(၃) ကလေးအတွက် အစားအသောက် စီစဉ်တဲ့စာရင်းကို မကြာခဏပြောင်းလဲပြင်ဆင်ပါ
ကလေးတွေက ဒီဟင်း၊ဒီဟင်းတွေနဲ့ပဲ အမြဲစားချင်မယ်လို့ထင်ပါသလား။ သရေစာမုန့်လည်း ဒီလိုပဲ။နေ့လယ်ကျွေးနေကျ သရေစာမုန့်က ဒီနေ့ ပူတင်းဆိုရင်နောက်နေ့မှာ သစ်သီးလေး၊နောက်နေ့မှာ အသားပေါင်း၊နောက်တစ်ခါ ကြက်ဥနဲ့လုပ်တဲ့မုန့်တစ်ခုခု စသည်ဖြင့် ကိုယ်တိုင်လုပ်ကျွေးတာကောင်းပါတယ်။ အရာရာစူးစမ်းချင်တဲ့ကလေးတွေက အပြောင်းအလဲလေးတွေစားချင်မှာသေချာပါတယ်။ စားစရာကိုပုံဖော်တဲ့အခါ သူတို့နှစ်သက်လောက်တဲ့ ဒီဇိုင်းအပြင်အဆင်ဖြစ်ဖို့လည်းလိုတာပေါ့နော်။
(၄) အချိုလေးလည်းထည့်ကျွေးပါ
ကလေးတွေ အချိုစားတာများမှာကို စိုးရိမ်ကြပေမယ့် လုံးဝကြီးအချိုမကျွေးဘဲထားဖို့မလိုပါဘူး။ အချိုဓာတ်ကိုလည်း ခန္ဓာကိုယ်အတွက်လိုအပ်တာမို့ အချိုပွဲ သို့မဟုတ် သရေစာ အဖြစ်နဲ့ အချိုကဲတဲ့စားစရာလေးတွေ ဖန်တီးပေးနိုင်ပါတယ်။ ကလေးကတော့ ကြိုက်မှာပေါ့လေ။ ကိုယ်က လုံးဝပိတ်ပင်တာမဟုတ်ဘဲ ထိုက်သင့်သလောက်ကိုကျွေးတဲ့အခါ အချိုများတာတွေစားဖို့ ကလေးက မရမက အတင်းပူဆာမှာမဟုတ်ပါဘူး။
(၅) ချစ်ခင်မှုကို အစားအသောက်နဲ့ မနှိုင်းယှဉ်ပါနဲ့
ဆိုလိုတာက “မေမေ့ကိုချစ်ရင် ဒါလေးစားလိုက်ပါ၊ မစားရင် နောက်မချစ်တော့ဘူး”ဆိုတာမျိုး၊ ကလေးနဲ့ကိုယ့်ရဲ့ကြားကချစ်ခင်မှုကို အသုံးချပြီး အစားအသောက်ကျွေးတာမျိုး၊ သူမစားချင်တာကို အတင်းကျွေးပြီးမှ လိမ်မာလိုက်တာ၊ချစ်လိုက်တာဆိုပြီး ဆုပေးသလိုလုပ်တာမျိုး မဖြစ်သင့်ပါဘူး။ အစားအသောက်ကို ဆုပေးဒဏ်ပေးစနစ်နဲ့ မကျွေးသင့်ပါဘူး။ ကလေးမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့အပြင် နောက်ပိုင်းမှာ မှန်ကန်တဲ့အစားအသောက်ရွေးချယ်ပုံကို အလေ့အကျင့်ရစေမှာမဟုတ်ပါဘူး။
(၆) ကျန်းမာရေးနဲ့မညီတာ ကိုယ်လည်းမစားပါနဲ့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။