backup og meta

လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့

    အရွယ်အစားသေးငယ်ပေမယ့် ခန္ဓာကိုယ်မှာတော်တော်လေးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ လျှာပါ။ လျှာက အရသာခံပေးတယ်၊ စကားပြောလို့ရအောင်လုပ်ပေးတယ်။ အရွယ်အစားကသေးငယ်ပေမယ့် မရှိလို့မဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ့။ ဒီတော့ လျှာလေးကျန်းမာနေအောင်ဂရုစိုက်ဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တွေထဲကတစ်ခုပေါ့။ ဒီတော့ လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့ ကို လေ့လာကြည့်ရအောင်။

    လူတော်တော်များများမေ့လျော့နေတဲ့ ခံတွင်းအစိတ်အပိုင်းတစ်ခု

    လူတော်တော်များများက ခံတွင်းကျန်းမာရေးဂရုစိုက်ပါလို့ ပြောလိုက်တိုင်း အရင်ပြေးမြင်မိတာက သွားနဲ့ သွားဖုံးပါ။ လျှာကိုတော့ မေ့နေတတ်ကြတာများပါတယ်။ တကယ်တော့ လျှာကျန်းမာရေးကလည်း မေ့ထားလို့မဖြစ်ပါဘူး။ လျှာလေးကျန်းမာနေစေဖို့ အမြဲမပြတ်လုပ်ပေးသင့်တဲ့ အလေ့အထလေးတွေရှိနေပါတယ်။

    လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့

    • လျှာကို တိုက်ပေးပါ

    သွားတိုက်တဲ့အခါ အများစုက သွားကြိုသွားကြားတွေကိုသာ သတိထားတိုက်တတ်ကြပြီး လျှာကို တိုက်ဖို့တော့မေ့နေတတ်ကြပါတယ်။ အမှန်ကတော့ သွားတိုက်တဲ့အခါတိုင်း လျှာကို သွားပွတ်တံလေးနဲ့ တိုက်ပေးသင့်ပါတယ်။ ဒါမှလျှာပေါ်မှာ ကပ်ငြိနေတဲ့ အရာတွေ၊ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားလေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

    လျှာက ကြွက်သားအစိုင်အခဲလေးတစ်ခုပေါ့။ ဒါကြောင့် အခြားကြွက်သားတွေလိုပဲ ကျန်းမာသန်စွမ်းနေစေဖို့အတွက် အာဟာရကိုလိုအပ်မှာ အသေအချာပါ။ ဒါကြောင့် လျှာကျန်းမာနေစေဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူချင်း (ဂျင်း) ၊ အုန်းသီးတို့ကို စားပေးပါ။

    ဒီအစားအစာတွေက လျှာကို မကျန်းမမာဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် လျှာကျန်းမာရေးအတွက်လိုအပ်တဲ့ သံဓာတ်ပြည့်ဝနေစေဖို့အတွက်လည်း ဟင်းနုနွယ်၊ အနီရောင်အသား၊ ပင်လယ်စာ၊ ကြက်သားတို့ကို စားပေးပါ။

  • ရေဓာတ်ပြည့်ဝအောင်နေပါ
  • ရေဓာတ်ပြည့်ဝမှုကလည်း လျှာကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးတာပါ။ရေသောက်နည်းတဲ့အခါ တံထွေးထွက်တာ နည်းသွားနိုင်ပါတယ်။

    တံထွေးက ခံတွင်းထဲက ဘက်တီးရီးယားတွေကို အဓိကတိုက်ထုတ်ပေးနေတဲ့အရာပေါ့။ ဒါကြောင့် လျှာကျန်းမာရေးကောင်းစေဖို့အတွက် တစ်နေ့ကိုရေ ၂ လီတာပုံမှန်သောက်ပေးပါ။

    ဆေးလိပ်သောက်တာက လျှာကျန်းမာရေးကို တော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ခံတွင်းကင်ဆာလည်း ဖြစ်နိုင်ပါတယ်။ဆေးလိပ်သောက်တာက လျှာရဲ့ အရသာခံနိုင်စွမ်းကို ကျဆင်းစေနိုင်သလို လျှာကင်ဆာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လျှာကျန်းမာဖို့ဆိုရ င်ဆေးလိပ်ဖြတ်ဖို့လိုပါမယ်။

    • ၆ လတစ်ကြိမ် သွားဆေးခန်းသွားပေးပါ

    ပုံမှန်ခံတွင်းကျန်းမာရေးစစ်ဆေးမှုက လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ပါ။ ဒီလို ပုံမှန်သွားနဲ့ခံတွင်း ကျန်းမာရေးစစ်ဆေးတာက သွားနဲ့သွားဖုံးတွေမှာ ဖြစ်လာနိုင်တဲ့ရောဂါတွေနဲ့ လျှာကင်ဆာဖြစ်နိုင်ခြေကိုပါ သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဒါကြောင့် သွားဆေးခန်းကို ၆ လတစ်ကြိမ်ပုံမှန်သွားပေးပါ။

    ကဲ………….ဒီအချက်လေးတွေကို လိုက်နာလို့ လျှာကျန်းမာရေးကို သေချာလေး ဂရုစိုက်လိုက်ရအောင်လား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement