backup og meta

နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း

    စားလိုက်တဲ့ အစားအသောက်တွေက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေတာအပြင် နောက်ထပ် ကောင်းကျိုး တစ်ရပ် ရှိပါသေးတယ်။ ဒီကောင်းကျိုးလေးကတော့ ဘာလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

    ဒါကတော့ အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည် အဆစ် နာကျင်တာနဲ့ ကြွက်သား နာကျင်တာတွေကို သက်သာစေပါတယ်။ ကြွက်သားတွေ အမြဲလိုလို နာနေတယ်။ အဆစ်တွေ နာနေတယ်။ ဘာစားရမလဲ မသိဘူးဖြစ်နေရင် ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်နော်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေက ဘာတွေ ထောက်ကူပေးသလဲ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက

    • ထိခိုက်မှုကြောင့် ပျက်စီးထိခိုက်နိုင်ခြေ နည်းစေတယ်
    • အာရုံကြော နာကျင်မှုကို လျော့ပါး သက်သာစေတယ်
    • နာကျင်မှု ခံစားရတာကို လျော့ပါးစေတယ်
    • ရောင်ရမ်းမှုကို လျော့ပါးစေတယ်။

    အမြန်စား အစားအစာတွေ၊ အသင့်စားအစားအစာတွေက နာကျင်မှုကို ပိုဆိုစေပြီး နာတာရှည်ရောဂါတွေ၊ နာတာရှည် နာကျင်ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။

    အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေကလည်း အမြန်စား၊ အသင့်စား အစားအစာတွေ နည်းတူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို ရှိသင့်တာထက် ပိုများစေတာ၊ အဝလွန်တာတွေ ဖြစ်စေပြီး အဆစ်တွေ ထိခိုက် တာ၊ ကြွက်သားတွေ နာကျင်တာကို ဖြစ်စေနိုင်ပါတယ်။

    နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း

    နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း ဖြစ်စေဖို့ဆိုရင်

    Tart Cherries

    Tart cherriesမှာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေပါတယ်။ Tart cherriesမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့ cyanidine က အဆစ် နဲ့ ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။ အက်စပရင်ထက် ပိုပြီးနာကျင်မှုကို သက်သာစေနိုင်ပါတယ်။

    ဂေါက်ရောဂါ၊ လေးဖက်နာတို့ကြောင့် အဆစ်တွေ နာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    ပဲပိစပ်

    ပဲပိစပ်က ပရိုတင်း ကြွယ်ဝသလို ဓာတ်တိုးတာကို နှေးစေတဲ့ ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

    ပင်လယ်ငါး

    ငါးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နှလုံးရောဂါ ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။

    Omega-3 fatty acids ပါဝင်မှုက နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် Omega-3 fatty acids ကြွယ်ဝတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးတို့ကို စားပေးပါ။

    နနွင်း

    နနွင်းမှာ ကင်ဆာကို တိုက်ဖျက်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့ curcumin ဒြပ်ပေါင်း ပါဝင်နေပါတယ်။ curcumin ကနာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

    ဗီတာမင် D 

    ဗီတာမင် D ချို့တဲ့တာက နာတာရှည် နာကျင်မှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်မှုကို သက်သာစေဖို့ဆိုရင် ဗီတာမင် D ကြွယ်ဝတဲ့ ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါး၊ ထရောက်ငါးတို့ကို စားပေးပါ။

    အနက်ရောင် ချောကလက်

    အနက်ရောင် ချောကလက်မှာပါတဲ့ ကိုကိုးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်ရောင်ရမ်းမှုကို ခံစားနေရတယ်ဆိုရင် အနက်ရောင်ချောကလက်လေး စားပေးပါ။

    သစ်သီးနဲ့ ဟင်းသီးဟင်းရွက်

    နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ဆိုရင်

    • ကန်စွန်းရွက်
    • ဟင်းနုနွယ်
    • ပင်စိမ်း
    • ကိုက်လန်
    • ငရုတ်ပွ
    • ပန်းဂေါ်ဖီစိမ်း
    • မုန်လာဥနီ
    • ပန်းဂေါ်ဖီ
    • Cranberries
    • စပျစ်သီး
    • ဘလူးဘယ်ရီတို့ကို​ စားပေးပါ။

    သံလွင်ဆီ

    နာတာရှည် နာကျင်ရောင်ရမ်းသူတွေအနေနဲ့ ဟင်းချက်တဲ့အခါ အခြားဆီတွေအစား သံလွင်ဆီကို သုံးပေးပါ။

    ရေနွေးကြမ်း

    လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်း၊ လက်ဖက်စိမ်း ရေနွေးကြမ်း၊ ဆေးဖက်ဝင် အပင်တွေထည့်သွင်းဖော်စပ်ထားတဲ့ ရေနွေးကြမ်းတွေက နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement