ဒူးရင်းသီးတွင်ပါဝင်သော အာဟာရများ

ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဒူးရင်းသီးစားရင် အခုလို အာဟာရဓါတ်လေးတွေရနိုင်ပါတယ်။

100 gram (သုံးမွှာခန့်) တွင်

  • ကယ်လ်လိုရီ – ၁၄၇ ကယ်လိုရီ
  • Carbohydrate (ကာဗိုဟိုက်ဒရိတ်) – ၂၇ ဂရမ်
  • Protein (ပရိုတင်း) -၁.၅ ဂရမ်
  • Fat (အဆီဓါတ်) – ၅ ဂရမ်
  • Sodium (ဆိုဒီယမ်) – ၂ mg
  • Potassium (ပိုတက်ဆီယမ်) – ၄၃၆ mg

ပိုတက်ဆီယမ် (Potassium) ပါဝင်မှု များတဲ့ အတွက် ကျောက်ကပ်ရောဂါဝေဒနာရှင် များ သတိထားစားဖို့တော့လိုပါတယ်။

Glycemic Index (သကြားပါဝင်မှု) မြင့်တဲ့ အတွက် ဆီးချိုရောဂါဝေဒနာရှင်များလည်း သတိထားစားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားပါ။

ဒူးရင်းသီးစားရင်ဘာတွေ ကောင်းပြီး ဘာတွေ မကောင်းဘူးလဲ

ဝမ်းပုံမှန်သွားစေခြင် – ဒူးရင်းသီးမှာ အမျှင်ဓါတ်များတဲ့ အတွက် ဝမ်းပုံမှန်သွားစေပါတယ်။

အရိုးသန်မာစေခြင်း – ကယ်လ်ဆီယမ်(ထုံးဓါတ်) နှင့် မဂ္ဂနီဆီယမ်ဓါတ်တို့ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

သွေးအားနည်းရောဂါကာကွယ်ပေးခြင်း- သံဓါတ် နှင့် ဖောလစ်အက်ဆစ်ပါတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း- အခြားသော ဗီတာမင် နှင့် သတ္တုဓါတ်တွေ ပါဝင်တဲ့အတွက် ကင်ဆာဓါတ်တိုးဆန့်ကျင်သတ္တိရှိပြီး ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

အိပ်မပျော်တဲ့ရောဂါ (insomnia) ကို သက်သာစေခြင်း – ဒူးရင်းသီးမှာ ပါတဲ့ Tryptophan က ခန္ဓါကိုယ် ထဲ မှာ serotonin အဖြစ်ပြောင်း လဲ သွားပြီး သွေးထဲ သို့ melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။

ဒူးရင်းသီးစားရင် သွေးတိုးတယ်ဆိုတာ မှန်ပါသလား

တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး ၅၀၀ ဂရမ် ၁၅ မွှာခန့် စားမိပါက ပိုတက်ဆီယမ်ဓါတ်တွေ အရမ်းများသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်း မြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိတဲ့သူတွေ အနေနဲ့ကတော့ သုံး၊လေးမွှာ ထက်ပို မစားသင့်ပါ။ ဒီအပြင် ဆီးချိုသမားတွေမှာလည်း သကြားဓါတ်ပါဝင်မှု့များတဲ့ အတွက် မစားသင့်တဲ့အသီးထဲ မှာပါပါတယ်။

ဒါဆို သူ့စားပြီးရင် ဘာလို့ အိပ်ငိုက်လာလဲ၊ ခေါင်းမူးလာလဲ

ဒါကတော့ ဒူးရင်းသီးမှာ အဆီဓါတ် အရမ်းများလို့ပါ။ စားပြီးတာနဲ့ အဆီဓါတ်တွေ ခန္ဓါကိုယ်ထဲ ရောက်လာပြီး အိပ်ငိုက်စေပါတယ်။

ဒူးရင်းသီးကို ဘာနဲ့တွဲမစားသင့်ဘူးလဲ

ကော်ဖီ နဲ့ တွဲမစားသင့်ပါ။ ကော်ဖီ မှာ ပါဝင်တဲ့ ကဖင်းဓါတ်က ရင်တုန်စေသလို၊ ဒူးရင်းသီး မှာပါတဲ့ ပိုတက်ဆီယမ်ကလည်း ရင်တုန်စေတဲ့အတွက် တွဲဖက် မစားသုံးသင့်ပါ။ ထို့အတူ ကဖင်းဓါတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာတို့နဲ့လည်းတွဲသောက်ရင် ရင်တုန်စေနိုင်ပါတယ်။

အရက်၊ ဘီယာနဲ့တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ဓါတ်ပြုကာ ဒုက္ခပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

ကျွမ်းကျင် ပညာရှင်များထံမှ Dr. Nyi Nyi Kyaw

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ

အသင့်စား အစားအစာတွေ ကိုယ်လက်လှုပ်ရှားမှု ကိုယ်အလေးချိန် ဘာစမာတီ အရွက် oatmeal အသီး မင်းဂွတ်သီး နှင်းသီး ကလီစာ ဆီ ဆား ဆီးချို ကျန်းမာတဲ့အစားအသောက်ပုံစံ

ရေးသားသူ Dr. Nyi Nyi Kyaw
မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓါတ်များ

ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ

ကလေးငယ် ဉာဏ်ရည်ဖွံ့ဖြိုးမှု အစာအာဟာရ သံဓါတ် Oatmeal Wholegrain ဒိန်ချဉ် ဘယ်ရီသီးတွေ မှတ်ဉာဏ် အာရုံကြော ပဲအမျိုးမျိုး G6PD Omega3fattyacid

ရေးသားသူ Dr. Nyi Nyi Kyaw

Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ

Oatmeal အမျှင်ဓါတ် ဓါတ်တိုးဆန့်ကျင်အာနိသင် အုတ်ဂျုံ ဆီးချို ဝမ်းမှန်စေတယ် ဗီတာမင် သတ္တုဓါတ် အကျိုးပြုဘက်တီးရီးယား အူလမ်းကြောင်း သကြားဓါတ်

ရေးသားသူ Dr. Nyi Nyi Kyaw
လေဖြတ်နိုင်ခြေကိုလျှော့ချပေးနိုင်မယ့် အစားအစာများ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ကိုယ်အလေးချိန် အသက်အရွယ် ပိန်ခြင်း ဝခြင်း အဝလွန် လေ့ကျင့်ခန်း အဝတ်အစား ခန္ဓာကိုယ် ကျန်းမာရေး ကိုယ်အလေးချိန်ထိန်းခြင်း ဝိတ်ချခြင်း အိပ်ချိန် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ

ဆီးအနံ့ ကော်ဖီ ကဖင်းဓာတ် အညစ်အကြေး အဆိပ်အတောက် ကျောက်ကပ် ဆီးလမ်းကြောင်း ရေဓာတ် ညအိပ်မပျော်ခြင်း နှလုံးခုန်နှုန်း ရင်တုန် လေ့ကျင့်ခန်း မူးဝေအော့အန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေပူ ရေနွေး ရေအေး ရေချိုးခြင်း ချွေးပေါက် အညစ်အကြေး ကြွက်သား အအေးမိဖျားနာ အရေပြား ယားယံခြင်း လေ့ကျင့်ခန်း သွေးတိုး ညောင်းညာကိုက်ခဲ ပေါ့ပါးလန်းဆန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

ကိုယ်ဝန်ဆောင်ချိန် အမျိုးသမီး အကိုက်အခဲပျောက်ဆေး အာထရာဆောင်း အစားအစာ ကော်ဖီ အိမ်မွေးတိရစ္ဆာန် အရက် ချွေးထုတ်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 mins read
ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 mins read
ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 mins read

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read