backup og meta

ဘေဘီလေး နဲ့ နွေရာသီ

ပူပြင်းခြောက်သွေ့လှတဲ့နွေဥတုက သက်ရှိတိုင်းနဲ့ သက်ဆိုင်နေတာပါနော်။ တစ်နေ့ထက်တစ်နေ့ ပိုပူလာတဲ့ အပူချိန်ကြောင့် ကိုယ်တိုင်ထက် ဘေဘီလေးကို ပိုစိတ်ပူနေမိတဲ့ မေမေဖေဖေတို့များ ရှိနေလား။ ဒါဆိုရင်တော့ နွေရာသီမှာ ဘေဘီလေး ကို ကျန်းမာနေအောင်ဘယ်လိုထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်ပါနော်။ ဘေဘီလေး နဲ့ နွေရာသီ အကြောင်းလေး လေ့လာလိုက်တော့နော်။

ဘေဘီလေး နဲ့ နွေရာသီ

ဘေဘီလေး နဲ့ နွေရာသီ

နွေရာသီရဲ့ ပူပြင်းမှုဒဏ်က ဘေဘီပိစိလေးတွေအတွက် တော်တော်လေး ပြင်းထန်မှာပါ။ ဒီတော့ ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့နွေရာသီကို တူတူဖန်တီးပေးရအောင်လား။

နွေရာသီမှာ ကလေးကို ရေချိုးပေးလို့ ရမလား

နွေရာသီက ပူပြင်းတာကြောင့် ကိုယ်တိုင်လည်းရေချိုးသလို ကလေးကိုလည်း ရေချိုးပေးချင်မယ်ဆိုတာ အသေအချာပါ။ ဒီတော့ ရေချိုးပေးလို့ ရလားလို့ သိချင်နေမှာပေါ့။ ရေချိုးပေးလို့ ရပါတယ်။ ကလေးကို ရိုးရိုးရေနဲ့ ချိုးပေးပါနော်။ တစ်နေ့ကို နှစ်ကြိမ်လောက် ချိုးပေးလို့ရပါတယ်။ အကြာကြီး မချိုးပေးမိဖို့တော့လိုပါမယ်နော်။

ရေတိုက်ပေးရမှာလား

နွေပူတာက ကလေးရော လူကြီးကိုပါ ချွေးထွက်စေတာပါ။ ဒါကြောင့် ဘေဘီလေးကို ဆုံးရှုံးသွားတဲ့ ရေဓာတ် ကာမိအောင် ကူညီပေးဖို့ လိုပါတယ်။ မိခင်နို့စို့တဲ့ ၆လအောက်ကလေးတွေကိုတော့ မိခင်နို့ဆက်တိုက်ပေးပါ။ မိခင်နို့မှာ ရေဓာတ်အများကြီး ပါတာကြောင့် ရေသက်သက်ထပ်တိုက်စရာ မလိုပါဘူး။ ၆လအထက် ကလေးတွေကိုတော့ ရေတိုက်လို့ ရပါပြီ။

မိတ်ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

နွေရဲ့ ပြင်းရှရှခံစားချက်မှာ မိတ်ပေါက်တာကလည်း တစ်ခုပါပဲ။ ဘေဘီလေးတွေ မိတ်ပေါက်ရင် သူတို့ခမျာ တော်တော်လေး နေရခက်တာပါ။ ဒီအခါ ဘာလုပ်ပေးရမလဲ မသိဖြစ်နေတယ် ဆိုရင်တော့ ကလေးသုံး moistturizerလေးတွေ လိမ်းပေးပါ။ ရေစိုဝတ်လေးနဲ့ တိုက်ပေးလို့လည်း ရပါတယ်နော်။

သေးခံ လောင်နိုင်လား

ဖြစ်နိုင်တာပေါ့။ ပူလောင်နေတဲ့ ရာသီဥတုမှာ သေးခံလောင်နိုင်ခြေက သာမန်ထက် ပိုများပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နွေရာသီမှာ သေးခံ ခံပေးမယ့်အစားကလေးကို ချည်သား ဘောင်းဘီလေးတွေပဲ ဝတ်ပေးလို့ သက်သောင့်သက်သာပေးနေလိုက်ပါ။ သေးခံဝတ်ပေးမယ်ဆိုရင်လည်း ညစ်ပေနေတဲ့ သေးခံတွေနဲ့ အကြာကြီး မထားပါနဲ့။ သေးခံလဲတိုင်းမှာ သေချာသန့်ရှင်းရေးလုပ်ပါ။ စုပ်ယူမှုကောင်းတဲ့ သေးခံကို သုံးပါ။

နွေရာသီမှာ ဘေဘီလေးကျန်းမာပျော်ရွှင်စေဖို့

အစားအသောက် ဂရုစိုက်ပါ

နွေရာသီမှာ လူကြီးတွေတောင် အစားမှားမခံနိုင်တာ ကလေးတွေဆို ပိုဆိုးပါမယ်နော်။ ကလေးက နို့စို့အရွယ်ဆိုရင်တာ့မေမေက အစားအစာကို ဂရုစိုက်ပါ။ ကလေးကို ချွေးထွက်များနေရင် အဝတ်လဲပေးတာ၊ နို့များများတိုက်ပေးတာမျိုး လုပ်ပေးပါ။ ကလေးက အစား စစားတတ်ပြီ ဆိုရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ပြင်ဆင်ပေးပါ။

သောက်သုံးရေ သတိပြုပါ

ရေသောက်တဲ့ အရွယ်ဆိုရင်လည်း သောက်သုံးရေကိုလည်း အသန့်ရှင်းဆုံး ဖြစ်အောင် ဂရုစိုက်ပါ။ ရေသန့် ဒါမှမဟုတ် ရေကျက်အေး တိုက်ပေးပါ။ ကလေးက ချွေးထွက်များနေတယ် ဆိုရင်တော့ ဓာတ်ဆား ဒါမှမဟုတ် အုန်းစိမ်းရည် တိုက်ပေးပါ။ ကလေး ရေဓာတ် ပြည့်ရဲ့လား ဆိုတာကို ဆီးအရောင် ကနေတဆင့် ကြည့်နိုင်ပါတယ်။

ခြင်အန္တရာယ် ကာကွယ်ပါ

ရာသီဥတု ပူရင် ခြင်ပိုကိုက်ပါတယ်နော်။ ဒါကြောင့် နွေပူပူမှာ ကလေးကို ခြင်နဲ့ အင်းဆက်တွေ အန္တရာယ်ကနေ သေချာလေး ကာကွယ်ပေးပါ။ ကလေးနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်း သပ်ရပ်နေအောင် ဂရုစိုက်ပါ။ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပေးပါ။

မလိုအပ်ဘဲ ကလေးကို အင်္ကျီထူထူတွေမဝတ်ပေးမိပါစေနဲ့

နွေပူရတဲ့အထဲ ကလေးကို အနွေးထည်ဝတ်ပေးတာမျိုး၊ စောင်ခြုံပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကို အိပ်ရာခင်းပေးတဲ့အခါမှာလည်း မွေ့ရာတွေ၊ စောင်တွေ အထပ်ထပ်ခင်းပေးတာမျိုးမလုပ်ပါနဲ့နော်။ သင်ဖြူးဖျာလေးပေးမှာ အနှီးလေးခင်းလို့ သိပ်ပေးရင်ကို ရပါပြီနော်။

ဒါတွေအပြင် ထပ်သတိထားရမှာက ဘေဘီလေးကို အပြင်ခေါ်သွားတိုင်း ထီးဆောင်းပေးတာ၊ ချည်သားလက်ရှည်လေးတွေဝတ်ပေးတာ၊ နေလောင်ကာခရင်မ်လူးပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။ ကလးကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ ထားပေးဖို့လည်း မမေ့ပါနဲ့နော်။ အခုပြောခဲ့တဲ့ အချက်လေးတွကို တူတူလုပ်ကြည့်လို့ နွေရာသီကို ဘေဘီလေးတို့ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်အောင် ကူညီပေးလိုက်ရအောင်လား…………………

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Newborn Baby Care Tips in Summerhttps://parenting.firstcry.com/articles/baby-care-in-summer-tips-and-more/ Accessed Date 25 April 2019

5 Simple Tips To Make Your Baby Comfortable In Summershttps://www.momjunction.com/articles/simple-tips-to-make-your-baby-comfortable-in-summers_0094737/#gref Accessed Date 25 April 2019

Health care tips for babies during this summerhttps://beautyhealthtips.in/newborn-baby-health-care-tips-during-hot-summer/ Accessed Date 25 April 2019

ယခုပုံစံ

08/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

အပူဒဏ်ကြောင့်ဖြစ်တဲ့ ပြဿနာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/04/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ