သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

    ဇက်ကြောတောင့်နေရင် ချိုးလိုက်ပါဦး..ဖြောင်းခနဲမြည်အောင်

    ဇက်ကြောလေးတက်တယ်၊ညောင်းလာတယ်ဆိုတာနဲ့ ဇက်ကလေးဘယ်ညာစောင်းပြီးဖြောင်းခနဲချိုးလိုက်တာပဲလား။ ကိုယ့်အနီးအနားကလူတွေရော အဲ့လိုအညောင်းဖြေတာ မကြာခဏကြားနေရလား။တော်တော်များများက လက်ဆစ်တွေချိုးတယ်၊ ဇက်ကို လှည့်တယ် အသံမြည်တဲ့အထိ ဆတ်ခနဲ ဆတ်ခနဲရယ်။ ဒီလိုလုပ်လိုက်ရင် ပခုံးကြော၊ ဇက်ကြောတွေပြေသွားတယ်၊ပေါ့ပါးသွားတယ်လို့ ခံစားရတယ်လေ။ တကယ်တော့ အများစုက တကယ်သက်သာတာထက် အကျင့်ပါနေတော့ စိတ်ထင်တာလည်းပါပါတယ်။

    ဒါပေမယ့် ဒီလိုချိုးတာ လုံးဝမကောင်းတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေပါတယ်နော်။ ဇက်ကိုချိုးတာ၊လေ့ကျင့်ခန်းလုပ်တာကတော်တန်ရုံဆို ထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားပုံ နည်းမမှန်တာ၊ အရမ်းကိုမကြာခဏလုပ်လွန်းတာ၊ သိပ်ကြမ်းလွန်းတာတွေကြောင့် ဇက်ကြောတက်မသက်သာဘဲ ပိုဆိုးနိုင်တဲ့အပြင် နာကျင်ရနိုင်ပါတယ်။

    ဘာလို့အသံမြည်တာလဲ

    ဇက် အပါအဝင် ဘယ်အဆစ်ကိုပဲချိုးချိုး အဆစ်နားတဝိုက်က အရည်အိတ်အလွှာတွေပြန့်သွားပါတယ်။ အဲဒီအလွှာမှာ အရည်တွေပါဝင်တာဖြစ်ပြီး ဒီလိုပြန့်သွားရင် အရည်တွေကို အဆစ်ပေါ်ဖိအားလျော့သွားစေပါတယ်။

    ဖိအားလျော့သွားလေ အဆစ်ထဲကအရည်တွေက အငွေ့ဖြစ်သွားလေဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် အသံမြည်လာပါတယ်။ ဒီဖြစ်စဉ်ကိုboiling သို့မဟုတ် cavitation လို့ခေါ်ပါတယ်။ ပုံမှန်တော့ အန္တရာယ်မရှိတတ်ပါဘူး။

    ဇက်ကြောဆိုတာက လှုပ်ရှားလို့ကောင်းစေဖို့ သဘာဝကဖန်တီးထားတဲ့ ကျောရိုးရဲ့အဆစ်တွေစုပေါင်းထားတာဖြစ်ပါတယ်။ လည်ပင်းဘေးတစ်ဖက်စီမှာရှိနေတဲ့ ဒီအဆစ်တွေဟာ ကိုယ်ကဇက်ကြောချိုးလိုက်တိုင်း အထက်ကဖြစ်စဉ်အတိုင်းဖြစ်လာမယ်၊နောက်ဆုံး အသံမြည်လာပြီး ဇက်ကြောမှာ ဖိအားလျော့သွားတဲ့ခံစားချက်ကိုရစေတာပါ။

    အဆစ်ချိုးလို့ကောင်းကျိုးရှိလား

    ဇက်ကြောလျှော့တာကနေရသက်သာစေတယ်ဆိုပေမယ့် မကြာခဏလုပ်မယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။လေ့လာမှုတစ်ခုအရ ဇက်ကြောချိုးလိုက်တဲ့ တဖြောင်းဖြောင်းအသံထွက်လာရင်နေရသက်သာသွားတယ်လို့ ခံစားရတာ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုရှိနေတယ်လို့တွေ့ရပါတယ်။

    တစ်ခါတလေ ဇက်ကြောတောင့်ေနတာ တကယ်ပေါ့သွားသလားတောင် သတိမထားမိဘဲ ဒီအသံမြည်တာနဲ့တင်ပေါ့သွားသလိုခံစားရတာ၊ အကြောတင်သွားလို့ ဇက်ချိုးလိုက်တာပြန်တည့်သွားတယ်တောင်ပြောကြတာတွေရှိပါတယ်။ ဒါကို စိတ်ကြောင့်သက်သာရာရတဲ့placebo effect လို့ခေါ်ပါတယ်။

    ဇက်ကြောချိုးခြင်းက လည်ပင်းအဆစ်ဧရိယာမှာ အန်ဒိုဖင်(endorphin) ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေကို ပစ်ကျူထရီဂလင်းကနေထုတ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ကို နာကျင်မှုသက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ ဇက်ကြောချိုးလိုက်တဲ့အခါ အန်ဒိုဖင်ဟော်မုန်းတွေကြောင့် စိတ်ကျေနပ်မှုနဲ့ စိတ်သက်သာမှုကိုခံစားရတာဖြစ်ပါတယ်။

    ဘာအန္တရာယ်ရှိနိုင်လို့လဲ

    ဇက်ကြောချိုးတာက အခန့်မသင့်ရင်၊နည်းမမှန်ရင်၊ မကြာခဏလုပ်လွန်းရင် အရိုးအဆစ်ကိုထိခိုက်စေနိုင်ပါတယ်။

    တော်တန်ရုံအညောင်းပြေရုံမဟုတ်ဘဲ အားကြီးနဲ့ဖြောင်းခနဲမြည်အောင်ချိုးတာက လည်ပင်းတဝိုက်က အာရုံကြောတွေကို ထိုးဆွသလိုဖြစ်စေပါတယ်။ ဒီလိုနဲ့ အာရုံကြောတွေကိုနာကျင်စေပြီး လည်ပင်းလှုပ်မရအောင် ဇက်ခိုင်သွားတာမျိုးုဖြစ်စေနိုင်ပါတယ်။

    ခဏခဏကို ဇက်ကြောချိုးမိနေတာကလည်း အဆစ်မှာရှိတဲ့ အရွတ်တွဲတွေကို အနေအထားပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလိုနဲ့ အဆစ်နာ (osteoarthritis)ဖြစ်လာနိုင်တဲ့အန္တရာယ်ပိုများစေပါတယ်။

    လည်ပင်းဇက်ကြောဆိုတာ အရေးပါတဲ့ သွေးကြောကြီးတွေရှိတဲ့နေရာမို့ ဇက်ကြောချိုးလွန်းရင်၊ပြင်းထန်ရင်သွေးကြောတွေကို ထိခိုက်စေ၊ ပေါက်ပြဲလာစေနိုင်တယ်။ အဲဒီကနေသွေးခဲပိတ်ဆို့တာဖြစ်စေနိုင်ပြီး ဦးနှောက်ကိုသွေးပို့လွှတ်မှု အနှောင့်အယှက်ဖြစ်သွားရင် အန္တရာယ်ရှိနိုင်ပါတယ်။

    တကယ်လို့ –

    • လည်ပင်းမှာ ပုံမှန်မဟုတ်တဲ့ရောင်ရမ်းမှုတစ်ခုခုဖြစ်လာရင်
    • ဇက်ကြောမှာ နာကျင်လာရင်(အထူးသဖြင့် အကြောင်းရင်းသေသေချာချာမရှိဘဲ ကြာရှည်နာကျင်လာရင်)
    • အဆစ်တွေ လှုပ်ရှားရခက်လာရင် (အသက်အရွယ်ကြောင့်လည်းဖြစ်နိုင်တယ်၊ အဆစ်နာရောဂါကြောင့်လည်းဖြစ်နိုင်တယ်) ဆရာဝန်ပြပါ။ ကုသမှုအပြင် လိုအပ်တဲ့ နေထိုင်မှုပုံစံတွေ၊ လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်ကုထုံးဆရာဝန်က အကြံပေးပါလိမ့်မယ်။ ဇက်ကြောတက်တဲ့အခါ လုပ်လို့ရတဲ့လေ့ကျင့်ခန်းတွေကိုနောက်ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။
    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 27/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: