backup og meta

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ
ရောဂါတစ်ခုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ ဖြစ်ပြီးမှ ကုသတာထက် ပိုထိရောက်ပါတယ်။ နေရာအနှံ့မှာ ရောဂါပိုး မျိုးစုံရှိနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းတာ တစ်ခုက ကြောက်စရာကောင်းတဲ့ ရောဂါတွေလို့ သတ်မှတ်လို့ ရတဲ့ ပိုလီယို၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး၊ ဂျာမန်ဝက်သက်၊ ရိုတာဗိုင်းရပ်စ်၊ မေးခိုင်ပိုးစတဲ့ ရောဂါပိုးတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရနေတာပါ။ ဒါကြောင့် ကူးစက်ရောဂါတွေ ဝင်လွယ်တဲ့ ကလေးတွေကို ကာကွယ်ဆေးတွေပြည့်စုံအောင် ထိုးဖို့ အရေးကြီးပါတယ်။ ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ ကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။  ကာကွယ်ဆေးတွေကြောင့် နှစ်ပေါင်းများစွာအတွင်း ချစ်ရတဲ့ ရင်သွေးလေးတွေကို ရောဂါဆိုးတွေများစွာရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ဘေဘီလေးတွေကို ကာကွယ်ဆေး စုံအောင် ထိုးပေးဖို့က ဘာကြောင့် အရေးကြီးတာလဲ …

ဘေဘီလေးတွေကို ရောဂါ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် အရေးကြီးတဲ့အချက်က ဘေဘီလေးကို ငယ်စဉ်ကတည်က ကာကွယ်ဆေး စုံလင်အောင် ထိုးပေးဖို့ပါ။

ကာကွယ်ဆေးတွေက ကလေးတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုလီယို၊ မေးခိုင် နဲ့ ဆုံဆို့နာလိုမျိုး ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးသလို က​လေးတစ်ယောက်ဆီကနေ တစ်ယောက်ကို ရောဂါပိုးတွေ မကူးစက်စေဖို့လည်း ဟန့်တားပေးပါတယ်။

ကာကွယ်ဆေးဆိုတာ ဘာလဲ …

ကာကွယ်ဆေးဆိုတာက သေဆုံးသွားပြီဖြစ်တဲ့ ဒါမှမဟုတ် အားပျော့သွားပြီဖြစ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အနည်းငယ်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ပရိုတင်းနဲ့ ပေါင်းစပ်ပြီး ထိရောက်ဘေးကင်းအောင် ထုတ်ထားတဲ့အရာပါ။

ဒီဖော်စပ်မှုကို ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်တဲ့အခါ ကိုယ်ခံအားက တုံ့ပြန်ပေးပြီး ပြင်ပက ဝင်လာမယ့် အလားတူ ရောဂါပိုးတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်စေဖို့ အသင့်ပြင်ထားပေးတဲ့အရာကို ကာကွယ်ဆေးလို့ ခေါ်တာပါ။ antibodiesလို့ ခေါ်တဲ့ ပဋိပစ္စည်း ထွက်လာအောင် လုပ်လိုက်တဲ့ သဘောပေါ့။

ကာကွယ်ဆေးက ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံရစေဖို့ အားဖြည့်ပေးပါသေးတယ်။ နုနယ်တဲ့ ဘေဘီလေးတွေအတွက်တော့ ဒါကအရေးပါလှပါတယ်။

ကာကွယ်ဆေး စိတ်ချရပါ့မလား …

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ပတ်သက်ပြီး  အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သေချာ ဆန်းစစ်လေ့လာမှုတွေအရတော့ ကာကွယ်ဆေးက ဘေဘီလေးတွေကို အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

အချို့ ကလေးတွေမှာ ဆေးထိုးတဲ့နေရာမှာ ရောင်တာ၊ ကိုယ်ပူတာ၊ နာတာမျိုးတွေ ဖြစ်ပေမယ့် အနည်းအကျဉ်းပါ။  တကယ်ကတော့ ကာကွယ်ဆေးက ဘေဘီလေးကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ အရာပါ။

ကာကွယ်ဆေးမထိုးမိလို့ ပိုလီယို၊ ဦးနှောက်ရောင်ရောဂါလို ရောဂါတွေ ဖြစ်လာတဲ့အခါ အကြောသေတာ၊ ဦးနှောက်ရောင်ရာကတဆင့် အသက်ဆုံးရှုံးတာ၊ အမြင်အာရုံ၊ အကြားအာရုံထိခိုက်တာလိုမျိုး ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်တာပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်မှာ ရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို စုံလင်အောင် ထိုးပေးဖို့ လိုပါမယ်။

ဘေဘီလေးကို ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေက ဘာတွေလဲ……..

ဘေဘီလေးတွေကို ရောဂါကင်းပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ မွေးစကနေစပြီး အသက် ၁၀ နှစ်အတွင်းမှာ

ချစ်ရတဲ့ မေမေဖေဖေတို့အနေနဲ့ ဘေဘီလေးအပေါ်မှာ တာဝန်ကျေစေဖို့ဆိုရင် ရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ငယ်စဉ်မှာကတည်းက စုံလင်အောင် ထိုးပေးပါနော်။

# ဘေဘီလေးကို ရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး အချိန်ဇယားလေးကို မေမေကြည့်လို့ ရစေဖို့

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Are Childhood Vaccines So Important? https://www.cdc.gov/vaccines/vac-gen/howvpd.htm Accessed Date 18 November 2020

Why Childhood Immunizations Are Important https://www.stanfordchildrens.org/en/topic/default?id=why-childhood-immunizations-are-important-1-4510 Accessed Date 18 November 2020

How immunization works? https://www.sanofi.com/en/your-health/vaccines/how-immunization-works Accessed Date 18 November 2020

CDC. Understanding How Vaccines Work.  https://www.cdc.gov/vaccines/hcp/conversations/downloads/vacsafe-understand-color-office.pdf Accessed Date 18 November 2020

ယခုပုံစံ

06/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးထားသင့်လား။

ဂျပန်ဦးနှောက်ရောင် ရောဂါနဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement