ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးငယ်လေးတွေကိုကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် မိဘတွေအရေးတကြီးလုပ်ရမယ့်အထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။

ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ

ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက –

  • ကာကွယ်ဆေးထိုးထားတဲ့နေရာတဝိုက် နီမြန်းရောင်ရမ်းတာ
  • ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။

ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားနာတဲ့အခါ

ကလေးငယ်လေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ဆွေမျိုးတွေမှာသနားစိတ်နဲ့ စိတ်မချမ်းမသာဖြစ်ရတာပေါ့။

ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ

ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ်အထက်ဆိုရင် ကလေးက ဖျားနေပြီလို့ဆိုလို့ရပါတယ်။ အသက်အပိုင်းအခြားအလိုက်ပြောပြရမယ်ဆိုရင်တော့

  • ကလေးက ၃ လအောက်ဖြစ်ပြီး ခန္ဓါကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်)၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက်ဖြစ်နေမယ်
  • ကလေးက ၃ လကနေ ၆လ ကြားအရွယ်ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက်ဖြစ်နေမယ် ဆိုရင်တော့ ကလေးငယ်က ဖျားနေပြီလို့ပြောလို့ရပါတယ်။ ကလေးတွေက ဖျားတဲ့ အခါ မအီမသာဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်းရှိနိုင်ပါတယ်။

ကာကွယ်ဆေးထိုးတာကတော့ မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့်ဆေးထိုးအပြီး ကလေးငယ်ဖျားတာ၊ ထိုးထားတဲ့နေရာနီရဲပြီးရောင်နေတာ၊ အီပြီး ငိုနေတာတွေအတွက် သက်သာအောင်ပြုစုပေးလို့ရပါတယ်။

ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ

  • ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေးထားပေးပါ။
  • ကလေးကို ချိုသာတဲ့ အသံလေးနဲ့ချော့မြူပြောဆိုပါ။
  • ကလေးကို လက်ထဲမှာချီပြီးထွေးပိုက်ချော့မြူပေးပါ။
  • ကလေးကို နို့တိုက်တာနို့ဗူးတိုက်တာမျိုး လုပ်ပေးပါ။
  • ကလေးဆေးထိုးထားတဲ့နေရာကိုရေခဲကပ်ပေးပါ။

ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေးတစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင်ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။ဈေးကွက်ထဲမှာရှိတဲ့ ကလေးတွေကို တိုက်ကျွေးနိုင်တဲ့ အဖျားပျောက်ဆေးအရည်တွေအများအပြားရှိပြီး Hello Sayarwon အနေနဲ့တော့ Tylenol (တိုင်လီနော)ဆေးရည်ကို အကြံပြုချင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးဖြစ်တဲ့ နီရဲနာကျင်တာတွေ၊ ကိုယ်လက်နာတာတွေနဲ့ အဖျားတက်တာတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး ကလေးတွေအတွက် အဝင်မဆိုးအောင်ထုတ်လုပ်ထားတာဖြစ်တာကြောင့်ပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 24, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 5, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။