backup og meta

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ဆိုရိုးက မှန်သင့်တဲ့နေရာမှာမှန်ပေမယ့် အချို့သောအရာတွေကသေချာမဆန်းစစ်ဘဲ လက်ခံလာခဲ့ကြ လက်ဆင့်ကမ်းလာခဲ့ရင်းက မှားယွင်းတဲ့အယူအဆတွေကို လက်ခံထားမိရက်သားဖြစ်နေတတ်ကြပါတယ်နော်။ အယူအဆအမှားဆိုပေမယ့်စေတနာနဲ့စိတ်ပူပြီးပြောရာကနေဖြစ်ပေါ်လာတဲ့ အယူအဆအမှားတွေပါ။ ဒီတစ်ခေါက်တော့ရှေးထုံးမပယ်ဘဲ လုပ်မိနေတဲ့ မိခင်နို့တိုက်ကျွေးခြင်းနဲပပတ်သက်တဲ့ အယူအဆအမှားတွေအကြောင်းပြောပြချင်ပါတယ်နော်။

မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့သိထားမိနိုင်တဲ့ အယူအဆအမှားအချို့

နို့တိုက်မိခင်က အစားမားများစားမှ နို့လုံလောက်အောင်တိုက်နိုင်မယ်

ဒါကမမှန်ပါဘူး။ နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ ပုံမှန်စားနေကျအတိုင်းစားရင်ကို အာဟာရလုံလောက်နေပါပြီနော်။ နို့တိုက်နေရလို့ဆိုပြီး အစားတွေအများကြီးပိုစားဖို့တော့မလိုပါဘူး။ အာဟာရမျှတစွာနဲ့ ပုံမှန်စားနေကျအတိုင်းအတာ အတိုင်းပဲစားပေးပါနော်။ အစားတွေအများကြီးစားရင်းက မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။

နို့တိုက်နေရလို့ ရေများများသောက်ရမယ်

နို့တိုက်မေမေဖြစ်လို့ဆိုပြီး တစ်ချိန်လုံးရေသောက်နေစရာတော့မလိုပါဘူးနော်။ရေဆာတဲ့အချိန်မှာတော့ရေသောက်ရမှာမှန်ပေမယ့်ရေမဆာဘဲ ကလေးနို့တိုက်နေရလို့ဆိုပြီး မဖြစ်မနေသောက်တာမျိုးတော့မလုပ်ပါနဲ့။

ကလေးနို့အများကြီးသောက်တာက နို့မဝဘူးဆိုတဲ့အဓိပ္ပါယ်ပါ

မိခင်နို့က အစာကြေလွယ်ပါတယ်။မေမေ့နို့ပဲသောက်နေရတဲ့ဘေဘီလေးက ခဏခဏဆာနေတာကပုံမှန်ပါပဲ။ ဒါကြောင့် ကလေးကနို့ခဏခဏသောက်တာဟာ နို့မဝလို့မဟုတ်ပါဘူး။ ဘေဘီလေးရဲ့အစာအိမ်လေးကလည်းသေးမေမေ့နို့ကလည်း အစာကြေလွယ်တော့ဘေဘီလေးခဏခဏနို့သောက်ရပြီပေါ့။ ကလေးက ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါနို့သောက်တာက ပုံမှန်ပါနော်။

ကလေးကိုနို့မတိုက်ခင် နို့သီးခေါင်းတွေဆးဖို့လိုမယ်

ဒါကလည်းဘေဘီလေးတွေကို စိုးရိမ်လွန်ရာကနေဖြစ်လာတဲ့ ယုံတမ်းစကားတစ်ခုပါ။ ကလေးတွေဟာမွေးဖွားလာစဉ်ကတည်းကမေမေ့ရဲ့ ကိုယ်နံ့ နဲ့အသံတို့ကို ရင်းနှီးပြီးသားပါ။ နို့သီးခေါင်းမှာ အနံ့တစ်ခုရှိနေသလိုဘေဘီလေးတို့ကို ကိုယ်ခံအားေကာင်းစေနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတွေရှိနေပါတယ်။ ဒါကြောင့် ကလေးကိုနို့တိုက်နေရတဲ့မေမေတွေအနေနဲ့ရေချိုးချိန်မှာ နို့သီးခေါင်းကိုသေချာဆေးကြောပေးရင်ကို လုံလောက်ပါပြီနော်။

နို့တိုက်နေရလို့ အစားတွေကို အဖြူထည်ပဲ စားရမယ်

နို့တိုက်မေမေမှ မဟုတ်ပါဘူး။ သက်ရှိတိုင်းဟာ အာဟာရမျှတဖို့လိုမှာပါ။ ဒါကြောင့် လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ အစားအစာတွေကို ပုံမှန်စားနေကျအတိုင်းပဲစားပေးပါ။ ကလေးဟာမေမေ့ဗိုက်ထဲမှာရှိစဉ်ကတည်းက အစားအစာတွေနဲ့ ထိတွေ့လာပြီးသားဖြစ်တာကြောင့် ဘာမှ သိပ်မထူးသွားပါဘူး။ ဒါကြောင့်နို့တိုက်နေရပေမယ့်လည်း အာဟာရကို မျှတအောင်စားပေးပါ။

လေ့ကျင့်ခန်းလုပ်တာက နို့ရဲ့အရသာကို ထိခိုက်စေနိုင်တယ်

လေ့ကျင့်ခန်းလုပ်တာက နို့တိုက်မေမေကို ပိုတောင်ကျန်းမာစေနိုင်ပါသေးတယ်။ နို့တိုက်မေမေအနေနဲ့လေ့ကျင့်ခန်းလုပ်တာကြောင့် နို့ရဲ့ အရသာကိုထိခိုက်သွားတာမျိုးမရှိပါဘူး။

ဖျားနေရင် နို့မတိုက်ရဘူး

သာမန်ဖျားနာတာလောက်ကတော့ နို့တိုက်လို့ရပါတယ်နော်။ ကူးစက်နိုင်တဲ့ရောဂါအခံတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကလေးကို နို့မတိုက်သင့်ပါဘူးနော်။ ဒါကြောင့်အဖျားသွေးရှိနေရင်လည်းဘေဘီလေးကိုနို့ဆက်တိုက်ပါ၊လို့ပြောပါရစေနော်။

ဆေးတစ်ခုခုသောက်ထားရင် ကလေးကိုနို့မတိုက်ရဘူး

ဒါကတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ရမယ့် ကိစ္စပါ။ဆေးတွေကို ဘယ်အချိန်သောက်ရမယ်။ ဘယ်အချိန်မှာ နို့တိုက်ရမလဲဆိုတာကို ဆရာဝန်နဲ့သေချာလေးတိုင်ပင်ကြည့်ပါ။ဆေးသောက်ထားတိုင်းကလေးကို နို့မတိုက်ရဘူးဆိုတာကတော့ အပြည့်အဝမမှန်ပါဘူး။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Myths About Breastfeedinghttps://www.webmd.com/parenting/baby/features/breastfeeding-myths#3 Accessed Date 12 April 2019

Busted: 14 myths about breastfeedinghttps://www.unicef.org/parenting/food-nutrition/14-myths-about-breastfeeding Accessed Date 12 April 2019

More Breastfeeding Mythshttps://www.canadianbreastfeedingfoundation.org/basics/myths2.shtml Accessed Date 12 April 2019

ယခုပုံစံ

27/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

နို့တိုက်မေမေ သံပုရာရည် သောက်လို့ရလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement