ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့နောက် အနည်းဆုံး ၃ လကနေ အများဆုံး ၅ လကြာအပြီးမှာ ထပ်ဆောင်း ကာကွယ်ဆေးကို ထိုးနှံရပါမယ်။ အသက်အရွယ်ကိုလိုက်ပြီးတော့ ဖြစ်စေ၊ ရောဂါအခံ ရှိနေတဲ့အပေါ် မူတည်ပြီး ဖြစ်စေ ထပ်ဆောင်းကာကွယ်ဆေး ထိုးဖို့ အချိန်ကာလ ကွာခြားနိုင်ပါတယ်။
ဘယ်သူတွေ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ မလိုဘူးလဲ။
ထပ်ဆောင်း ကာကွယ်ဆေး မထိုးသင့်တဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်။ တကယ်လို့ ကာကွယ်ဆေး ထိုးတုန်းက ပြင်ပြင်းထန်ထန် တုံ့ပြန်မှု ခံဖူးသူတွေဆိုရင်တော့ ထပ်ဆောင်း ကာကွယ်ဆေး ထိုးဖို့ ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။
ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီးရင် ကိုဗစ်ဗိုင်းရပ်စ် မကူးတော့ဘူးလို့ တထစ်ချ ပြောလို့ မရပါဘူး။ ထပ်ဆောင်း ကာကွယ်ဆေး ထိုးပြီး ရက်အနည်းငယ် ကြာမှ ကိုယ်ခံအားက အပြည့်အဝ ဖွံ့ဖြိုးမှာ ဖြစ်တာကြောင့် ကိုယ်ခံအား မပြည့်ဝချင် အချိန်မှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။
ဒါပေမယ့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးထားတာကြောင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရရင်ဆောင် ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ နည်းသွားမှာပါ။
ကာကွယ်ဆေး မထိုးထားရင်ရော ထပ်ဆောင်းကာကွယ်ဆေး ထိုးလို့ ရမလား။
အစောပိုင်း ကာကွယ်ဆေး ၂ ကြိမ် မထိုးရသေးဘူးဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ကာကွယ်ဆေး ၂ ကြိမ်ကို အရင်ထိုးနှံရပါမယ်။ ကာကွယ်ဆေး ၂ ကြိမ်ပြည့်ပြီးမှသာ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံလို့ ရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။