သွားနှင့် သွားဖုံးပြည်တည်ခြင်း က ပြင်းထန်တဲ့ သွားနဲ့ခံတွင်း ပြဿနာပါ။ သေချာမကုသဘူးဆိုရင် သွားဖုံးတွေ ပျက်စီးနိုင်သလို ပြည်တွေက တခြားနေရာကို ပြန့်သွားနိုင်ပါတယ်။ ဥပမာ ဦးနှောက်ထဲကို ပြန့်သွားရင် ဦးနှောက်အမြှေးရောင်ပြီး ဒုက္ခရောက်နိုင်ပါတယ်။
သွားနှင့် သွားဖုံးပြည်တည်ခြင်း က ပြင်းထန်တဲ့ သွားနဲ့ခံတွင်း ပြဿနာပါ။ သေချာမကုသဘူးဆိုရင် သွားဖုံးတွေ ပျက်စီးနိုင်သလို ပြည်တွေက တခြားနေရာကို ပြန့်သွားနိုင်ပါတယ်။ ဥပမာ ဦးနှောက်ထဲကို ပြန့်သွားရင် ဦးနှောက်အမြှေးရောင်ပြီး ဒုက္ခရောက်နိုင်ပါတယ်။
ယေဘုယအားဖြင့် သုံးမျိုးရှိပါတယ်။
ဒီလို ပြည်တည်ခြင်းများက ထိရောက်တဲ့ ကုသမှု လိုအပ်ပြီး မကုသဘဲ ထားမယ်ဆိုရင် ပိုမိုဆိုးဝါးပြီး သွားများပျက်စီးစေနိုင်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာများတွေကတော့
အဓိကကတော့ သွားနဲ့ သွားဖုံးတို့မှာ ပြင်းပြင်းထန်ထန် ကိုက်ခဲလေ့ ရှိပါတယ်။ ဒီလို နာကျင်မှုက ရုတ်တရက်ဖြစ်လာလေ့ရှိပြီး တရက်ထက် တရက် ပိုမိုဆိုးဝါးလာလေ့ရှိပါတယ်။ တခါတရံမှာ နား၊ မေးရိုးနဲ့ လည်ပင်းမှာပါ နာကျင်တတ်ပါတယ်။
သွားတွင်းပြည်တည်ခြင်း
ဘက်တီးရီးယားများက သွားပိုးစားနေတဲ့ အပေါက်ငယ်များကတဆင့်ဝင်ရောက်ပြီး အပြင်ပိုင်းသွားကြွေလွှာရဲ့ အတွင်းမှာရှိတဲ့ ပျော့နေတဲ့ နေရာတွေကို စတင်တိုက်ခိုက်လှိုက်စားလာပါတယ်။ နောက်ပိုင်းမှာတော့ သွားရဲ့ အတွင်းလှိုဏ်ခေါင်းတခုလုံးကို ဝင်ရောက်ပြီး ရောင်ရမ်းစေပါတယ်။
ပိုဆိုးလာတဲ့အခါ ဘက်တီးရီးယားများက သွားကို ထောက်ကန်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးများဆီ ဝင်ရောက်ပြီး သွားအတွင်းပိုင်း တခုလုံးကို ပြည်တည်စေပါတယ်။
သွားဆရာဝန်များနဲ့ တိုင်ပင်ပြီး လိုအပ်သလို ကုသရမှာပါ။ သွားနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ရောဂါဘယ်လောက်ပြင်းထန်လဲဆိုတာ စမ်းသပ်မှာ ဖြစ်ပါတယ်။ သာမာန် ကုသမှုများနဲ့ ကုသနိုင်သလို တခါတရံမှာ ခွဲစိတ်မှုများပါ ပြုလုပ်ရတတ်ပါတယ်။ ဥပမာ ထုံဆေးနဲ့ ပြည်များကို ဖောက်ထုတ်ခြင်း။
အခြားကုသမှုများအနေနဲ့
သွားရဲ့ အတွင်းပိုင်းအမြစ်ကနေ ပြည်များကို ဖောက်ထုတ်ပေးရပါတယ်။ သွားအတွင်းပိုင်းရှိ မကောင်းတဲ့ တစ်ရှူးစများနဲ့ ပြည်များ ကုန်သွားစေဖို့ ဖယ်ထုတ်ရပါတယ်။ နောက်ဆက်တွဲပိုးမဝင်အောင် နေရာလှပ်သွားတဲ့ နေရာများကို ဖာထေးပေးရပါတယ်။
ပြည်များကို ဖောက်ထုတ်ပြီး သွားပတ်လည်ချောင်နေရာများအား သန့်စင်ဆေးကြောပိုးသတ်ရပါတယ်။ သွားရဲ့ အမြစ်နံရံများကို ညှိပေးပြီး ချောမွတ်စေခြင်းနည်းလမ်းနဲ့ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး အနာကျက်စေပါတယ်။
သွားအတွင်းပိုင်းပြည်တည်နာများ ပြန်ဖြစ်ပါက မကောင်းတဲ့ တစ်ရှူးစများနဲ့ သွား၊ သွားဖုံးများကို သွားအထူးပြု ခွဲစိတ်ဆရာဝန်များမှ ဖြတ်တောက်ကုသပေးရပါတယ်။
သွားပတ်လည်ပြည်တည်နာများ ပြန်ဖြစ်ပါကလည်း သွားဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်များက သွားဖုံးသားများကို ပြန်လည်ပုံဖော်ညှိပေးခြင်းနည်းနဲ့ ချောင်များကို ပိတ်အောင်ခွဲစိတ်ကုသပေးရပါတယ်။
လိုအပ်ရင် သွားနှုတ်ပြီး ကုသရတတ်ပါတယ်။
အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါတယ်။ ဆေးအညွှန်းအတိုင်း သောက်ပါ။ အနာသက်သာသွားရင်တောင် ဒါက ရောဂါ ပျောက်သွားတာ မဟုတ်လို့ သွားဆရာဝန်နဲ့ ဆက်ပြီး ပြဖို့ လိုပါတယ်။
သွားနဲ့ သွားဖုံးပြည်တည်တဲ့အခါ လက္ခဏာများ သက်သာစေဖို့
ရေးသားသူ- Dr Nyan Linn
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။