backup og meta

ကလေးတွေကို လေယာဉ်စီးခိုင်းလို့ ရရဲ့လား

ကလေးတွေကို လေယာဉ်စီးခိုင်းလို့ ရရဲ့လား

ပုံမှန်အားဖြင့် လေယာဉ်စီးဖို့အတွက် အသက် ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ လေယာဉ်လက်မှတ် ဝယ်တဲ့၊ စစ်တဲ့ နေရာမှာတော့ ကလေးရဲ့ အသက်ကို မေးတာမျိုးတွေ ရှိပေမဲ့ လေယာဉ်စီးလို့ ကလေးအတွက် အန္တရာယ်ဖြစ်စေတာမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေကိုတော့ လူကြီးမိဘ၊ အုပ်ထိန်းသူ အနည်းဆုံးတစ်ယောက်လောက်ပါမှ လေယာဉ်ပေးစီးတာ ပိုကောင်းပါတယ်။

ငယ်လွန်းတဲ့ ကလေးတွေ လေယာဉ်မစီးခင် ဘာတွေ ပြင်ထားဖို့လိုမလဲ။

၁။ လေယာဉ်အမြင့်ပေါ် ရောက်သွားတဲ့အခါ လေထုဖိအားကြောင့် ကလေးတွေ အထူးသဖြင့် အသက် ၅နှစ်အောက်နဲ့ မွေးကင်းစကလေးတွေအတွက် အသက်ရှူရခက်တာ၊ ခေါင်းမူးတာ၊ နာကျင်မှု ဝေဒနာခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် လေယာဉ်မစီးခင်မှာ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို သေချာ စစ်ဆေးပြီး ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။

၂။ ကလေးရဲ့ နေ့စဉ်သုံးပစ္စည်းတွေ၊ ကလေးအတွက် လိုအပ်မယ့် အရာတွေကို ကိုယ်နဲ့ တစ်ပါတည်းယူထားပါ။

၃။ ကလေးကို ရေမငတ်အောင် မိခင်နို့ဖြစ်ဖြစ်၊ နို့ဘူးဖြစ်စေ တိုက်ပေးလို့ ရပါတယ်။

၄။ လေယာဉ်ထိုင်ခုံလက်မှတ် ဖြတ်တဲ့အခါ ပြတင်းပေါက်ဘေးခုံ မထိုင်ပါနဲ့။ ကလေးက အပြင်ကိုကြည့်ပြီး ခေါင်းမူးတာတွေ ဖြစ်နိုင်ပါတယ်။ လူကြီးတွေအနေနဲ့လည်း ထရ၊ ပြုရလွယ်အောင် အစွန်ဆုံးခုံမှာ ထားပေးတာ အကောင်းဆုံးပါပဲ။

၅။ ကလေးသဘောကျမယ့် အရုပ်နဲ့ အသံမြည်တဲ့ ကစားစရာပစ္စည်းလေးတွေကို ဘေးထားမှာ အဆင်သင့် ထားထားပါ။

၆။ ကလေးရဲ့ စိတ်အာရုံကို အပြင်ဘက်မရောက်စေဖို့ တီဗီဖွင့်ပြတာဖြစ်စေ၊ ကာတွန်းစာအုပ် ဖတ်ပြတာဖြစ်စေ လုပ်ပေးလို့ ရပါတယ်။

၇။ ကလေးကို လေပွစေမယ့် အစားအစာတွေ၊ ဖျော်ရည်တွေ မတိုက်ပါနဲ့။

၈။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ ဆေးဝါးတွေကို ကြိုပြီး ပြင်ဆင်သွားပါ။

၉။ ကိုယ့်ကလေးက အမြင့်ကြောက်တတ်တယ်ဆိုရင် မိခင် ဒါမှမဟုတ် လူကြီးတစ်ယောက်ယောက်က ပေါင်ပေါ်မှာ ကလေးကို တင်ထားပြီး ဖက်ထားပေးပါ။

၁၀။ အရေးပေါ် အခြေအနေတွေနဲ့ ကြုံလာတဲ့အခါမှာ စိတ်အေးအေးထားပြီး လေယာဉ်ဝန်ထမ်းတွေကို အကူအညီတောင်းပါ။

၁၁။ တတ်နိုင်ရင် ညဘက်အချိန်တွေမှာ လေယာဉ်စီးတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် လေယာဉ်မစီးခင်မှာ ကလေးအိပ်ပျော်သွားအောင် ချော့သိပ်ထားပါ။

၁၂။ အကြာကြီးစီးရတဲ့ လေကြောင်းခရီးစဉ်မျိုးတွေ ရှောင်ပါ။

လေယာဉ်စီးဖို့အတွက် အသက်ကန့်သတ်ချက် မရှိဘူးဆိုပေမဲ့ ကလေးတွေနဲ့အတူ သွားရမယ့် လေကြောင်းခရီးစဉ်ဖြစ်တာကြောင့် ကိုယ့်ဘက်က ပြင်ဆင်သင့်တာတွေ ကြိုပြီး ပြင်ဆင်သွားနိုင်ရင် အကောင်းဆုံးပါပဲ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Should Children Fly Alone –https://www.smartertravel.com/children-flying-alone-need-know/ (April 11, 2019)

What To Prepare If A Child Rides On Plane –https://www.quora.com/Whats-the-minimum-age-limit-to-fly-on-a-plane (April 11, 2019)

ယခုပုံစံ

02/06/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော်ရွှင်ရတဲ့ ခရီးစဉ်တွေပဲ ဖန်တီးကြရအောင်

လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement