ဒူးအပြင်ဘက်ဘေးအရွတ်တွဲ ပြဲခြင်း ဒူးအတွင်းဘက်ကနေ ဖိအားတစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ခိုက်မိရင်၊ ဘောလုံးကန်ရင်း ဒူးအတွင်းဘက်ကို ထိမိတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အတွင်းဘက်အရွတ်ပြဲသလိုမျိုး လက္ခဏာတွေ တွေ့ရတတ်ကပါတယ်။

အရိုးနုအခံပြား ပြဲခြင်း
ဒီအရိုးနုအခံပြားတွေက ဒူးဆစ်အတွက် shock absorbersတွေလိုပါပဲ။ ဒူးဆစ်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ဒူးဆစ်ကို ရုတ်တရက် လှည့်တာ၊ လည်ထွက်သွားတာမျိုးတွေဆိုရင် အရိုးနုအပြားလေးတွေ ပြဲတတ်ပါတယ်။
ချက်ချင်းဆိုသလို ဒူးဆစ်နာတာ၊ တောင့်တာတွေ ခံစားရပြီး လှုပ်တာနဲ့ ဒူးဆစ်ကနေ အသံထွက်လာနိုင်ပါတယ်။ အရိုးနုခံပြား ပြဲတာက ဒူးဆစ်အရှေ့အရွတ်ပြဲတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။
အသက် ၄၀နဲ့အထက်တွေမှာလည်း အရိုးနုတွေ ပါးလာတာကြောင့် အကြောင်းအရင်းမရှိဘဲ ဒူးချောင်တတ်ပါတယ်။
ဂုံညင်းရိုး ချောင်ခြင်း
ဂုံညင်းရိုးကို ဒူးဆစ်မှာ ငြိမ်နေအောင် အရွတ်တွေ၊ အရွတ်တွဲတွေနဲ့ ထိန်းထားတာပါ။ ပုံမှန်ဆိုရင် လှုပ်ရှားမှု လုပ်တိုင်းမှာ ဂုံညင်းရိုးက အလိုက်သင့်လေး မြောင်းလေးတစ်ခုပေါ်မှာ အပေါ်အောက် ရွေ့နေပါတယ်။ ဒီလိုဖြစ်အောင်လည်း အရွတ်တွေက ဝိုင်းထိန်းပေးထားတာပါ။
ဂုံညင်းရိုးကို တိုက်ရိုက်ထိခိုက်မိရင် (ဥပမာ မတော်တဆမှုတွေ၊ အားကစားလုပ်ရင်း ထိမိတာတွေကြောင့်) မြောင်းလေးကနေ ချော်ထွက်သွားတတ်ပါတယ်။ ဒါကို ဂုံညင်းရိုးချော်တယ်လို့ ခေါ်ပါတယ်။ တစ်ခါတလေ ဒူးကို အလှည့်မတော်ရင်လည်း ဂုံညင်းရိုး ပြုတ်ထွက်သွားပြီး ဒူးချောင်တတ်ပါတယ်။
Plica Syndrome
Plica syndrome ဆိုတာက ဒူးဆစ်ထဲမှာရှိတဲ့ အမြှေးပါးလေးတွေ ရောင်ရမ်းတာပါ။ ရုတ်တရက် ဒူးကို ကွေးလိုက်တာ၊ ညွတ်လိုက်တာတွေမှာ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ဒူးဆစ်ကို အသုံးများတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ လက္ခဏာက အရိုးနုပြဲတာနဲ့ တော်တော်တူပါတယ်။ ဒူးမခိုင်ဘဲ လဲကျမလို ခံစားချက်ရပါတယ်။
အဆစ်ရောင်တာ
အထူးသဖြင့် အသက်ကြီးလာလို့ ဒူးဆစ်ပွန်းပြီး ရောင်တဲ့အခါ အရိုးနုတွေစားပြီး ပါးလာပါတယ်။ ဒီတော့ ဒူးမခိုင်တော့ပါဘူး။
အာရုံကြောထိခိုက်တာ
အထူးသဖြင့် ပေါင်အာရုံကြောထိခိုက်တဲ့အခါ ဒူးမခိုင်တာ၊ ဒူးညွတ်တော့မလို ခံစားရတတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ၊ အရက်ကို နှစ်အကြာကြီး သောက်သူတွေ၊ multiple sclerosis ရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဒူးမခိုင်တာအပြင် ဒူးမှာ ထုံတာ၊ ကျဉ်တာတွေပါ ခံစားရတတ်ပါတယ်။
ဘယ်သူတွေ ဒူးချောင် တတ်သလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။