Gel Type လား၊ Paste Type လား။ ဒီအမျိုးအစားကွာခြားမှုက ပါဝင်ပစ္စည်းတွေကိုလည်း ကွာခြားသွားစေနိုင်ပါတယ်။
သွားက အညစ်အကြေးတွေကိုဖယ်ရှားနိုင်တဲ့ ပစ္စည်းတွေပါရဲ့လား။ သွားတိုက်ဆေးမှာ သွားကအစွန်းအထင်းတွေကိုဖယ်ရှားပေးနိုင်တဲ့ပစ္စည်းတွေ၊ သွားတွေကြားထဲက စားကြွင်းစားကျန်တွေ နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရာတွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်ကာဗိုနိတ်လိုမျိုး အရာတွေပါရဲ့လားဆိုတာကို သေချာစစ်ပါ။
သကြားတု ပါဝင်နေလား။ သွားတိုက်ဆေးတွေက အရသာအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဒီလိုကွဲပြားမှုတွေထဲမှာ အရသာနဲ့အနံ့ပြည့်စုံအောင်ဆိုပြီး သကြားတုတွေဖြည့်စွက်တတ်ကြပါတယ်။ ဒီသကြားတု ပါဝင်မှုများတာက ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သကြားတုပါဝင်မှုများတာကို မရွေးမိဖို့လိုပါမယ်။
ဖလိုရွိုက်ပါရဲ့လား။ သွားကျန်းမာရေးအတွက် အရေးပါတဲ့ဓာတ်တစ်ခုပေါ့။ ဒါကြောင့် သွားပိုးစားတာ၊ သွားထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးကို ရွေးပေးပါ။ သွားအပေါ်ယံကြွေလွှာကို ကာကွယ်ဖို့အတွက်လည်း ဖလိုရွိုက်က အရေးပါပါတယ်။
ကျန်းမာရေးထောက်ခံချက်ရထားရဲ့လား။ ဒါကတော့ အစားအသောက်တွေဝယ်တဲ့အခါမှာရော တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ ဝယ်တဲ့အခါမှာပါ သတိထားသင့်တဲ့အချက်တစ်ခုပါ။ အကြောင်းကတော့ ခံတွင်းထဲကိုထည့်ပြီးတိုက်ရင်း မတော်တဆမြိုချမိနိုင်တဲ့ သွားတိုက်ဆေးက ဘေးကင်းကြောင်းထောက်ခံချက်ရရှိထားဖို့လိုတယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ အဆိပ်အတောက်ဖြစ်စေနိုင်တာတွေပါနေလား။ သွားတိုက်ဆေးထဲမှာ diethylene glycol လိုမျိုး အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေပါဝင်နေသလားဆိုတာကို သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။တစ်မိသားစုလုံးနဲ့အဆင်ပြေမလား။ သွားတိုက်ဆေးက တစ်ဗူးဝယ်ပြီး တစ်မိသားစုလုံးတိုက်လို့ရတယ်တော့မဟုတ်ပါဘူး။ ကလေးတွေက လူကြီးတွေတိုက်တဲ့သွားတိုက်ဆေးနဲ့တိုက်လို့ အဆင်မပြေတာတော့အမှန်ပါ။ ပုံမှန်ကတော့ သွားဖြူဆေးပါတဲ့ကိစ္စမရှိပေမယ့် သွားကျဉ်တတ်တဲ့မိသားစုဝင်ရှိနေမယ်ဆိုရင် သွားဖြူစေတဲ့အရာတွေပါတာမျိုးနဲ့မတိုက်တာအကောင်းဆုံးပါ။ ဒါကြောင့် ကလေးရောတိုက်လို့ရလား သွားဖြူစေတဲ့အရာတွေပါနေလားဆိုတာကို သေချာလေးကြည့်ပေးပါ။တစ်မိသားစုလုံး ပြုံးအလှပိုင်ရျင်ဖြစ်ဖို့က မေမေရွေးချယ်တဲ့ သွားတိုက်ဆေးပေါ်မှာ အများကြီးမူတည်နေပါတယ်………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။