီး ဝမ်းလျှောခြင်း၊ အူများသိမ်သွားခြင်၊ ဂရင်ဂျီနာဖြစ်ခြင်း၊ အစာအာဟာရများ မစုပ်ယူနိုင်ခြင်း စသည်တို့ ခံစားရပါသည်။ ခရုန်းရောဂါသည် ခွဲစိတ်ကုသသော်လည်း ပြန်ဖြစ်နိုင်ချေများပါသည်။

    အူမကြီးအနာဖြစ်သော အူရောင်ရောဂါ

    ၎င်းသည် အူမကြီးကို ထိခိုက်သော ရောဂါဖြစ်ပြီး သွေးဝမ်းသွားခြင်းဖြစ်စေသည်။ ခရုန်းနှင့်မတူသော အချက်မှာ ထိုရောဂါသည် အူနံရံတခုလုံးမဖြစ်သည့်အတွက် ခွဲစိတ်ကုသလျှင်ပျောက်နိုင်ချေများပါသည်။

    အူရောင်သော ရောဂါများကို ပျောက်ကင်းစေသော အစားအစာမရှိသော်လည်း အနာဖြစ်ခြင်းနှင့် အူရောင်ခြင်းကို ကာကွယ်ရန် မှန်ကန်သော အစားအသောက်နှင့် ဆရာဝန်ညွှန်ကြားသောဆေးများကို မှန်မှန်မှီဝဲသင့်သည်။

    အူလမ်းကြောင်းရောင်ရမ်းသောရောဂါဖြစ်လျှင် ဘယ်လိုစားသောက်နေထိုင်သင့်သလဲ။

    အောက်ပါတို့သည် ရှောင်ရှားသင့်သော အစာများဖြစ်ပါသည်။

    သင့်ရောဂါကိုပိုဆိုးစေတတ်သော ဓါတ်မတည့်သည့် အစားအစာများ

    အူရောင်ရောဂါရှိသူများသည် သူတို့၏ခန္ဓါကိုယ်ထဲရှိကိုယ်ခံအားစနစ်မမှန်ကန်စွာ တုန့်ပြန်မှုကြောင့် ဓါတ်မတည့်သော အစားအစာများရှိပါသည်။ သင်နှင့် မတည့်သော အစားအစာများကို ရှောင်ပါ။

    အသီးများကို အခွံမနွှာဘဲစားခြင်းနှင့် အရွက်များကို အစိမ်းစားခြင်း

    အသီးအရွက်များသည် အမျှင်ဓါတ်ကြွယ်ဝစွာပါခြင်းကြောင့် သင့်အစာအိမ်သည် ရောဂါကြောင့် အစာချေနိုင်စွမ်းမကောင်းသောအခါ သင့်ရောဂါလက္ခဏာများပိုဆိုးလာစေပါသည်။ ထို့ကြောင့် အသီးအရွက်များကို ပေါင်းခြင်း၊ ပြုတ်ခြင်း ပြုလုပ်ပြီးမှသာစားသင့်သည်။

    အမျှင်ဓါတ်

    ယေဘူယျအားဖြင့် ဂေါ်ဖီ ၊ ပန်းစိမ်း ၊ ပန်းဂေါ်ဖီနှင့် ပြောင်းဖူး၊ ပေါက်ပေါက်ဆုပ်နှင့် အစေ့အဆန်များသည် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သည်။ သင်သည် ရောဂါကြောင့် အူသိမ်ခြင်းဖြစ်နေပါက အမျှင်ဓါတ်ကြွယ်ဝသော အစားအစာများကို လျှော့စားသင့်သည်။

    အစေ့အဆန်များ၊ ပဲများ နှင့် ပေါက်ပေါက်ဆုပ်များ

    ထိုအစားအစာများသည် အဆီဓါတ်နှင့် ပရိုတင်းဓါတ်ကြွယ်ဝခြင်းကြောင့် အအာဟာရဓါတ်ကြွယ်ဝသော်လည်း သင့်အစာအိမ်တွင် အစာချေရခက်ခဲစေပါသည်။

    ကဖိန်းဓါတ်နှင့် အရက်

    အရက်နှင့် ကဖိန်းပါဝင်သော အစားအစာများ သည် ဝမ်းလျှောစေပြီး ရောဂါကိုပိုဆိုးစေသည်။ ဂက်စ်ပါဝင်သော စူးရှသည့် ဖျော်ရည်များသည်လည်း သင့်ကို ဗိုက်နာစေနိုင်သည်။ ထို့ကြောင့် နေ့စဉ်ရေကိုသာများများသောက်သင့်ပါသည်။

    နို့နှင့် နို့ထွက်ပစ္စည်းများ

    Lactose ဓါတ်မတည့်သူများ နှင့် အူရောင်ရောဂါရှိသူများ အတွက် နို့ထွက်ပစ္စည်းများသည် ဝမ်းလျှောခြင်း နှင့် ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေသည့် အတွက် ရှောင်ကျဉ်သင့်ပါသည်။

    ပမာဏများစွာ တပြိုင်နက်စားခြင်း

    တနေ့လျှင် ၂-၃ ကြိမ် ပမာဏများစွာစားခြင်းထက် တနေ့လျှင် ၅-၆ ကြိမ် ပမာဏနည်းနည်းစီ စားလျှင် သင့်အတွက် ပိုကောင်းစေပါသည်။

    သင်စားနေသော အစားအစာများသည် သင့်ရောဂါအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ စားသောက်နေထိုင်ပုံ မှန်ကန်စွာရှိခြင်းသည် သင့်ရောဂါကို မပျောက်ကင်းနိုင်သောလည်း ရောဂါပိုမဆိုးလာရန်နှင့် ထပ်မဖြစ်နိုင်ရန် ကာကွယ်ပေးသည်။

    သင်သည် အစားစာအချို့ကို ရှောင်ရလျှင်လည်း ၎င်းနှင့် အာဟာရဓါတ်တူညီသော အခြားသော အစားအစာများစားသုံးခြင်း၊ ဖြည့်စွက်စာများမှီဝဲခြင်းဖြင့် သင့်ကျန်းမာရေးကို ကောင်းမွန်အောင်နေထိုင်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement