backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင်မသိသေးတဲ့ သင့်သွားလေးတွေအကြောင်း အချက် (၈)ချက်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်မသိသေးတဲ့ သင့်သွားလေးတွေအကြောင်း အချက် (၈)ချက်။

သွားနဲ့ပက်သက်ပြီး သင်ဘယ်လောက်သိလဲ။ အစာကြေညက် စေဖို့ သွားတွေကဝါးပေးရတယ်၊ သွားကမာကြောတယ်၊ ဒါတွေ အပြင် သင့်သွားအကြောင်းသင်ဘာတွေသိသေးလဲ။ ဒီဆောင်းပါးထဲမှာတော့ သင့်သွားတွေ နဲ့ ပက်သက်လို့ သင်မသိသေးတဲ့ အကြောင်းတွေ ပြောပြပေးချင်ပါတယ်။ ။

၁ ။ သင့်သွားတွေဟာ သင့်တစ်ဦးတည်းရဲ့ မူပိုင်ပစ္စည်းပါ။ ။

ပြောချင်တာ လူတိုင်းမှာ သွားတွေရှိတယ်ဆိုပေမယ့် သင့်သွားပုံစံနဲ့ တူတဲ့ နောက်လူတစ်ဦးမရှိဘူးလို့ ပြောချင်တာပါ။ လက်ဗွေရာလိုပါပဲ။ ပုံစံတူတဲ့ နောက်တစ်ခုမရှိနိုင်ပါဘူး။ ရုပ်တစ်ထပ်တည်းတူနေတဲ့ အမြွှာ တွေမှာတောင် သွားတွေကတော့ တစ်ထပ်တည်း မတူနိုင်ပါဘူး။

၂ ။ သင်မြင်နေရတဲ့ သွားတွေဟာ သွားအရှည်ရဲ့ ၃ပုံ၁ပုံလောက်သာရှိပါတယ်။ ။

မှန်ထဲမှာ ကြည့်လိုက်လို့ မြင်နေရတဲ့သွားတွေဟာ သွားအရှည်ရဲ့ ၃ပုံ၁ပုံသာရှိပါတယ်။ ကျန်တဲ့ ၃ပုံ၂ပုံက သွားဖုံးထဲမှာ မြုပ်နေတာဖြစ်ပါတယ်။ ကျန်းမာတဲ့သွားတစ်ချောင်းရဲ့ နောက်ကွယ်မှာ ကျန်းမာတဲ့ သွားဖုံးတစ်ခု ရှိနေပါတယ်။။ ဒါကြောင့် သင့်သွားဖုံးတွေကိုသေချာ ဂရုစိုက်ပေးဖို့လိုပါတယ်။

၃ ။ သွားတွေမှာ စပါယ်ရာ( အပို) တစ်ခုပဲပါပါတယ်။

သွား ၃၂ ချောင်းရှိတာတော့ သိပေမယ့် ဘယ်ဟာဘယ်နှစ်ချောင်းရှိလဲဆိုတဲ့ အသေးစိပ်ကို သိတဲ့သူရှားပါတယ်။ သင့်မှာ ရှေ့သွား ၈ချောင်း၊ သွားစွယ် ၄ ချောင်း၊ ရှေ့အံသွား ၈ချောင်း၊ အံဆုံး ၁၂ ချောင်းရှိပါတယ်။ ဒီသွားတွေအားလုံးမှာ ငယ်သွားနဲ့ ကြီးသွားဆိုပြီးရှိပါတယ်။ ငယ်သွားတွေ ကျိုးပြီးရင် အပိုဖြစ်တဲ့ ကြီးသွားတွေ ထွက်လာပေမယ့် ကြီးသွားတွေ ကျိုးသွားရင်တော့ သွားအပိုထပ်မရှိတော့တာကြောင့် လစ်လပ်နေတဲ့နေရာကို သွားပြန်စိုက်ပေးဖို့လိုပါတယ်။

။ သွားတွေက အမာဆုံးလို့သိထားတယ်ဆိုတော့ သွားရဲ့ ဘယ်အပိုင်းကမာတာလဲ။ ။

သွားတစ်ချောင်းမှာ အမာဆုံး အပိုင်းက သွားရဲ့ကြွေလွှာတွေပဲဖြစ်ပါတယ်။ သွားရဲ့ကျန်တဲ့အပိုင်းတွေကို မထိခိုက်စေဖို့ သူကတာဝန်ယူရတာဖြစ်ပါတယ်။ သွားရဲ့ ကြွေလွှာေတွကို အရိုးတွေဖွဲ့စည်းထားသလိုပဲ ကယ်ဆီယမ်နဲ့ ဖော့စဖိတ်တို့နဲ့ ဖွဲ့စည်းထားတာကြောင့် သူက မာကြောနေရတာဖြစ်ပါတယ်။

၅ ။ သွားရဲ့ကြွေလွှာတွေက ဘဝတစ်လျှောက်လုံး ဆက်ပြီး မကြီးထွားတော့ပေမယ့် Dentin ကတော့ ဆက်ပြီး ကြီးထွားလာပါတယ်။

Dentin ဆိုတာ သွားရဲ့ ကြွေလွှာအောက်မှာရှိတဲ့ အကန့်လေးတွေဖြစ်ပြီး အဲဒီ အကန့်လေးတွေထဲမှာ အာရုံကြောနဲ့ သွေးကြောတွေ ရှိနေပါတယ်။ အာရုံကြောတွေ ရှိတာကြောင့် သွားကိုက်တာ သွားကျင်တာက ဒီ Dentin ကနေဖြစ်လာရတာပါ။ သင်အသက်ကြီးလာတာနဲ့ ဒီ Dentin တွေ ဆက်ပြီး ဖွံဖြိုးလာပေမယ့် သူ့အပေါ်မှာရှိတဲ့ ကြွေလွှာကတော့ ဒီအတိုင်းပဲ ဆက်ရှိနေပါတယ်။

၆ ။ အမာဆုံးလို့ ပြောလို့ရတဲ့ သွားရဲ့ ကြွေလွှာတွေက သွားပိုးစားတဲ့ ဒဏ်ကို မခံနိုင်ပါဘူး။

ဘယ်လောက်ပဲ မာတဲ့ သွားကြွေလွှာဖြစ်ပါစေ သွားပိုးစားတာကို ဖြစ်စေတဲ့ ဘက်တီးရီးယားက ထွက်တဲ့ အက်ဆစ်တွေကိုတော့ ခံနိုင်ရည်မရှိပါဘူး။ သွားတွေ မဲနေမှ သွားပိုးစားတာမဟုတ်ပါဘူး။ သွားကြွေလွှာတွေ ဝါနေပြီဆိုတည်းက သွားပိုးစားချင်နေပါပြီ။ ကြွေလွှာမှာရှိနေတဲ့ သွားပိုးတွေ Dentin ကိုရောက်သွားပြီး သွားကိုက်တာ သွားကျင်တာ မဖြစ်ချင်ရင်တော့ ခံတွင်းကျန်းမာရေးကို သေချာ ဂရုစိုက်ပေးဖို့လိုပါတယ်။

၇ ။ သင့်ခံတွင်းဟာ ဘက်တီးရီးယားပေါင်း ၃၀၀ ကျော်တို့ရဲ့ အိမ်ပါ။

သွားချေးတစ်ခုမှာ ဘက်တီးရီးယားပေါင်းများစွာပါပါတယ်။ ဒီထဲက အဓိက ဆရာကြီးကတော့ Streptococcus mutans ဖြစ်ပြီး စားလိုက်တဲ့ သကြားနဲ့ ကာဘိုဟိုက်ဒရိတ် တွေကို သွားကြွေလွှာတွေကို တိုက်စားတဲ့ အက်ဆစ်အဖြစ်ပြောင်းပေးတဲ့ တရားခံဟာ သူပဲ ။

၈ ။ သွားတိုက်ဆေးဟာ ဘယ်တုန်းက စပြီး ပေါ်လာတာလဲ ။

ငယ်ငယ်တည်းက သွားကို သွားတိုက်ဆေးနဲ့သန့်ရှင်းရမယ်ဆိုလို့ သွားတိုက်လာခဲ့ပေမယ့် ဒီသွားတိုက်ဆေး ဘယ်တုန်းက စပေါ်လာတာလဲဆိုတာတွေးဖူးပါသလား။ သွားတိုက်ဆေးဟာ ၁၈၇၃ ခုနှစ်က စပြီးပေါ်လာတာပါ။ အဲဒီအချိန်တုန်းက သွားတိုက်ဆေးကို ပုလင်းဂျား တွေထဲ ထည့်ရောင်းခဲ့ကြတာပါ။ ခုနောက်ပိုင်းမှာသာ သွားတိုက်ဆေးဘူးတွေကို ညှစ်လို့ရတဲ့ ပုံစံအဖြစ်ထုတ်လုပ်လာကြတာပါ။ ၁၈၇၃ မတိုင်ခင်တုန်းကတော့ မီးသွေးတွေ၊ ဆားနဲ့ ဖွဲပြာ တွေကို သုံးပြီး သွားကို သန့်ရှင်းခဲ့ကြပါတယ်။

ဒါတွေကတော့ သင်မသိသေးတဲ့ သင့်ကိုယ်ပေါ်မှာရှိတဲ့ သွားတွေ အကြောင်း ၈ ချက် ဖြစ်ပါတယ်။ Sharing is caring ဆိုတော့ သင်ဖတ်ပြီးလို့ သိသွားတဲ့ ဒီအကြောင်းလေးတွေကို အခြားသူတွေနဲ့ မျှဝေလိုက်ဦးနော် ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement