backup og meta

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ်

ကလေးလေးတွေက ဖေဖေမေမေတို့ရဲ့ ချထားစရာမရှိအောင် ချစ်ရတဲ့သူလေးတွေပါ။ မွေးစကစလို့ ပြောင်းလဲလာမှုအဆင့်ဆင့်တိုင်းက ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေအပြည့်ပေါ့။ တစ်နေ့တစ်နေ့ ချစ်လို့လည်းမဝ ကြည့်လို့လည်းမဝသူလေးတွေက သူတို့လေးတွေပေါ့။ ဂရုစိုက်မိလေလေ ကလေးမှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘယ်လိုများအကျိုးသက်ရောက်မှုတွေရှိလဲဆိုပြီး သိချင်လေလေဟုတ်။ ဒီတစ်ခေါက်တော့မေမေဖေဖေတို့သိချင်နေလောက်မယ်ထင်တဲ့ ဘေဘီလေးတွေ မျက်ဝတ်ထွက်ရတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်နော်။

ဘေဘီလေးတွေလည်း မျက်ဝတ်ထွက်တတ်ပါတယ်

လူကြီးတွေ အရွယ်ရောက်နေတဲ့သူတွေမှာမှ မျက်ဝတ်ထွက်တတ်တာမဟုတ်ပါဘူး။ ကလေးငယ်လေးတွေမှာလည်း မျက်ဝတ်ထွက်တတ်ပါတယ်နော်။ လူရယ်လို့ဖြစ်လာရင် စားမယ်၊ သောက်မယ်၊ ငိုမယ်၊ အညစ်အကြေးတွေထွက်မယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပေါ့။ ကလေးမို့ အနံ့အသက်မပြင်းတာမျိုးဘဲဖြစ်နိုင်ပါတယ်။ မျက်ဝတ်က ပုံမှန်အတိုင်းဆိုရင် အဖြူရောင်ပဲပေါ့။ မျက်ဝတ်က အဖြူရောင်မဟုတ်ဘဲ၊ အဝါရောင်၊ အစိမ်းရောင်လေးတွေဖြစ်လာမယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုနေပြီဆိုတာကိုဖော်ပြနေတာပါ။

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ် နဲ့ပတ်သက်ပြီး သတိထားရမယ့် လက္ခဏာတွေက ဘာတွေလဲ

ကလေးရဲ့မျက်လုံးမှာ အခုလိုမျိုးတွေတွေ့ရမယ်ဆိုရင်တော့ သတိထားဖို့လိုပါမယ်။

  • အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် မျက်ဝတ်တွေထွက်နေမယ်
  • နိုးလာတဲ့အခါ မျက်ခွံတွေက မျက်ဝတ်တွေနဲ့ကပ်ပြီး ဖွင့်မရဖြစ်နေမယ်
  • မျက်ဝတ်တွေကို သန့်စင်ပေးလိုက်ပေမယ့်လည်း ခဏခဏပြန်ဖြစ်နေမယ်
  • မျက်လုံးမှာရောဂါပိုးကူးစက်ခံထားရတယ်လို့ သံသယရှိစရာဖြစ်နေမယ်။

ဒီအချက်တွေကြောင့် မျက်ဝတ်တွေဖြစ်နိုင်ပါတယ်

ဘေဘီလေးတွေမှာ မျက်ဝတ်တွေထွက်နေရတာဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်နော်။

မျက်ခွံတွင်း ပိုးဝင်ကူးစက်ခြင်း– မျက်လုံးအတွင်းပိုင်းကို ဘက်တီးရီးယားပိုးဝင်ကူးစက်မှု တစ်မျိုးပေါ့။မြင်သာတဲ့ လက္ခဏာတစ်ရပ်အနေနဲ့ အိပ်ရာကနေ နိုးလာတဲ့အခါ မျက်ဝတ်တွေကပ်နေတာကြောင့် မျက်လုံးဖွင့်ရခက်တာပါ။ မျက်လုံးတစ်ဖက်တည်းမှာဖြစ်နိုင်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်လုံးရောင်ရမ်းခြင်း – မျက်လုံးအတွင်းပိုင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက် ကူးစက်တာပါ။ မြင်သာတဲ့ လက္ခဏာအနေနဲ့ မျက်ဖြူသားတွေ နီနေမယ်။ မျက်ရည်တွေထွက်နေမယ်။ မျက်ဝတ်လည်း အနည်းအကျဉ်းထွက်နိုင်ပါတယ်။ တစ်ဖက်တည်းမှာ ဖြစ်နိုင်သလို နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်ပါတယ်။

ပုံမှန်အတိုင်းထွက်တဲ့ မျက်ဝတ် – မျက်လုံးထောင့်လေးတွေမှာ တွေ့ရတတ်ပါတယ်။ အရောင်ကလည်း အဖြူရောင်ဖြစ်နေမယ်။ အလွယ်တကူဖယ်လို့ရနေမယ်၊ဆိုရင်တော့ ဒါကပုံမှန်အတိုင်းထွက်တဲ့ မျက်ဝတ်ပါ။ အဝတ်စသန့်သန့်လေးနဲ့ဖယ်ပေးရင်ကိုလုံလောက်နေပါပြီ။ ဂွမ်းစလေးကိုရေနွေးလေးစွတ်ပြီး ဖယ်ပေးလို့လည်းရပါတယ်။

မျက်ရည်ပြွန် ပိတ်နေတာမွေးကင်းစ ကလေးငယ် ၁၀ ရာခိုင်နှုန်းမှာဖြစ်နေကျ မျက်လုံးပြဿနာတစ်ခုပါ။ အမြဲလိုလိုမျက်ရည်ထွက်နေတာကမြင်သာတဲ့ လက္ခဏာတစ်ခုပေါ့။ တစ်ခါတလေဆို မျက်ရည်တွေတောင်ကျနေတတ်ပါတယ်။ မျက်ဖြူသားနီတာမျိုးမရှိသလို မျက်ခွံရောင်တာမျိုးလည်းမရှိပါဘူး။ မျက်ရည်ခဏခဏထွက်နေတာကြောင့် မျက်လုံးမှာ ပိုးဝင်ကူးစက်တာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲအနေနဲ့ကတော့ မျက်ခွံတွေက မျက်ဝတ်တွေနဲ့ကပ်နေတာမျိုးဖြစ်လာနိုင်ပါတယ်။

မျက်လုံးထဲကို တစ်ခုခုဝင်တာ – မျက်လုံးထဲကို သဲ၊ ဖုန်မှုန့်နဲ့ မသန့်ရှင်းတဲ့အရာတစ်ခုခုဝင်တာကြောင့်လည်း မျက်ဝတ်တွေထွက်နိုင်ပါတယ်။ ဒီအစအနလေးတွေက မျက်ခွံအောက်မှာ ကပ်တွယ်နေတတ်ပါတယ်။ မဖယ်ရှားပေးဘူးဆိုရင် မျက်လုံးကနေမျက်ဝတ်တွေထွက်ပြီး ဒီအစအနတွေကို အပြင်ကိုပြန်ထွက်အောင်လုပ်ဆောင်ပေးပါတယ်။

ဘေဘီလေးတွေမှာထွက်တဲ့ မျက်ဝတ် ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

အကောင်းဆုံးကတော့ မျက်လုံးကို ရေနွေးနွေးလေး နဲ့ သန့်စင်ပေးတာပါ။ ဂွမ်းစသန့်သန့်လေးကို အသုံးပြုပေးဖို့လိုပါမယ်။ မျက်လုံးတွေကို သန့်စင်နေအောင်ဂရုစိုက်တာက မျက်လုံးကို ဘက်တီးရီးယားတွေ မကူးစက်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့ရည်ကိုလည်း အသုံးပြုပေးလို့ရပါတယ်။ မျက်လုံးထောင့်လေးတွေကို မိခင်နို့ရည်ညှစ်ထည့်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ မျက်စဉ်းတော့မခတ်ပါနဲ့။

ဒီလိုအခြေအနေဆို ဆရာဝန်နဲ့သွားပြပါ

  • မျက်ခွံတွေက နီရဲရောင်ရမ်းနေမယ်
  • အမြင်တွေဝါးနေမယ်
  • မျက်လုံးကနာတာကြောင့် ကလေးမျက်လုံးကို ပွတ်ပြီး ငိုနေမယ်
  • အဖျားတက်မယ်
  • ကလေးကိုကြည့်ရတာ မသက်မသာဖြစ်ပုံရမယ် ဆိုရင်တော့ အမြန်ဆုံးတတ်ကျွမ်းနားလည်သူနဲ့သွားရောက်ပြသသင့်ပါတယ်။

အခုပြောခဲ့တဲ့ လက္ခဏာတွေ ဘေဘီလေးမှာ မရှိဘဲ မျက်ဝတ်တွေ ထွက်နေမယ် ဆိုရင်တော့ သာမန်ထွက်တဲ့ မျက်ဝတ်ဖြစ်တာကြောင့် စိုးရိမ်စရာမလိုပါဘူးနော်။ဘေဘီလေးတွေလည်း ကိုယ်တွေလိုပဲ မျက်ဝတ်ထွက်တတ်ပါတယ် မေမေဖေဖေတို့ရေ……..

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eye – Pus or Dischargehttps://www.seattlechildrens.org/conditions/a-z/eye-pus-or-discharge/ Accessed Date 14 February 2019

Eye conditions in your babyhttps://www.aboutkidshealth.ca/Article?contentid=512&language=English Accessed Date 14 February 2019

Why Does My Newborn Have Eye Discharge?https://www.healthline.com/health/parenting/newborn-eye-discharge Accessed Date 14 February 2019

ယခုပုံစံ

11/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ဘေဘီလေးတွေသောက်သင့်တဲ့ ရေပမာဏ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement