backup og meta

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။

အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ကတော့

Q – အူကျွံတယ်ဆိုတာဘာလဲ ။ ။

အူကျွံတယ်ဆိုတာ ဗိုက်ထဲက အားလျော့နေတဲ့ ကြွက်သားနေရာကနေ အူအစိတ်အပိုင်းတချို့ ထွက်လာပြီး ဗိုက်ထဲကနေ ပေါင်ခြံနေရာကို ရောက်သွားတာကိုခေါ်တာပါ။ အမျိုးသားတွေ မှာအဖြစ်များပြီး ကျွံတဲ့အူက ကပ္ပာယ်အိတ်ထဲ ဝင်ရာကနေ ကပ္ပာယ်အိတ်ကြီးလာတတ်ပါတယ်။

Q – အူကျွံနေတာကို ဘယ်လိုခံစားသိရှိနိုင်သလဲ ။ ။

အလေးအပင်မလိုက်တဲ့အခါ ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ တင်းကနဲဖြစ်ပြီး ကျွံနေတဲ့ နေရာက ဖောင်းဖောင်းပြီး နာလာရင် အူကျွံတာဖြစ်နေနိုင်ပါတယ်။ အပေါက်ရှိနေတာကြောင့် အိပ်လိုက်ရင် ဗိုက်ထဲပြန်ဝင်သွားတတ်ပြီး ချောင်းဆိုးလိုက်ရင် ပြန်ဆင်းလာတတ်ပါတယ်။

Q – အူကျွံတာ ဘယ်နှစ်မျိုးရှိသလဲ ။ ။

အူကျွံတာက ပေါင်ခြံတစ်ဘက်တည်းရော၊ နှစ်ဘက်စလုံးမှာရော ဖြစ်တတ်ပါတယ် ။ အူကျွံတာ ၂ မျိုးရှိပါတယ်။

၁ – Indirect inguinal hernia – မွေးရာပါ ဗိုက်ထဲက ကြွက်သားတွေ ကောင်းကောင်း မဖွံဖြိုးသေးတာကြောင့် အူကျွံ့ရတာဖြစ်ပြီး မွေးကင်းစကလေးတွေ မှာ အဖြစ်များပါတယ်။

၂ – Direct inguinal hernia – သက်လတ်ပိုင်းအမျိုးသားတွေမှာ အဖြစ်များပြီး အသက်ကြီးလာတာ၊ အလေးအပင်မလွန်းရာ၊ ဝမ်းသွားရင် ညှစ်လွန်းရာကနေ ကြွက်သားတွေ အားလျော့လာပြီး အူတွေကျွံလာရတာဖြစ်ပါတယ်။

Q – ဘယ်သူတွေက အဖြစ်များလဲ ။ ။

မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေဖြစ်တာပိုများပါတယ်။ ယောက်ျားလေးတွေထဲမှာမှ အသက် ၄၀ ကျော်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးထဲမှာ အူကျွံဖူးတဲ့သူရှိရင်၊ ဆေးလိပ်သောက်ရင်၊ ဝမ်းဗိုက်ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးရင် အူကျွံနိုင်တဲ့ အလားအလာပိုများပါတယ်။

Q – အူကျွံတဲ့ လက္ခဏာတွေက ဘာများလဲ ။ ။

  • ပေါင်ခြံနားတစ်ဝိုက်မှာ တစ်ဘက်တည်းဖြစ်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ချောင်းဆိုးလိုက်တဲ့အခါ ဖောင်းလာမယ်၊ အိပ်လိုက်ရင်ပြန်ဝင်သွားမယ်
  • လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊ အလေးအပင်မတဲ့အချိန် ချောင်းဆိုးတဲ့အချိန်မှာ ပေါင်ခြံကနာနေမယ်
  • ပေါင်ခြံမှာ အားနည်းနေသလို၊ လေးနေသလိုလို၊ ပူစပ်သလိုလို ခံစားမှုမျိုး ဖြစ်နေမယ်
  • အသိသာဆုံးကတော့ အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ်ကြီး ကြီးပြီး ဖောင်းလာတာ တွေဟာ အူကျွံတာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ် ။

Q – အူကျွံတဲ့ ရောဂါက စိုးရိမ်ရလား ။ ။

အူကျွံတာက ချက်ချင်းကြီး အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ဆေးကုသမှု သေချာမခံယူရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်လာနိုင်ပါတယ်။

Q – အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာများလဲ ။ ။

အသက်ကိုထိခိုက်နိုင်တဲ့ အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

Incarcerated hernia – ဒါက ပေါင်ခြံထဲကို ကျွံသွားတဲ့ အူတွေ ညက်နေပြီး အပေါ်ကို ပြန်မတက်နိုင်တော့တာကို ပြောတာပါ။

Strangulated hernia – ဒါကတော့ Incarcerated hernia ဖြစ်ပြီးနောက်ပိုင်း ပေါ့ပေါ့ဆဆနေလိုက်တဲ့အခါ နောက်ဆက်တွဲဖြစ်လာမယ့် အရာတစ်ခုပါ။ ကျွံသွားရာက ပိတ်ပြီး ညက်နေတဲ့ အူတွေ အပေါ်ပြန်မတက်နိုင်တော့တဲ့အခါ သွေးလုံလောက်စွာ မရတော့လို့ ကျွံနေတဲ့ အူအစိတ်အပိုင်း ပုပ်သွားတာကို ပြောတာပါ။ ဒီအဆင့်ဆိုရင်တော့ အရေးပေါ် အခြေအနေ ရောက်နေပါပြီ။ အူတွေပုပ်သွားရာကနေ ပိုးတွေဝင်သွားနိုင်ပြီး တစ်ကိုယ်လုံး သွေးဆိပ်ပြန့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် အရင်ဆင်းလိုက်ပြန်တက်လိုက်ဖြစ်နေတဲ့ အူကျတာ ဆင်းတုန်းကတော့ဆင်းသွားပါရဲ့။ ဗိုက်ထဲပြန်မဝင်တော့ဘဲ ညက်နေတဲ့ လက္ခဏာမျိုးရှိနေပြီဆိုရင် ဆေးရုံကို စောစောသွားပြီး ကုသမှုခံယူတာအကောင်းဆုံးပါ။

Q – အူကျွံတာက သူ့ဘာသာသူ ပြန်ပျောက်သွားနိုင်လား။ ဆေးကုသမှု မခံယူဘဲထားလို့ရလား ။

အူကျွံတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်မသွားတတ်ပါဘူး။ ဆေးကုသမှု ခံကိုခံယူရပါမယ်။ ဆေးကုမှုမှာတောင် သောက်ဆေးသောက်ရုံ အူက ပြန်မတက်သွားနိုင်တာကြောင့် အားနည်းနေတဲ့ဗိုက်ကြွက်သားကို ပြန်ပြင်ဖို့ ခွဲစိတ်မှု လုပ်ပြီး အူကျွံတာကို ကုသရပါတယ်။

Q – အူကျွံတာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။

ဗိုက်အတွင်းက ကြွက်သားတွေ အားနည်းတာကို ကြိုတင်ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် အားနည်းတာပိုဆိုးမသွားအောင်တော့ ဒီအချက်တွေ လိုက်လုပ်ပြီး တားဆီးလို့တော့ရပါတယ်။

  • ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်လိုက်မယ်
  • ကိုယ်အလေးချိန်ကို အဝမလွန်အောင်ထိန်းထားမယ်
  • ဗိုက်မှာခွဲစိတ်မှု လုပ်ခဲ့ဖူးရင် အလေးအပင်မတဲ့အခါ ခါးကိုမသုံးဘဲ၊ ခြေထောက်ကိုအားပြုပြီးမမယ်
  • အလေးအပင် အရမ်းမတာမျိုးကိုရှောင်ကြည်မယ်
  • အိမ်သာတက်တဲ့အခါ အကြာကြီးထိုင်ပြီးမညှစ်ရအောင် အမျှင်ဓာတ်တွေများများစားမယ်ဆိုရင်တော့ ဗိုက်ကြွက်သားအားနည်းနေတာ ပိုဆိုးမသွားအောင် ထိန်းပေးနိုင်တဲ့အတွက် အူကျွံတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://my.clevelandclinic.org/health/diseases/16266-inguinal-hernia

Accessed Date 18.4.2019

https://www.webmd.com/digestive-disorders/inguinal-hernia#2

Accessed Date 18.4.2019

https://www.mayoclinic.org/diseases-conditions/inguinal-hernia/symptoms-causes/syc-20351547

Accessed Date 18.4.2019

ယခုပုံစံ

16/01/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Inguina Hernia (အူကျွံခြင်း )

Umbilical Hernia Repair For Children (ကလေး ချက်ကနေအူကျွံခြင်း ပြုပြင်ကုသမှု)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement