backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

ဗိုက်ဗိုက်က နာတယ်၊ ဗိုက်အောင့်လိုက်တာလို့ သားသားမီးမီးလေးတွေကပြောတာကိုမေမေဖေဖေတိုင်းကြားဖူးကြမှာပါ။ ကလေးတွေက မအီမသာဖြစ်တဲ့အခါမှာ ခံစားရသမျှကို မဖော်ပြနိုင်ကြပါဘူး။ စကားမပြောတတ်သေးတဲ့အခါ ငိုတာမျိုး အမူအရာတစ်ခုခုလုပ်ပြတာမျိုးနဲ့ ခံစားရတဲ့ဝေဒနာကိုဖော်ပြတတ်ကြပါတယ်။ ကလေးက တစ်ခါတစ်လေမှာ ဗိုက်နာတာက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေမယ့် ကလေးက အချိန်တိုင်းလိုလို ဗိုက်ဗိုက် နာတယ်ပြောနေပြီဆိုရင်တော့ ကလေးငယ်က အစာခြေစနစ်ပြဿနာ ရင်ဆိုင်နေရတာဖြစ်ဖို့ များသွားပါပြီ။

ဒီလိုအခြေအနေမျိုး မကြာခဏကြုံတွေ့နေရပြီဆိုရင်တော့ ကလေးငယ်ရဲ့ အစာခြေစနစ်ပြဿနာကို သေသေချာချာ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ အကြောင်း ဖော်ပြပေးထားပါတယ်။

ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ ကတော့ –

  • ကလေး လေနာ (Colic)
  • ဝမ်းပျက် ဝမ်းလျှော (Diarrhea)
  • အစားအစာဓာတ်မတည့်မှု (Food Allergies)
  • အစာမကြေဖြစ်ခြင်း
  • အော့အန်ခြင်း

# ကလေးလေနာ

ကလေးကနေမကောင်းတာမျိုးလည်း မဟုတ်၊ ဗိုက်ဆာတာ၊သေးခံစိုနေတာ၊ အိပ်ချင်တာကြောင့်လည်း မဟုတ်ဘဲနဲ့ ကလေးက ခဏခဏငိုနေမယ်။ချော့လို့မရဘဲ အချိန်တော်တော်ကြာတဲ့အထိငိုနေမယ်ဆိုရင်တော့ ကလေးကလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဟာ ၃ လကနေ ၄ လအရွယ်မှာလေနာဝေဒနာကိုခံစားရနိုင်ခြေများပါတယ်။

ကလေးမှာလေနာဖြစ်နေမယ်ဆိုရင် –

  • တစ်နေ့ကို ၃ နာရီကျော်ကျော်လောက်ကို ငိုနေမယ်
  • တစ်ပတ်မှာ ၃ ရက်လောက်မက ငိုနေမယ်၊ ငိုတဲ့အချိန်မှန်မယ်
  • ကလေးက အကြောင်းအရင်းမရှိဘဲ ငိုနေတာက သီတင်းပတ် ၃ ပတ်ကျော်တဲ့အထိ ဆက်တိုက်ဖြစ်နေမယ် ဆိုရင် ကလေးကလေနာဖြစ်နေတာသေချာသွားပါပြီ။

# ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောတာတော့ သိသိသာသာမြင်နိုင်တဲ့ ကလေးငယ်ရဲ့ အစာခြေစနစ်ပြဿနာပါ။ ကလေးက ဝမ်းအရည်တွေသွားနေမယ်။ ခဏခဏ အင်းအင်းပါနေတယ်ဆိုရင်တော့ ဘေဘီလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပါပြီ။ ဝမ်းပျက်ဝမ်းလျှောက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာဆိုပေမယ့် ဝမ်းလျှောတာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပြင်ပကို စွန့်ထုတ်တဲ့ ဇီဝဖြစ်စဉ်တစ်ခုပါ။ ဝမ်းလျှောတာ ၁ ရက် ၂ ရက်လောက်ဆိုရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ၂ ရက်ကျော်တဲ့အထိမှ ဝမ်းလျှောတာက မသက်သာဘူးဆိုရင်တော့ ဝမ်းလျှောတာက အခြားကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းနဲ့ အစာခြေစနစ်အတွင်းမှာပြဿနာရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူလိုက်ပါ။

# အစားအစာဓာတ်မတည့်မှု

အစားအစာဓာတ်မတည့်တာက စားလိုက်တဲ့ အစားအစာတစ်ခုခုကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့ အခါမျိုးမှာဖြစ်ပေါ်တဲ့ အစာခြေစနစ်ပြဿနာတစ်မျိုးပါ။ တစ်ခါတစ်လေမှာ ကလေးစားသုံးလိုက်မိတဲ့ အစားအစာက ကျန်းမာရေးကိုထိခိုက်တာမျိုးဖြစ်စေနိုင်တဲ့အခါမှာလည်း ကလေးရဲ့ ကိုယ်ခံအားတုံ့ပြန်တိုက်ခိုက်တဲ့အခါ အစားအစာဓာတ်မတည့်မှုဖြစ်လာနိုင်ပါတယ်။

ကလေးက –

  • အရေပြားမှာ အင်ပြင်ထွက်မယ်၊
  • အသက်ရှုကြပ်လာမယ်၊
  • အရေပြားတွေ ယားယံလာမယ်၊
  • အသက်ရှုရခက်လာမယ်၊
  • ဗိုက်အောင့်မယ်၊
  • အော့အန်မယ်၊
  • ဝမ်းသွားမယ်ဆိုရင်တော့ ကလေးက အစားအစာဓာတ်မတည့်မှုဖြစ်နေပါပြီ။

# အစာမကြေဖြစ်ခြင်း

ကလေးတွေက သူတို့မှာ မအီမသာဖြစ်နေတာမျိုးကိုကောင်းကောင်းမဖော်ပြတတ်ပါဘူး။ စားလိုက်တဲ့အစားအစာက အစာကြေခဲတာ၊ အအေးမိထားတာကြောင့် အစာခြေစနစ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါမျိုးမှာ အစာမကြေတာကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေ လူကြီးတွေမှာတောင် အစာမကြေတာက ရင်ထဲတင် ပြည့်နေတာမျိုး မဟုတ်ဘဲ ခေါင်းထဲကပါ မူးနေသလို ကိုက်နေသလိုလိုနဲ့ မအီမသာ ဖြစ်နေတတ်ပါတယ်။

ထိုးအန်လိုက်မှ သက်သာသွားတာမျိုးပါ။ လူကြီးတွေတောင်ဖော်ပြဖို့ခက်တဲ့ ဒီအခြေအနေတွေကို ကလေးက ဘယ်လိုများ လိပ်ပတ်လည်အောင်ပြောတတ်ပါ့မလဲနော်။ ဒါကြောင့် ကလေးကမအီမသာနဲ့ ငိုနေမယ်၊ ဂျီကျနေမယ်ဆိုရင် သူတို့လေးတွေမှာ အစာမကြေတဲ့ဝေဒနာကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်နိုင်မယ့်နည်းလမ်းက ကလေးကို အစာကြေခဲတာမျိုးတွေမကျွေးပါနဲ့။ အစားအများကြီးတစ်ခါတည်းမကျွေးပါနဲ့။

# အော့အန်ခြင်း

ကလေးမှာအော့အန်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ အဖျားရှိနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ကားမူးတာအစာမကြေတာနဲ့ အမျိုးမျိုးသောအကြောင်းတွေကြောင့် အော့အန်နိုင်ပါတယ်။ ဒီလိုအော့အန်တဲ့နေရာမှာ အစာခြေစနစ်ကို ပိုးဝင်ကူးစက်မှုကြောင့် အော့အန်တာကတော့ စိုးရိမ်ရတဲ့ အကြောင်းအရင်းပါ။ တစ်ခါတစ်လေမှာ ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် အော့အန်နေတာမျိုးလည်းရှိနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးက ကလေးရဲ့ ခန္ဓာကိုယ်တွင်းက ရေဓာတ်တွေကို တော်တော်လေးဆုံးရှုံးစေတဲ့ အနေအထားဖြစ်စေတဲ့အတွက် ကလေးကို မိခင်နို့၊ရေ၊ကြက်စွပ်ပြုတ်၊ ဓာတ်ဆားလိုမျိုး ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အရည်ဓာတ်တွေကို ရရှိအောင်လုပ်ဆောင်ပေးပါ။

ဘယ်လို ဂရုစိုက်ပေးမလဲ

ကလေးကို အစာခြေစနစ် ပြဿနာ ကင်းကင်းနဲ့ အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင်

  • အာဟာရ ပြည့်ဝအောင် ကျွေးပါ
  • အစာအစာတွေ သန့်ရှင်းရေးကို ဂရုစိုက်ပါ
  • သေချာ ချက်ပြုတ်ပြင်ဆင်ထားတာတွေကို ပြင်ဆင်ပေးပါ
  • အခိုးအစား မှန်ကန်စွာ ကျွေးပါ
  • ဆီကြော်စာတံ အစာ ပေါင်းထားတာ၊ ပြုတ်ထားတာမျိုးကို ပြင်ဆင်ပေးပါ
  • အသား၊ ငါးတွေကို သေချာ ကျက်အောင် ချက်ပါ
  • အစားမစားခင် လက်ဆေးခိုင်းပါ
  • ကလေးအတွက် ပြင်ဆင်ပေးတဲ့ ပန်းကန်ခွက်ယောက်တွေကို သေချာ ဆေးကြောပေးပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
  • သန့်ရှင်းတဲ့ သောက်ရေ ပြင်ဆင်ပေးပါ။

အခုပြောခဲ့တဲ့ နည်းလမ်းလေးတွကို လုပ်ဆောင်ပေးမယ်ဆိုရင် ကလေးက အစာခြေစနစ်ပြဿနာ ကင်းဝေးတဲ့အခါပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်အဖြစ်ကြီးထွားဖွံ့ဖြိုးလာမှာပါ။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးလေးတွေကို အစာခြေစနစ်ပြဿနာ ကင်းစင်တဲ့ ကလေးငယ်လေးတွေဖြစ်အောင် ဂရုစိုက်ပေးနိုင်ကြပါစေကြောင်း အကြံကောင်းတွေ ပါးလိုက်ရပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement