backup og meta

ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ .......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ .......

    ဘေဘီလေးက ၆ လအထိ မေမေ့နို့ တစ်မျိုးတည်းကို သောက်သုံးတယ်ဆိုပေမယ့် ၆ လ ပြည့်ပြီဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရ လိုအပ်ချက် ပြည့်မီစေဖို့ solid foodတွေ၊ အသီးအနှံလေးတွေ စကျွေးရပါမယ်။

    ဒီလိုကျွေးတဲ့အခါ အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ၊ ဆန် စတာတွေကို ညီညွတ်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ ဘေဘီလေးကို လူကြီးတွေ စားသလို ကျွေးဖို့က အဆင်မပြေပါဘူး။ ဒါကြောင့် ဘေဘီလေးနဲ့လည်း သင့်တော်ပြီး အာဟာရလည်း ပြည့်ဝစေဖို့ ဘယ်လို အသီးအနှံလေးတွေ ကို စကျွေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ …….

    ဘေဘီလေးက အသက် ၆ လ ပြည့်လို့ solid food ကို စတင် မိတ်ဆက်ပေးတဲ့အခါ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေဖို့ဆိုရင် အခုလို အသီးအနှံလေးတွေ  ပြင်ဆင်ပေးဖို့ လိုပါမယ်။ သေချာလေး နူးအိအောင် ချက်ပြုတ်ပြင်ဆင်ပေးဖို့တော့ လိုပါမယ်။

    မုန်လာဥနီ

    မုန်လာဥနီက အရောင်အသွေး လှပသလို အာဟာရလည်း ကြွယ်ဝပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဘေဘီလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းဗိုက်လေးကို ကျန်းမာစေမှာပါ။

    ဗီတာမင် A ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ပံ့ပေးပါတယ်။

    ဟင်းနုနွယ်

    အစိမ်းရောင် ရင်ရင့်လေးနဲ့ သံဓာတ် ကြွယ်ဝတဲ့ ဟင်းနုနွယ်ရွက်လေးကလည်း ဘေဘီလေးကို ခန္ဓာကိုယ်မှာ အင်အား ပြည့်စေဖို့ ထောက်ကူပေးသလို ကြီးထွားဖွံ့ဖြိုးဖို့လည်း ထောက်ကူပေးပါတယ်။

    ဘေဘီလေးကို သွေးအားနည်းရောဂါ မဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    ရွှေဖရုံသီး

    ဘေဘီလေးရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်မယ့် အရောင်အသွေးကို ပိုင်ဆိုင်ထားသလို ကလေးကြိုက် အရသာလေးရှိတဲ့ ရွှေဖရုံသီးလေးက ဘေဘီလေးကို အစောဆုံး မိတ်ဆက်ပေးသင့်တဲ့ အသီးလေး တစ်မျိုးပါ။

    ရွှေဖရုံသီးမှာ အမြင်အာရုံ ကောင်းစေနိုင်တဲ့ ဗီတာမင် A ပါဝင်သလို ဘေဘီလေးရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်နဲ့ ဘေဘီလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။

    ထောပတ်သီး

    ထောပတ်သီးလေးက ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးစေဖို့အတွက် ထောက်ပံ့ပေးတဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေ ဖြစ်ကြတဲ့ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဗီတာမင်K တို့လည်း ပါဝင်နေပါတယ်။

    အမျှင်ဓာတ်နဲ့ ဖောလိတ်တို့လည်း ပါဝင်နေပါတယ်။

    ကန်စွန်းဥ

    ကန်စွန်းဥက ကလေးရော လူကြီးပါ ကြိုက်တဲ့ အစားအစာ တစ်မျိုးပါ။ ကန်စွန်းဥက ကိုယ်ခံအားကို အားဖြည့်ပေးပြီး အမြင်အာရုံ ကျန်းမာစေနိုင်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။

    ဒါတင်မကသေးပါဘူး။ ဘေဘီလေးကို ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ အမျှင်ဓာတ်၊ မဂ္ဂနိစ်၊ ဗီတာမင် B6၊ ဗီတာမင် C တို့ ပါဝင်နေပါတယ်။

    ပဲ

    ပဲက ဘေဘီလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ ပြင်ဆင်ပေးတဲ့ အာဟာရတွေထဲမှာ မပါမဖြစ် ပါဝင်ရမယ့် အစားအစာ တစ်ရပ်ပါ။ ဘေဘီလေးတို့အတွက် အကောင်းဆုံးသော ရွေးချယ်မှု တစ်ရပ်ဆိုလည်း မမှားပါဘူး။

    ဘေဘီလေး ကြီးထွားစေဖို့အတွက် ပရိုတင်း အများဆုံး ထောက်ပံ့ပေးနိုင်မယ့် အစာအစာ တစ်မျိုးပါ။

    ကဲ ….. ဘေဘီလေးကို အခုပြောပြခဲ့တဲ့ အသီးအနှံလေးတွေ ပြင်ဆင်ပေးလိုက်ရအောင်လား မေမေတို့ရေ ………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement