backup og meta

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

မေမေတွေ ဖေဖေတွေဆိုတာ တင်စားကြည့်မယ်ဆိုရင် ထူးချွန်ထက်မြက်ပြီး အရာရာပြည့်စုံတဲ့ ကလေးတွေနေထိုင်ရာကျွန်းတစ်ခုပေါ် မိမိသားသမီး ရောက်ရှိသွားဖို့၊ ဘေးမချော်ဘဲ တည့်တည့်မတ်မတ်ကျရောက်ဖို့ ထိန်းကျောင်းပေးနေရတဲ့ လေထီးတစ်ခုလိုပါပဲ။

ဒီလို တည့်တည့်မတ်မတ် ဘဝပန်းတိုင်ကို ရောက်ရှိဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်ဆိုတာ မေမေတို့ ဖေဖေတို့ကို အကြံပြုပါရစေနော်။

နံပါတ်တစ်က အာဟာရ

ရှင်သန်မှုအတွက် အာဟာရက မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာထက်မြက်မှုအတွက်ဆိုရင် အာဟာရ ပြည့်ဝလုံလောက်မှုက အဓိကပါ။ ဒီတော့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့ကို လုံလောက်တဲ့ အာဟာရ ပြည့်ဝစေဖို့ဆိုရင် သူတို့လေးတွေရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အကျိုးပြုဘက်တီးရီးယား၊ အကျိုးပြု ဘက်တီးရီးယားအာဟာရ၊ အမျှင်ဓာတ်၊ DHA၊ ရေဓာတ် စတာတွေ ပြည့်ဝအောင် ပြင်ဆင်ပေးမိဖို့ လိုပါမယ်။

ဒီ အာဟာရတွေပြည့်ဝစေဖို့ဆိုရင် ကလေးကို အဆီ နဲ့ အရေခွံမပါတဲ့ အသား၊ ဆယ်လ်မွန်ငါး၊ ရေချိုငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ အာလူး၊ မုန်လာဥနီ၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေ ပြင်ပေးဖို့ လိုပါမယ်။ တစ်နေ့တာကို ဒီလောာက် အများကြီးစားမှ ကလေးက လိုအပ်တာတွေ ပြည့်မယ်။

နံပါတ်နှစ်က နေထိုင်မှုပုံစံ

အာဟာရ ပြည့်အောင်ဖြည့်တဲ့ အဆင့်တစ် ပြီးရင် ကလေးတစ်ယောက် ထက်ထက်မြက်မြက် ကြီးပြင်းလာဖို့ ထပ်ဖြည့်ရမှာက ကျန်းမာတဲ့ နေထိုင်မှုပုံစံပါ။ ဒါက မေမေကိုယ်တိုင်ပါ အတူ ပါဝင်ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်တဲ့ အလေ့အထ ( ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်စားတွေ၊ အပြင်စာတွေ) ကို ကိုယ်တိုင်က ရှောင်ပါ။

နောက်တစ်ချက်က တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တတ်အောင် သင်ကြားပေးပါ။ မနက်ခင်းဆို မျက်နှာသစ်၊ သွားတိုက်မယ်။ အစားမစားခင်၊ ညစ်ပေတာတွေ ကိုယ်တွယ်ပြီးရင် လက်ဆေးမယ်။ ရေချိုးရမယ်။ ခြေသည်းလက်သည်းညှပ်ရမယ်။ ခေါင်းလျှော်ရမယ်။ အိပ်ရာမဝင်ခင် သွားတိုက်ရမယ်။ ဒါတွေကို ငယ်ကတည်းက အလေ့အကျင့်ဖြစ်အောင် လုပ်ပေးရမယ်။

နောက်ဆုံးတစ်ခုက လေ့ကျင့်ခန်း လုပ်ဖို့ပါ။ ကလေးကို သီချင်းလေးတွေ ဖွင့်ပြီး အတူတူကတာ၊ လမ်းလျှောက်ထွက်တာ၊ ပန်းပင်လေးတွေ ရေလောင်းတာလိုမျိုး လှုပ်ရှားမှု ရှိစေမယ့် လှုပ်ရှားမှုလေးတွေ လုပ်စေပါ။  ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကလေးကို ကျန်းမာသန်စွမ်းစေသလို ဉာဏ်ရည်ထက်မြက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

နံပါတ်သုံးက ပျိုးထောင်မှု

ကလေးတစ်ယောက် ထက်မြက်မှုအပေါ်မှာ သက်ရောက်မှုကြီးတဲ့ အချက်တစ်ခုက မိဘတွေရဲ့ ကလေးကို ပျိုးထောင်မှုပါ။ ကလေးဟာ ငယ်စဉ်ကတည်းက အချစ်ခံရမယ်။ နားလည်ပေးတတ်၊ နားထောင်ပေးတတ်တဲ့ မိဘအသိုင်းအဝိုင်းမှာ ​ကြီးပြင်းရမယ်ဆိုရင် ထက်မြက်ပြီး ရဲရင့်လို့ ယုံကြည်မှုပြည့်ဝစွာနဲ့ ကြီးပြင်းလာတတ်ပါတယ်။

ဒါကြောင့် ကလေးကို အချိန်ပေးပါ။ သူ့ခံစားချက်လေးတွေကို နားထောင်ပေးပါ။ အမှားတစ်ခုခု လုပ်မိတဲ့အခါ မဆူပါနဲ့။ နားလည်အောင် ပြောပါ။ နားမလည်တာတွေ လာမေးတဲ့အခါ ကလေးကို သေချာ ရှင်းပြပါ။

ကလေးကို ထွေးပွေ့တာ၊ ချစ်တယ်နော် လို့ ပြောပေးတာတွေကို ပုံမှန်လုပ်ပေးရင်း ချစ်ကြောင်းပြသပြီး ပျိုးထောင်ပေးပါ။ ဒါဆို ကလေးက မေမေတို့ ဆန္ဒရှိနေတဲ့အတိုင်း ကျန်းကျန်းမာမာ ထက်ထက်မြက်မြက်ကြီးပြင်းလာမှာပါ။

ကဲ အဆင့်လေး ၃ ဆင့်ကို အကောင်းဆုံး ကျော်ဖြတ်ပြီး ကလေးတွေကို ပဲ့ကိုင်မောင်းနှင်လို့ သူတို့ရဲ့ ဘဝမြေပြင်ပေါ် နေရာတကျ ဘေးကင်းစွာ ဆင်းသက်စေရအောင်နော်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Food & nutrition https://healthy-kids.com.au/food-nutrition/  Accessed Date 3 December 2021

Children https://www.nutrition.gov/topics/nutrition-age/children Accessed Date 3 December 2021

ယခုပုံစံ

07/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement