brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ ! အသစ်စက်စက် မေမေဖေဖေတို့အနေနဲ့ဘေဘီလေးကို သေးခံ (Diaper) သုံးပေးချင်ပေမယ့် သေးခံ ဘယ်လို လဲပေးရမလဲ မသိဘူးဆိုပြီး ဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို တူတူဖတ်ကြည့်ပြီး ဘေဘီလေးကို အဆင်ပြေပြေနဲ့ သေးခံ လဲပေးကြည့်ရအောင်လား…………..

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

ဘေဘီလေးကို သေးခံလဲပေးမယ်ဆိုရင် ပထမဆုံး လုပ်ရမယ့် အချက်က လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။

လိုအပ်တာတွေက ဘာတွေဖြစ်မလဲ………..

  • သန့်စင်ခြောက်သွေ့နေတဲ့ သေးခံ အသစ်
  • သန့်ရှင်းရေး လုပ်ပေးဖို့ ဂွမ်းစ၊ ရေ ဒါမှမဟုတ် wet tissue
  • လွှင့်ပစ်စရာပုံး ဒါမှမဟုတ် အမှိုက်အိတ်
  • သေးခံလောင်တာကို ကာကွယ်ဖို့ လူးပေးတဲ့ ခရင်မ် ဒါမှမဟုတ် Baby Oil
  • ရေမလို လက်သန့်စင်ဆေးရည် တို့ကို လိုအပ်မှာ ဖြစ်ပါတယ်။

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

တစ်ဆင့်ချင်းစီ သန့်စင်လဲလှယ်ပေးမယ်

ဘေဘီလေးကို သေးခံ လဲပေးတော့မယ် ဆိုရင်

  • လက်ကို အရင် သန့်စင်ပါ။ လက်ကနေ ဘက်တီးရီးယားတွေ ဘေဘီလေးဆီကို မကူးစက်စေဖို့ပါ။
  • အရင်ဆုံး အနှီး သန့်သန့် ဒါမှမဟုတ် သေးခံခင်းကို ခင်းပေးပါ။
  • လိုအပ်မယ့် ပစ္စည်းတွေကို ယူပါ။
  • သန့်စင်ပေးမယ့် ပစ္စည်းတွေကို အဆင်သင့် ယူထားပါ။
  • ဘေဘီလေးရဲ့ ခြေထောက် နှစ်ဖက်ကို လက်တစ်ဖက်နဲ့ စုကိုင်လို့ အပေါ်ကို နည်းနည်းလောက် မြှောက်ကိုင်ပေးပါ။
  • ဂွမ်းစကို ရေစွတ်ပြီး ကလေးရဲ့ အညစ်အကြေးတွေကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။
  • ရေခြောက်အောင် ဂွမ်းစလေးနဲ့ တို့သုတ်ပေးပါ။
  • သေးခံ အသစ်ကို ကလေး ခါးအောက်ကို နေရာတကျ ထားပေးပါ။
  • Nappy Cream လူးပေးပါ။
  • သေးခံကို အရမ်းလည်း မတင်း အရမ်းလည်း မလျော့တဲ့ အနေအထားနဲ့ ဝတ်ဆင်ပေးပါ။
  • ပြီးရင် လက်ကို သန့်စင်အောင် ပြန်ဆေးကြောပါ။
  • ဘေဘီကို အဝတ်အစား ဝတ်ပေးလိုက်ပါ။

ကဲ… စာတွေ့လေးယူလို့ ဘေဘီလေးကို အဆင်ပြေပြေနဲ့ သေးခံ (Diaper) လဲပေးလိုက်စို့လား။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။