backup og meta

ရုပ်ပျို ကိုယ်နုစေဖို့ ကူညီပေးမယ့် အစားအသောက် လေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုပ်ပျို ကိုယ်နုစေဖို့ ကူညီပေးမယ့် အစားအသောက် လေးတွေ

    နုပျို ချင်တယ်၊ အရွယ်တင်ချင်တယ် ဆိုရင် အရင်ဆုံး စကင်န်ကဲ မယ်၊ အဲဒီနောက် မျက်နှာကို ကြိုးထိုးမယ်၊ Filler ထိုးမယ်၊ ပေါင်းတင်မယ်၊ အလှပြုပြင်ခွဲစိတ်မယ် စတဲ့ နည်းလမ်းတွေကို စဉ်းစားတတ်ကြတယ်။

    ဒါပေမယ့် မျက်နှာတင် မကဘဲ တစ်ကိုယ်လုံးရဲ့ အသားအရေ တင်းရင်း နုပျို စေဖို့၊ သဘာဝအတိုင်း အရွယ်တင်စေဖို့ ကူညီပေးမယ့် အာဟာရဓာတ်တွေကို မေ့မထားသင့်ပါဘူး။ ခန္ဓာကိုယ်မှာ မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေက အရေပြားကို အားဖြည့်ပေးနိုင်တာကို သတိရလိုက်ပါ။

    ဘယ် အစားအစာ တွေက ကူညီပေးနိုင်မလဲ

    ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအရွက်တွေ စားသုံးတာက အသားအရေ နုပျို စေတဲ့ အကြောင်းရင်းတစ်ချက် ဆိုတာ သုတေသနပညာရှင်တွေက ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။

    အရေးအကြောင်းတွေ၊ ရင့်ရော်မှုတွေနဲ့ ပတ်သက်တဲ့ ကုစားမှုရလဒ်ကောင်းတွေကို အသီးအရွက်တွေဆီကနေ ရရှိနိုင်ပါလိမ့်မယ်။ အရွယ်တင် နုပျို စေဖို့ ကူညီပေးမယ့် အစားအစာတချို့ကို ဖော်ပြလိုက်ပါတယ်။

    ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C ၊ K ၊ အမျှင်ဓာတ် နဲ့ မျက်စိကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ Lutein ၊ သံဓာတ် ချို့တဲ့သွေးအားနည်းခြင်းကို ကာကွယ်ပေးတဲ့ ဖောလိတ် တို့အပြင် အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်ပါ ပါဝင်တာကြောင့် သူတစ်ခုတည်းနဲ့တင် အသားအရေ အတွက်ရော၊ အရိုးနဲ့ မျက်စိကျန်းမာရေး အတွက်ပါ အာဟာရပြည့်စေနိုင်ပါတယ်။

    ခန္ဓာကိုယ်မှာ အရေပြားတင်းရင်းမှုကို အားဖြည့်ပေးတဲ့ ကော်လာဂျင်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် ဗီတာမင် C ကို လိုအပ်ပါတယ်။

    ကန်စွန်းဥ

    ကန်စွန်းဥ မှာ beta-carotene လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းကြောင့် အသားအရေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် အပြင် နူးညံ့ချောမွေ့မှု နဲ့ နုပျို မှု ကိုပါ ရရှိနိုင်ပါတယ်။

    ဘလူးဘယ်ရီ

    ဘလူးဘယ်ရီ မှာ ဗီတာမင် A နဲ့ C အပြင် အရွယ်တင်နုပျိုစေတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin လည်း ကြွယ်ဝ ပါတယ်။

    သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ကော်လာဂျင် ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အသားအရေကို ရင့်ရော်စေတဲ့ နေဒဏ်၊ လေထုညစ်ညမ်းမှုဒဏ်၊ စိတ်ဖိစီးမှု ဒဏ်တွေ ရန်က ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

    ကန်စွန်းရွက်

    ကန်စွန်းရွက်ဟာ ဈေး သက်သာပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ အရွက်တစ်မျိုးပါ။ ကန်စွန်းရွက်စိမ်းစိမ်းလေး တွေမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောစ့်စဖောရက်စ် နဲ့ ဗီတာမင် A,C,K, B1 နဲ့ B2 တို့ ကြွယ်ဝစွာ ပါပါတယ်။

    ဒါ့အပြင် ကန်စွန်းရွက်ဟာ အဆိပ်အတောက်တွေ ကိုလည်း သန့်စင်ပေးတယ်၊ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သတ္တုဓာတ်တွေ စုပ်ယူမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဗီတာမင် A နဲ့ C လိုမျိုး အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်တွေ ပါမှတော့ အရေးအကြောင်းတွေ မပေါ်အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။

    ဟင်းနုနွယ်

    အစိမ်းရောင်အရွက် ဖြစ်တဲ့ ဟင်းနုနွယ်ဟာ ဗီတာမင် A အများဆုံးပါဝင်တဲ့ အစားအစာတစ်ခုပါ။ ဒီတော့ မျက်လုံး အတွက်ရော၊ ဆံပင် အတွက်ရော၊ အသားအရေ အတွက်ရော အားဖြည့်ပေးတဲ့ အာဟာရ ဖြစ်နေပါတော့တယ်။

    ပန်းငရုတ်ပွ  

    ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝတဲ့ ပန်းငရုတ်ပွ အနီရောင်မှာ ဗီတာမင် C တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးလာရင် တဖြည်းဖြည်း လျော့လာတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ပြန်အားကောင်းစေပါတယ်။

    သူ့မှာ ပါဝင်တဲ့ အနီရောင်ခြယ် ပစ္စည်း Carotenoids က ပြင်ပက လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ဖြစ်တဲ့ အသားအရေ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။

    သင်္ဘောသီး

    အရသာချိုချိုအေးအေး သင်္ဘောသီးလေးမှာ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင် A,C,E,K ကြွယ်ဝတဲ့အပြင် ဓာတ်တိုးပစ္စည်းတွေ လည်း ပါဝင်တာကြောင့် သင့်ကို အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ်ပေးမှာပါ။

    ဒါအပြင် ဆဲလ်သေတွေကိုဖယ်ပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုလည်း အားပေးတာကြောင့် သင်္ဘောသီးကို မျက်နှာပေါ် တိုက်ရိုက်ပေါင်းတင်ပေးလို့လည်းရသလို အချိုပွဲအနေနဲ့လည်း ထည့်စားပေးလို့ရပါတယ်။

    ထောပတ်သီး

    အကျိုးပြုအဆီဓာတ်တွေ ပါဝင်တဲ့ အပြင် ဗီတာမင် A နဲ့ B အဓိက ပါဝင်တဲ့ ထောပတ်သီးဟာ အသားအရေအတွက် အကောင်းဆုံး ဓာတ်စာတစ်ခုပါ။

    ဆဲလ်သေ တွေကို ဖယ်ရှားပေးပြီး အဆိပ်အတောက်တွေ ကိုလည်း သန့်စင်ပေးတာကြောင့် ထောပတ်သီး စားပေးရင် ဝင်းလက် တောက်ပပြီး အရေးအကြောင်း ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ရနိုင်ပါတယ်။

    စိတ်ပျို ကိုယ်နုစေဖို့ တခြားလုပ်သင့်တာတွေလည်း လုပ်ပါ၊ သဘာဝကပေးတဲ့ ဒီအာဟာရတွေကိုလည်း မေ့မထားပါနဲ့လို့ သတိပေးလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement