backup og meta

ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

    ကလေးက ဝမ်းပုံမှန်မသွားလို့ မေမေတို့ စိတ်ညစ်နေရပြီလား။ ဝမ်းသွားဖို့ တည်လည်း အကြောက်အကန် ငြင်းနေပြန်တော့ အခက်တွေ့ရပြန်ရော။ ဝမ်းချုပ်ပြီဆို ဝမ်းသွားချင်လည်း မသွားနိုင်လို့ ငိုနေရတဲ့မျက်နှာလေးရယ်၊ လေထိုးလေအောင့် ဖြစ်လာလို့ ခံစားရတာတွေရယ်၊ ဝမ်းသွားတဲ့အချိန် မျက်ရည်လည်ရွှဲနဲ့ ဖြစ်ရတာတွေရယ် မေမေတို့ မြင်တွေ့ချင်မှာမဟုတ်ပါဘူး။

    ကလေးတွေမှာ ဝမ်းချုပ်ဝေဒနာခံစားရတဲ့အခါမှာ ကလေးက –

    • အစားကောင်းကောင်းမစားဘူး၊
    • တစ်ပတ်ကို အများဆုံး သုံးကြိမ်လောက်ပဲဝမ်းသွားတာ၊
    • သွားတဲ့ဝမ်းက မာကျစ်ပြီး စမြင်းတုံးခံနေတာ၊
    • ဗိုက်အောင့်တာ၊
    • အိမ်သာတက်ဖို့တောင် မကြိုးစားချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။

    ဘာလို့ဝမ်းချုပ်ရတာလဲ

    အစာခြေစနစ်နဲ့ အူလမ်းကြောင်း မကျန်းမာလို့

    အစာခြေစနစ်ဆိုတာ အစာကိုချေဖျက်ပြီး အူလမ်းကြောင်းတလျှောက် အာဟာရစုပ်ယူ၊ စနစ်တကျစွန့်ထုတ်ပေးတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းရဲ့လုပ်ဆောင်ချက်တစ်ခုလုံးကို ဆိုလိုပါတယ်။ အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေရင် ဝမ်းချုပ်နိုင်ပါတယ်။

    အကျိုးပြုဘက်တီးရီးယားတွေ မလုံလောက်လို့

    အစာခြေစနစ်ထဲမှာ သဘာဝအလျောက်ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို Probiotic လို့ခေါ်ပါတယ်။ သူတို့လေးတွေက အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုကောင်းမွန်စေဖို့ အားဖြည့်ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ ဝမ်းပြဿနာအတွက် ကိုယ်ရံတော်လေးတွေလို့ ဆိုနိုင်ပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ အူလမ်းကြောင်းပါ နည်းပါးနေတဲ့အခါလည်း ဝမ်းချုပ်ပါတယ်။

    အမျှင်ဓာတ် စားသုံးမှုနည်းလို့

    အမျှင်ဓာတ် (fibres) တွေက အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက်အကူပြုပြီး ဝမ်းမှန်စေပါတယ်။ တကယ်လို့ ကလေးရဲ့နေ့စဉ်အာဟာရမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ သိပ်မပါရင်လည်း ဝမ်းချုပ်စေနိုင်ပါတယ်။ ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပန်းသစ်တော်သီး၊ ပန်းသီး စတဲ့ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို ပုံမှန်ထည့်ကျွေးသင့်ပါတယ်။

    ရေသောက်နည်းလို့

    အမျှင်ဓာတ်နဲ့အတူပဲ ရေကလည်း အူလမ်းကြောင်း ကောင်းစွာ လှုပ်ရှားဖို့အတွက် အထောက်အကူကြီးကြီးမားမားဖြစ်စေပါတယ်။ ရေဓာတ်နည်းပါးတဲ့အခါ အူလမ်းကြောင်းလှုပ်ရှားမှု နည်းပြီး ဝမ်းချုပ်ပါတယ်။

    ဝမ်းချုပ်တာကို Probiotic ကဘယ်လို ကူညီဖြေရှင်းပေးမလဲ

    Probiotic လေးတွေက အကျိုးပြုဘက်တီးရီးယားဆိုတဲ့ အမည်အတိုင်း အစာအိမ်နဲ့အူလမ်းကြောင်း အတွက် အရေးပါတာမို့ ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေ အကုန်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာအပြင် ဝမ်းပျက်ဝမ်းလျှောတာကိုပါ ကူညီဖြေရှင်းပေးနိုင်ပါတယ်။

    အကျိုးပြုဘက်တီးရီးယားလေးတွေက အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို မြင့်တက်စေပြီး ဝမ်းတွေကို ပျော့စေပါတယ်။ ဒီအတွက်ကြောင့် ဝမ်းချုပ်တတ်တဲ့ ကလေးတွေအတွက်ဆိုရင် အကျိုးပြု ဘက်တီးရီးယားတွေက မရှိမဖြစ်ပါပဲ။

    Probiotic တွေကို ဒိန်ချဉ် အပါအဝင် အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေကနေ ရရှိနိုင်ပါတယ်။

    ကလေးတွေအတွက်ဆိုရင်တော့ probiotics ဖြည့်စွက်ထားတဲ့ အာဟာရနို့မှုန့်တွေလည်း တိုက်ကျွေးနိုင်ပါတယ်။

    Probiotics တွေအများကြီးရှိတဲ့ထဲက  L.comfortis ဆိုတဲ့အမျိုးအစားက ကလေးတွေနဲ့ အထူးသင့်လျော်ပါတယ်။ အကျိုးပြုဘက်တီးရီးယား Lactobacilli မျိုးနွယ်ဝင်ဖြစ်တဲ့ L.comfortis ကို အာဟာရနို့မှုန့်ကနေ လွယ်လွယ်ကူကူ ရရှိနိုင်တယ်လေ။ ဝမ်းပြဿနာတွေကို ဖြေရှင်းပေးတဲ့ L.comfortis ကြောင့်ပဲ ကလေးရဲ့ ဗိုက်အောင့်၊ ဗိုက်နာ၊ လေထိုးလေအောင့် စတဲ့ ဝမ်းချုပ်ခြင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်မှာပါ။ အစာခြေစနစ် အားကောင်းကျန်းမာလာပြီး ဝမ်းချုပ်ခြင်းကင်းတဲ့အပြင် ကိုယ်ခံအားစနစ်လည်း ပိုကောင်းမွန်လာနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားသာ ပြည့်ဝလုံလောက်မယ် ဆိုရင် ဝမ်းတစ်လုံးကောင်းလို့ ပြုံးပျော်ရွှင်နေရတဲ့ သားသားမီးမီးတွေကို မြင်တွေ့ရမှာ အမှန်ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement