- အပေါ်အလယ်သွား – ၆-၁၂ လ
- အပေါ်ဘေးသွား – ၉-၁၆ လ
- သွားစွယ် – ၁၆-၂၃ လ
- ပထမအံသွား – ၁၃-၁၉ လ
- ဒုတိယအံသွား – ၂၂-၂၄ လ
အသက် ၆ နှစ်နဲ့ ၁၂ နှစ်ကြားမှာ ကလေးသွားအမြစ်တွေ ပျက်စီးလာပြီး လူကြီးသွား ၃၂ ချောင်းနဲ့အစားထိုးပါတယ်။ တတိယအံသွား၊ တနည်း အံဆုံးကတော့ ကလေးသွားမှာပေါက်လေ့မရှိဘဲ လူငယ်ဘဝမှာပေါက်လေ့ရှိတယ်။ သူတို့ရဲ့သွားထပ်တတ်ခြင်း၊ အနေအထားပုံမှန်မဟုတ်ဘဲပေါက်တတ်ခြင်းတို့ကြောင့် နုတ်ပစ်ရတတ်တာကြောင့်ဖြစ်ပါတယ်။
သွားပေါက်စေသောအချက်များ
သွားပေါက်ခြင်းဟာ သဘာဝဖြစ်စဉ်ဖြစ်တာကြောင့် သွားပေါက်ခြင်းကို အားပေးတဲ့အချက်လိုမျိုး မရှိပါဘူး။
သွားပေါက်ခြင်းကို ဘယ်လိုရှာဖွေသိရှိမလဲ
သွားဆရာဝန်က ကလေးကိုခုံပေါ်တင်၍ဖြစ်စေ၊ ပွေ့ထားစေကာဖြစ်စေ စစ်ဆေးပါလိမ့်မယ်။ ဒါ့အပြင်-
- ကလေးငယ်ရဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကိုလည်းစစ်ဆေးပါလိမ့်မယ်
- နည်းမှန်လမ်းမှန်သန့်စင်နည်းကို ပုံစံပြသင်ပြပါလိမ့်မယ်။
- ကလေးရဲ့လျှာ၊ ပါးအတွင်းပိုင်း၊ အာခေါင်တို့မှာ အဖုများ၊ အနာများရှိမရှိစစ်ဆေးပါလိမ့်မယ်။
- ချိုလိမ်သုံးခြင်း၊ လက်မစုပ်ခြင်းအစရှိတဲ့ အကျင့်တွေရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်းစစ်ဆေးရှာဖွေပါလိမ့်မယ်။
ကုသမှု
ကလေးအများစုမှာ သွားပေါက်တဲ့အခါ လက္ခဏာတွေမရှိသလောက်နည်းတတ်တာမို့ ကုသစရာမလိုပါဘူး။
ဒါပေမယ့် လက္ခဏာတချို့ခံစားရတယ်ဆိုရင်တော့ ဒီအချက်တွေကအကူအညီဖြစ်မှာပါ-
ယေဘုယျအကြံဉာဏ်များ – သွားပေါက်နေရာသွားဖုံးနေရာကို လက်ညှိုးလေးနဲ့အသာပွတ်သတ်ပေးခြင်းဟာ နာကျင်မှုသက်သာစေပါလိမ့်မယ်။ ကလေးအများစုက သန့်ရှင်းအေးမြသောအရာတစ်ခုခုကိုကိုက်ခြင်း (ဥပမာ- အေးနေသော ကလေးများကိုက်ရန် ကွင်းလေးများ) အအေးခံထားသော သစ်သီးများ၊ အသီးအရွက်များကလည်း အကူအညီဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘီစကတ်မုန့်လိုမျိုးတွေကတော့ သကြားဓာတ်ပါတာကြောင့်ရှောင်သင့်ပါတယ်။
နာကျင်မှုအတွက်ဆေးများ
တကယ်လို့နာနေတယ်ဆိုရင်တော့ ပါရာစီတမောလိုဆေးမျိုးပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်အလိုက် သင့်တော်သောပမာဏသာပေးပါ။
တခြားသော သွားကိုက်ပျောက်ဆေးမှုန့်ကဲ့သို့ ကုသမှုတွေက အကူအညီဖြစ်မဖြစ် သေချာတဲ့ သက်သေတွေ မရှိပါ။
သွားပေါက်ခြင်းအတွက် အနာသက်သာစေမယ့် ဂျယ်လ်တစ်မျိုး
ထုံဆေးနဲ့ ပိုးသတ်ဆေးအပျော့တစ်မျိုးပါသော ဂျယ်လ်တစ်မျိုးဖြစ်ပြီး ပါဝင်သောထုံဆေးကတော့ lidocaine ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီပစ္စည်းတွေက အကူအညီဖြစ်နိုင်ကြောင်း သက်သေမရှိဘဲ အန္တရာယ်ရှိကြောင်းသက်သေတွေရှိတာကြောင့် မသုံးခိုင်းပါဘူး။ ကလေးက ထုံဆေးတွေမျိုချမိပြီး နောက်ဆက်တွဲပြဿနာတွေ၊ နောက်ဆုံးသေသည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသုံးပါနဲ့။
နေထိုင်မှုပုံစံပြောင်းခြင်း၊ အိမ်တွင်းကုနည်းများ
ကလေးငယ်က နေသာထိုင်သာမရှိပါက ဒီအချက်တွေလုပ်ကြည့်နိုင်ပါတယ်။
- သွားဖုံးတွေကိုပွတ်တိုက်ပေးပါ၊ သန့်စင်သောလက်သို့ စိုစွတ်နေသောဂွမ်းစလေးနဲ့ ကလေးငယ်ရဲ့သွားဖုံးလေးကို ညင်သာစွာထိတွေ့ပွတ်သပ်ပေးပါ။ ကလေးကို သက်သောင့်သက်သာဖြစ်ဖို့ကညီပေးပါလိမ့်မယ်။
- အေးနေပါစေ – သန့်စင်သောအဝတ်ကိုအအေးခံ၍ဖြစ်စေ၊ အေးနေသောဇွန်းနှင့်ဖြစ်စေ ကလေးသွားဖုံးကို ထိတွေ့ပေးပါ။ အေးခဲနေအောင်တော့မထားပါနဲ့၊ တခြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။
- အစာမာမာဝါးပါ – တကယ်လို့ကလေးက အဖတ်စားနိုင်ပြီဆိုရင် ဝါးလို့ရမယ့်တစ်ခုခုကျွေးပါ၊ ဥပမာ- အအေးခံအခွံခွာထားသော သခွားသီး၊ မုန်လာဥနီ။ ဒါပေမယ့် မနင်အောင်တော့သတိထားကြည့်နေပါ။
- သွားရည်တွေကိုသုတ်ပေးပါ – သွားရည်အလွန်အကျွံကျခြင်းဟာလည်း သွားပေါက်ခြင်းရဲ့ဖြစ်စဉ်တစ်ခုထဲမှာပါပါတယ်။ အရေပြားကို ကသိကအောက်မဖြစ်စေရအောင် သန့်စင်သောအဝတ်နဲ့ ကလေးငယ်ရဲ့မေးမှ သွားရည်များကို သုတ်သုတ်ပေးပါ။ ရေဓာတ်ပါသောခရင်၊ လိုးရှင်းတစ်မျိုးမျိုးလည်း လိမ်းပေးနိုင်ပါတယ်။
- ဆေးဆိုင်တွင်အလွယ်တကူရနိုင်သော ဆေးများသုံးနိုင်တယ် – ကလေးကဂျီကျနေရင် ပါရာစီတမောလိုမျိုး အနာပျောက်ဆေးသုံးနိုင်ပါတယ်။
ကလေးငယ်သွားဖုံးလေးကို သန့်စင်သောအဝတ်စိုတစ်ခုနဲ့ အမြဲသန့်စင်ပွတ်တိုက်ပေးနေဖို့လည်းမမေ့သင့်ပါဘူး။ တကယ်လို့မလုပ်ရသေးဘူးဆိုရင်တော့ ခုကစလုပ်ပါတော့။ ကလေးပါးစပ်အတွင်းမှာရှိတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။
ကလေးပထမဆုံးသွားလေးပေါက်လာပြီဆိုရင်တော့ သေးငယ်နူးညံ့တဲ့သွားပွတ်တံလေးပြောင်းသုံးပါတော့။ ကလေးကမထွေးတတ်သေးသည်အထိ ( ၃ နှစ်သားလောက်အထိ ) သွားတိုက်ဆေး ပမာဏကို ဆန်စေ့ထက်မကြီးပါစေနဲ့။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။