အာသာဖြေခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလောက်တော့ မဟုတ်ပါဘူး။ ပျမ်းမျှပြောရမယ်ဆိုရင် တစ်ကြိမ်အာသာဖြေရင် ကယ်လိုရီပမာဏ ၅-၆ လောက်ကိုပဲ လောင်ကျွမ်းစေနိုင်တာပါ။ တကယ်လို့ ကိုယ်က မြန်မြန်ပြီးမြောက်လေလေ လောင်ကျွမ်းနိုင်တဲ့ ပမာဏနည်းလေလေပါပဲ။
အထွတ်အထိပ်ရောက်မှု၊ ခက်ခဲမှု၊ အချိန်ကြာမှုနဲ့ စိတ်အားထက်သန်မှုတွေပေါ်မူတည်မှာဖြစ်ပေမယ့် အလွန်ဆုံး လောင်ကျွမ်းနိုင်တဲ့ ပမာဏက ၁၀ ကယ်လိုရီသာဖြစ်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည်အာသာဖြေတာဟာ ဝိတ်ကျစေဖို့ အထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။
ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လုပ်လို့တော့ရပါတယ်။ ဒီလိုလုပ်ချင်တယ်ဆိုရင် အောက်ပါ နည်းစနစ်တွေကို လိုက်နာဖို့တော့ လိုအပ်ပါလိမ့်မယ်။
- လက်ချောင်းတွေကို ပိုပြီး မြန်မြန်နဲ့ ပြင်းပြင်းထန်ထန်လှုပ်ရှားတာ၊
- စိတ်ခံစားမှုပိုကောင်းမွန်စေဖို့ Toy တွေ အသုံးပြုတာ၊
- အနေအထားအမျိုးမျိုးစမ်းသပ်ပြောင်းလဲကြည့်တာ၊
- ကိုယ်အနှစ်သက်ဆုံး နေရာ၊ အခြေအနေကို စမ်းသပ်ရှာဖွေပြီး စိတ်ကျေနပ်မှု အပြည့်အဝအရအောင်ဖန်တီးတာမျိုးတွေကို ပြုလုပ်ဖို့ပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။