backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Polio (ပိုလီယို)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Polio (ပိုလီယို) ကဘာလဲ။

ပိုလီယိုသည် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး မစင်မှတစ်ဆင့်သို့မဟုတ် ပိုးရှိသော ရေ၊ အစာ ကိုစားမိခြင်းမှတစ်ဆင့် တစ်ဦးကိုတစ်ဦး ပျံ့နှံ့စေတတ်ပါသည်။ ခန္ဓါကိုယ်အတွင်း ဝင်ရောက်လာသည်နှင့် ထိုပိုးသည် အူအတွင်း၌ ပွားများလာပြီး ထိုမှနေ၍ အာရုံကြောစနစ်ဆီ ထိုးဖောက်ဝင်ရောက်ကာ လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ ပိုလီယိုည် အသက်ရှုပြဿနာများကိုလည်း ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ သေဆုံးစေတတ်ပါသည်။

Polio (ပိုလီယို) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် သိပ်ဖြစ်လေ့မရှိပါ။ ကလးများတွင် အဖြစ်များပါသည်။ ယနေ့အခါတွင် ထိထိရောက်ရောက် ကာကွယ်ဆေးပေးနိုင်မှုကြောင့် ပိုလီယိုကပ်ရောဂါသည် အတော်လေးကို ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆရာဝန်အများစုမှာ ပိုလီယိုရောဂါတစ်ဦးတစ်ယောက်မျှပင် တွေ့ရသည်မရှိတော့ပါ။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Polio (ပိုလီယို) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပိုလီယို ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ၃၈ ဆဲလ်စီးရပ်အထက်ဖျားခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ဗိုက်နာခြင်း
  • ကြွက်သားများ ကိုက်ခဲခြင်း
  • ဖျားနာသလို ခံစားရခြင်း
  • အန်ခြင်း

ပိုပြင်းထန်သည့်လက္ခဏာများမှာ ပိုလီယိုကြောင့် အာရုံကြောအဖုံးများရောင်ခြင်းဖြစ်သည်။ ထိုလက္ခဏာများမှ များသောအားဖြင့် ပိုးဝင်ပြီး ၇ – ၁၄ ရက်ကြာလျှင် စပေါ်လာတတ်ပြီး ဖျားခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်းနှင့်နောက်ကျော တောင့်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် တစ်ချို့အရေပြားနေရာများတွင် ဆန်းပြားသည့် ခံစားမှုများ – ပင်အပ် အဝတ်အပ်များနှင့် ထိနေသလိုလို သို့မဟုတ် နာကျင်မှုကို ခံစားမှုမြင့်နေခြင်းများ ဖြစ်တတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • သင့်ကလေးသည် ပိုလီယိုကာကွယ်ဆေးကို အပြည့်မသုံးရသေးလျှင်
  • သင့်ကလေးတွင် ပိုလီယိုကာကွယ်ဆေး သုံးပြီးနောက် ဓါတ်မတည့်မှုဖြစ်ထားလျှင်
  • သင့်ကလေး၌ ကာကွယ်ဆေးထိုးသည့်နေရာတွင် နီခြင်း ရောင်ခြင်း နာခြင်း ရှိလျှင်
  • အရွယ်ရောက်ပြီးသူများအတွက် ကာကွယ်ဆေးအကြောင်း သို့မဟုတ် ပိုလီယို ကာကွယ်ဆေးနှင့် ပါတ်သတ်၍ တခြားစိတ်ပူသည်များရှိနေလျှင်
  • လွန်ခဲ့သည့်နှစ်များစွာက ပိုလီယိုဖြစ်ခဲ့ဖူးပြီး ယခုအခါ မရှင်းပြနိုင်ပဲ အားနည်းမှု မောပန်းလွယ်မှု ဖြစ်နေလျှင်

အကြောင်းရင်းများ

Polio (ပိုလီယို) ကိုဘာတွေကဖြစ်စေသလဲ

ပိုလီယိုသည် ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ရပါသည်။ ၎င်းသည် အန်တရိုဗိုင်းရပ်စ်ဖြစ်ပြီး ပိုးရှိသည့် အစာ သို့မဟုတ် ရေ စားသုံးမိခြင်းမှ ကူးစက်ပါသည်။ ဗိုင်းရပ်စ်သည် ခန္ဓါကိုယ်အတွင်းဝင်ပြီးနောက် အူထဲမှာပင်ပွားများ၏။ ထို့နောက်မှ ကြွက်သားများကို ထိန်းချုပ်နေသော ဦးနှောက်နှင့် ကျောရိုးအာရုံကြောမ ဆီသို့ တက်သွားခြင်းဖြစ်သည်။

ပိုလီယိုသည် အလွန်ကူးစက်လွယ်သည်။ ကူးစက်ခံရသူနှင့် ခဏတာမျှနေထိုင်ဖူးသည်ဆိုလျှင် ကူးစက်ဖို့အခွင့်အရေးပိုများ၏။ ပိုလီယိုဗိုင်းရပ်စ် သယ်ဆောင်ထားသောလူများ၏ မစင်မှတစ်ဆင့် ဗိုင်းရပ်စ်ပိုးပျံ့နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Polio (ပိုလီယို) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပိုလီယို ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ပိုလီယိုအဖြစ်များသည့်နေရာ သို့မဟုတ် မကြာခင်ကမှ ပိုလီယိုကပ်စိုက်ထားသည့် နေရာများသို့ ခရီးသွားခြင်း
  • ပိုလီယိုဗိုင်းရပ်စ်ရှိသောသူကို စောင့်ရှောက်ရခြင်း သို့မဟုတ် အတူနေရခြင်း
  • ကိုယ်ခံအားကျနေခြင်း ဥပမာ HIV ပိုးကူးစက်ခံထားရခြင်း
  • အာသီးဖယ်ထုတ်ထားရခြင်း
  • ပိုလီယိုဗိုင်းရပ်စ်ကူးပြီးနောက် ပြင်းထန်လှသော ဖိစီးမှုများ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများသည် ကိုယ်ခံအားကိုကျစေပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Polio (ပိုလီယို) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များသည် ပိုလီယိုအား လည်ပင်းနှင့်နောက်ကျောတောင့်ခြင်း၊ ပုံမှန်မဟုတ်သည့် Reflexes များ၊ မျိုရခက်ခြင်း၊ အသက်ရှုရခက်ခြင်း တို့လို လက္ခဏာများအားကြည့်၍ အတည်ပြုကြပါသည်။ ရောဂါကိုအတည်ပြုရန်အတွက် လည်ချောင်းမှအရည်များ၊ ဝမ်း၊ အာရုံကြောရည် (ဦးနှောက်နှင့် အာရုံကြောများတွင် ဝန်းရံထားသည့် အရောင်မဲ့အရည်များ) ကို ပိုလီယိုဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးနိုင်ပါသည်။

Polio (ပိုလီယို) ကို ဘယ်လိုကုသပါသလဲ

ပိုလီယိုကို ကုသ၍မရပါ။ လက်ရှိဗိုင်းရပ်စ်သတ်ဆေးများသည်လည်း ရောဂါဖြစ်နေသည်ကို လျော့ချမပေးနိုင်ပါ။ ရောဂါဖြစ်နေလျှင် အသက်ရှုစက်တပ်ပြီး အသက်ရှုရလွယ်ကူအောင် ပြုလုပ်နိုင်သော်လည်း ခဏတာသာရမည်ဖြစ်သည်။

အထောက်အပံ့ပေးကုသခြင်းများတွင် အောက်ပါတို့ပါဝင်သည်။

  • အိပ်ယာတွင်အနားယူခြင်း
  • အနာပျောက်ဆေးများပေးခြင်း
  • အသက်ရှုခြင်းအား ကူညီနိုင်ရန် သယ်ယူသွားနိုင်သည့် အသက်ရှုစက်များသုံးခြင်း
  • အလယ်အလတ် လေ့ကျင့်ခန်းများသုံးပြီး ကြွက်သားများ အလုပ်မလုပ်နိုင်တော့ခြင်း ပုံစံပျက်ခြင်းများအား ကာကွယ်ရပါမည်။
  • အာဟာရပြည့်သော အစားအသောက်

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပိုလီယို ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

လူထုသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ခြင်းသည် ပိုလီယိုဗိုင်းရပ်စ် ပျံ့နှံ့မှုကို လျော့ချနိုင်သော်လည်း အကျိုးအဖြစ်ဆုံးနည်းလမ်းမှာ ရောဂါကာကွယ်ရန် ပိုလီယိုကာကွယ်ဆေး ထိုးခြင်းပင်ဖြစ်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement