ကလေးတွေအတွက်သံဓါတ်က ဘာလို့အရေးကြီးတာလဲ။
သံဓါတ်ဟာကလေးကြီးထွားဖွံ့ဖြိုးဖို့မရှိမဖြစ်လိုအပ်ပါတယ်။ သံဓါတ်ကအောက်စီဂျင်ကိုအဆုတ်ကနေတစ်ကိုယ်လုံးကိုပို့ဆောင်ပေးပါတယ်။ ပြီးတော့ကြွက်သားတွေအောက်စီဂျင်ကိုသုံးဖို့နဲ့သိုလှောင်ဖို့ကိုကူညီပေးပါသေးတယ်။ သင့်ကလေးကသံဓါတ်ပါသောအစာများမစားပါကသံဓါတ်ချို့တဲ့ခြင်းကိုခံစားရနိုင်ပါတယ်။