backup og meta

ဆေးလိပ်ဖြတ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်ကြမယ်

    ဆေးလိပ်ဖြတ်ဖို့ကြိုးစားကြတဲ့အခါ မိသားစု၊မိတ်ဆွေတွေကို ပါဝင်စေချင်ကြမှာ သဘာဝပါပဲ။ နီကိုတင်းဖြတ်ရတာ ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူတို့ကို သိစေချင်ကြမှာပဲ။ နားလည်စေချင်ကြမှာပဲ။ ဒါပဲမယ့်လည်း အမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး။

    ဆေးလိပ်လုံးဝမသောက်ဖူးတဲ့သူတွေထံမှ အကူအညီများ

    မိသားစု၊မိတ်ဆွေတွေဟာ ဆေးလိပ်ဖြတ်ခြင်းကို အားပေးကြပြီး တကယ်တမ်းလုပ်လိုက်ရင်လည်း ပျော်ရွှင်ဂုဏ်ယူကြပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်းမှာပဲ သူတို့ရဲ့ အားပေးမှုတွေ လျော့ပါးသွားကြတတ်ပါတယ်။

    ၁ပတ်၂ပတ်လောက် နေ့စဉ်အားပေးသွားကြပြီး ကြာသွားရင် မေ့သွားကြလေ့ရှိပါတယ်။ ဆေးလိပ်ဖြတ်မယ်မဟုတ်လား။ ဒါဆိုရှေ့ဆက်သွားကြတာပေါ့။ သူတို့တွေက အကြင်နာတရာကင်းမဲ့တာလည်း မဟုတ်သလို ဂရုမစိုက်တာလည်း မဟုတ်ပါဘူး။ သူတို့နားမလည်တာပါ။

    ဆေးလိပ်ဖြတ်ကြတဲ့အခါမှာ ဆေးလိပ်လုံးဝမသောက်ဖြစ်တဲ့နေ့တွေက ကြီးမားတဲအောင်မြင်မှုတွေလိုပါပဲ။ အဲဒါကပဲ ရက်သတ္တပတ်နဲ့ချီပြီး ဒါမှမဟုတ် လနဲ့ချီပြီး အဆင်ပြေသွားကြလေ့ရှိကြပါတယ်။ အဲဒီခံစားချက်တွေကို သူတို့ဘယ်တော့မှသိမှာမဟုတ်ပါဘူး။

    ဆေးလိပ်မသောက်ဖူးတဲ့ မိသားစုမိတ်ဆွေတွေထံမှ အကူအညီတွေက စိတ်အားထက်သန်မှုမရှိကြတာကြောင့် စိတ်ပျက်စရာကောင်းတတ်ပါတယ်။ ဒါပေမယ့်လည်း ဆေးလိပ်သောက်တဲ့သူတွေထံမှ အကူအညီတွေကလည်း တစ်ခါတစ်ရံ နောက်ပြန်ဆွဲနေတာမျိုးတွေ၊ ကိုယ့်ကိုထိခိုက်နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

    ဆေးလိပ်သမားတွေက ရန်သူလား၊ မိတ်ဆွေလား။

    ဆေးလိပ်သမားအများစုက ဖြတ်ချင်ကြတဲ့သူတွေကြီးပါပဲ။ သူတို့တွေက ဆေးလိပ်အပေါ်မှီခိုနေရတာတွေ၊ ဆေးလိပ်ကျွန်ဖြစ်နေရတာတွေကို မုန်းတီးကြပါတယ်။ ထုတ်ပြောပြော၊မပြောပြော ဆေးလိပ်ကရလာမယ့် ရောဂါတွေကို တွေးပူလေ့ရှိကြပါတယ်။ ဆေးလိပ်စွဲနေတဲ့သူအများစုက ဝန်ခံလေ့မရှိကြပါဘူး။ ဆေးလိပ်သောက်ရတာ ကောင်းတယ်လို့ သင့်ကို ဒါမှမဟုတ် သူတို့ကိုသူတို့ ပြန်ပြောလေ့ရှိကြပါတယ်။ အမှန်တရားကတော့ သူတို့ဆေးလိပ်စွဲနေကြပြီး ဘယ်လိုဖြတ်ရမလဲ မသိကြတာပါ။

    သူတို့တွေဟာ ဆေးလိပ်ကို ဘဝထဲကနေ ကန်ထုတ်ဖို့ အင်အားမရှိသလို ခံစားနေတတ်ကြပါတယ်။

    ကျွန်တော်တို့ ဆေးလိပ်ဖြတ်ကြတဲ့အခါမှာ သူတို့တွေက အကြောက်တရားတွေ၊ ရစ်ပတ်လွှမ်းမိုးမှုတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ရပါတယ်။ ကျွန်တော်တို့အတွက် အမှန်တကယ် ပျောရွှင်ပေးနေနိုင်သလို၊ သူတို့မလုပ်နိုင်တဲ့အရာကို လုပ်နေတဲ့အတွက်ကြောင့် မဖော်ပြနိုင်တဲ့ မနာလွန်ဝန်တိုမှုတွေကိုလည်း ခံစားနေရမှာပါ။

    သင့်ကို ဆေးလိပ်ကမ်းပေးပြီး ‘ခိုးသောက်လိုက်ပါ ဘယ်သူမှမပြောဘူး’ ဒါမှမဟုတ် ‘မင်းကခင်ဖို့မကောင်းတော့ဘူး’ ဒါမှမဟုတ် ‘နောက်ဆုံးတော့လည်း ပြန်သောက်မှာပါပဲကွာ’ လို့ပြောလာရင် စိတ်မထိခိုက်ဖို့၊ စိတ်မယိုင်ဖို့ မှတ်ထားပါ။ သင့်ကိုအားမပေးနိုင်ကြတာဟာ သူတို့ပြဿနာပါ။ သင့်ပြဿနာမဟုတ်ပါဘူး။

    ကိုစိတ်ကိုယ်ပိုင်တယ်။

    ကိုယ်အလေးချိန်ချမယ် ဒါမှမဟုတ် ငွေချွေတာမယ် ဒါမှမဟုတ် ဆေးလိပ်ဖြတ်မယ်၊ ဘာတွေပဲဖြစ်ဖြစ် အောင်မြင်မှုက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကတိထားနိုင်စွမ်းပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝပုံစံပြောင်းလဲမှုကို အခြားတစ်ယောက်အတွက် လုပ်ပေးနေတာဆိုရင် တာရှည်ခံဖို့ မျှော်လင့်လို့မရပါဘူး။ ရေရှည်အောင်မြင်သွားဖို့၊ တည်မြဲသွားဖို့ဆိုရင် နှလုံးသားထဲကနေ ခိုင်မာပြင်းထန်တဲ့ ကိုယ်ပိုင်အာသီသတစ်ခုရှိနေရပါမယ်။

    ဆေးလိပ်ဖြတ်ဖို့ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချလိုက်ပါ။ ကျန်တာသူ့ဟာသူ ဖြစ်လာပါလိမ့်မယ်။ အဆင့်ဆင့်ကျော်ဖြတ်နေရတဲ့အချိန်မှာ ဘယ်သူမှ ကိုယ်ဆုံးဖြတ်ချက်ကို လာေဝဝါးအောင် လုပ်ခွင့်မပြုပါနဲ့။ လမ်းမှန်ရောက်နေပြီဆိုရင် ဘာအမှားမှမလုပ်မိပါစေနဲ့တော့။

    အွန်လိုင်းမှ အကူအညီများ။

    ဆေးလိပ်ဖြတ်တဲ့နေရာမှာ အကူအညီအထောက်အပံ့တွေက အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်နေပါတယ်။ မိသားစု၊ မိတ်ဆွေထံမှ လိုအပ်တဲ့အကူအညီ မရဘူးဆိုရင် အွန်လိုင်းကနေ အကျိုးရှိတဲ့ အရာတွေ ရှာဖွေနိုင်ပါတယ်။

    အွန်လိုင်းကနေဆို ဆေးလိပ်ဖြတ်တဲ့အဆင့်အမျိုးမျိုးကလူတွေနဲ့ တွေ့ဆုံနိုင်ပါတယ်။ စဖြတ်တဲ့သူတွေကနေ နှစ်နဲ့ချီပြီး ဆေးလိပ်ပြတ်နေတဲ့သူတွေအထိ ရှိပါတယ်။

    နေ့ညမရွေး သင်အကူအညီလိုတဲ့အချိန်တိုင်း တစ်ယောက်မဟုတ်တစ်ယောက်တော့ အွန်လိုင်းမှာရှိနေမှာပါပဲ။

    အောင်မြင်အောင်လုပ်လိုက်ပါ။

    သင်ချစ်ရတဲ့သူတွေထံမှ အားမပါတဲ့ အားပေးစကားတွေ၊ အခြားဆေးလိပ်သမားထံမှ မိမိဆုံးဖြတ်ချက်ကို ထိခိုက်စေမယ့် စကားတွေ ကြားလာရင် ဥပေက္ခါထားလိုက်ဖို့မမေ့ပါနှင့်။ အဲဒီဆေးလိပ်သမားတွေက သူတို့ကိုယ်တိုင်ဖြတ်ချင်နေကြတာ ဒါမှမဟုတ် လူနေမှုဘဝပုံစံပြောင်းလဲမှုတွေကို အားမစိုက်နိုင်ကြတာမှန်း သင်သိပြီးသားပါ။

    ကိုယ်တိုင်ယုံကြည်မှုရှိရှိ၊ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်လျောက်သွားပါ။ သင့်မျှော်မှန်းထားတာထက်ပိုပြီး ဆေးလိပ်ပြတ်တဲ့ အကျိုးကျေးဇူးတွေ ခံစားလာရမှာအမှန်ပါပဲ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement