backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများအတွက် အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ

လူတို့၏ အစာခြေစနစ်ထဲတွင် ကျန်းမာရေးကို အကျိုးပြုသော ပိုးကောင်များ သန်းပေါင်းများစွာ ရှိပါသည်။ ထိုပိုးကောင်များသည် ဗိုင်းရပ်စ်များ ၊ မှိုများ၊ ဘက်တီရီးယားများဖြစ်ကြပြီး ယေဘူယျအားဖြင့် ပြောရလျှင် လူတို့ အတွက် အကျိုးပြုစေသော ပိုးကောင်များ ဖြစ်ပါသည်။ ဘက်တီးရီးယားများတွင် ကောင်းသော ဘက်တီးရီးယားများနှင့် မကောင်းသာ ဘက်တီးရီးယားများဟူ ၂ မျိုးရှိပါသည်။

ကောင်းသော ဘက်တီးရီးယားများသည် အစာချေလမ်းကြောင်းတွင်ရှိပြီး အစားအစာများနှင့် ဗီတာမင်များကို ချေဖျက်ရာတွင် ကူညီပေးပါသည်။ ကောင်းကျိုးမပြုသော ဘက်တီးရီးယားများသည် ပိုးသတ်ဆေးများဖြင့် နှိမ်နင်းသင့်သော ဘက်တီးရီးယားများ ဖြစ်ပါသည်။

ထို့ကြောင်းကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများစေရန် နှင့် မကောင်းသော ပိုးကောင်များကို မကြီးထွားလာစေရန် ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် ကလေးများသည် အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို သင့်တင့်မျှတစွာ စားပေးရန် လိုအပ်ပါသည်။

ကလေးများတွင် အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ၏ အကျိုးကျေးဇူးများ

အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများကို စားပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ကောင်းကျိုးပြုသော ဘက်တီးရီးယားများကို ပွားများလာစေပါသည်။ ထို့ကြောင့် အောက်ပါ ကျန်းမာရေးကောင်းကျိုးရလဒ်များကို ခံစားရမည်ဖြစ်ပါသည်။

· ဝမ်းပျက်ဝမ်းလျှောခြင်းကို ပိုမဆိုးသွားစေခြင်း၊ မြန်မြန် ပြန်ပြီး နာလန်ထလာစေနိုင်ခြင်း

· မွေးကင်းစ ကလေးများတွင်ဖြစ်တတ်သည့် အူခေါက်ခြင်းကိုသက်သာစေခြင်း၊ (အူခေါက်ခြင်းဖြစ်လျှင် ရက်သတ္တပတ်အတော်ကြာပြီး ကလေးများသည် အများအားဖြင့် ညနေပိုင်းများတွင် မခံမရပ်နိုင်အောင် ငိုကြွေးတတ်ကြသည်။)

· အူရောင်ခြင်းကြောင့် ခံစားရသော ရောဂါလက္ခဏာများကို သက်သာစေနိုင်ခြင်း

· ဝမ်းချုပ်ခြင်း၊ ဗိုက်ပွခြင်းတို့ကို သက်သာစေခြင်း

· လက်တို့စ် အင်ဇိုင်းနှင့်မတည့်သော ရောဂါလက္ခဏာများကို သက်သာစေနိုင်ခြင်း

အကျိုးပြူ ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများ၏ ကွာခြားပုံ

· ဘက်တီးရီးယားအစာများ

ဘက်တီးရီးယားအစာများသည် အူထဲရှိ အကျိုးပြု ဘက်တီးရီးယားများကို အားဖြည့်ပေးသည့် ခန္ဓါကိုယ်ရှိ အစာချေစနစ်မှ မချေဖျက်နိုင်သော ကာဗွန်ဟိုက်ဒြိတ်များ ဖြစ်ပါသည်။ ထို အကျိုးပြုကာဗွန်ဟိုက်ဒြိတ်များမရှိဘဲလျှင် အကျိုးပြု ဘက်တီးရီးယားများအတွက် အာဟာရမရရှိသောကြောင့် ယင်းတို့သည်လည်း အူထဲတွင် အသက်မရှင်နိုင်ကြောင်းလေ့လာရပါသည်။

အကျိုးပြု ကာဗိုဟိုက်ဒြိတ်များကို ကညွန့်၊ ဂေါ်ဖီထုပ်ရွက်များ၊ ဌက်ပျောသီးများ၊ ဘယ်ရီသီးများ၊ နှမ်းကြတ်ပင်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ပဲတောင့်ရှည်များနှင့် ကောက်နှံတစ်ခုလုံးပါသော နှံစားပင်များမှ ရရှိပါသည်။

· အကျိုးပြု ဘက်တီးရီးယားများ

အကျိုးပြု ဘက်တီးရီးယားများသည် သက်ရှိ ဘက်တီးရီးယားများနှင့် တဆေးမှိုများဖြစ်ပြီး ယင်းတို့သည် အူထဲရှိ ကောင်းသော ဘက်တီးရီးယားများကို ပွားများစေပါသည်။ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ ပဲပုပ်စေ့၊ ဒိန်ချဉ်နှင့် ဖြည့်စွက်အာဟာရဆေးတောင့်များ၊ ဆေးပြားများ၊ ဆေးမှုန့် ဆေးရည်များ၊ အစက်ချဆေးရည်များတွင် အကျိုးပြု ဘက်တီးရီးယားများပါဝင်ပါသည်။

သို့သော် အားလုံးသော အကျိုးပြု ဘက်တီးရီးယားများသည် မတူညီပါ။ အချို့သော အခြေအနေများအပေါ်မူတည်ပြီး အကျိုးပြု ဘက်တီးရီးယားများ၏ အသုံးဝင်မှုသည် ကွဲပြားမှုရှိနိုင်ပါသည်။

· ဘက်တီရီးယားမျိုးစိတ်များ

· ဆေးတမျိုးတည်းတွင် ဘက်တီးရီးယားမျိုးစိတ်များစွာကို ပေါင်းထည့်ထားခြင်း

· အကျိုးပြူ ဘက်တီးရီးယားများကို ထုတ်လုပ်ပုံ

· ဆေးတခွက်တွင်ပါဝင်သော အကျိုးပြု ဘက်တီးရီးယားအရေအတွက်

· ဆေး၏သက်တမ်းနှင့် သိမ်းဆည်းရန်လိုက်နာရမည့် အချက်များ

ဘာတွေကိုသိထားရမည်လဲ။

· အကျိုးပြု ဘက်တီးရီးယားများနှင့် ဘက်တီးရီးယားအစာများသည် အူလမ်းကြောင်းရှိ အကျိုးဖြစ်စေသော ပိုးကောင်များကြီးထွားမှုကို အားပေးပါသည်။

· အကျိုးပြု ကာဗိုဟိုက်ဒြိတ်များကို အစားအစာ အတော်များများတွင် တွေ့ရပြီး အကျိုးပြု ဘက်တီးရီးယားများကို ဒိန်ချဉ်တွင် တွေ့ရပါသည်။

· နှစ်ခုလုံးကို ဖြည့်စွက် အစားအစာများအနေနှင့် စားနိုင်ပါသည်။

· သို့သော် အကျိုးပြုဘက်တီးရီးယားများသည် အရင်းအမြစ်တစ်ခုတည်းမှ လာခြင်း မဟုတ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement