home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ရာသီဥတုကြောင့်လား၊ အစားအသောက်ကြောင့်လား မသိဘူး။ခေါင်းထဲမှာ တစ်မျိုးကြီးပဲဖြစ်တယ်ဆိုတာက တစ်နေ့တာမှာ လူတိုင်းလိုလို ညည်းတွားမိတဲ့ စကားတစ်ခွန်းပါနော်။ ခေါင်းထဲက တစ်မျိုးကြီးဆိုတိုင်း ခေါင်းကိုက်တာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ခေါင်းမူး နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ခွဲခွဲခြားခြားသိမှလည်း လိုအပ်တဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ ခေါင်းကိုက်တာလား၊ ခေါင်းမူးတာလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အတူတူခွဲကြည့်ရအောင်လား။

ခေါင်းကိုက်တယ် ဆိုတာ

ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်က ကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ခေါင်းမူး တယ်ဆိုတာ

ခေါင်းမူးတယ်ဆိုတာက ခေါင်းကိုက်တာနဲ့မတူပါဘူး။ ခေါင်းမူးတဲ့အခါ ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်နေသလို ခံစားရတာမျိုး၊ ကိုယ့်ကိုကိုယ် ဟန်ချက်ထိန်းရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ပတ်ဝန်းကျင်က ချာချာလည်နေတာမျိုး ခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ခေါင်းမူးနိုင်ပါတယ်

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

  • ရေဓာတ်နည်းနေတာ
  • အယ်လ်ကိုဟောသောက်တာ
  • ဓာတ်ငွေ့အဆိပ်သင့်တာ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေ
  • သွေးအားနည်းတာ
  • အပူလျှပ်တာ
  • လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်တာ
  • ကားမူးတာ
  • ချွေးထွက်များတာတွေကြောင့် ခေါင်းမူး နိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ

အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေက သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်နေတာဖြစ်နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ပြသသင့်ပါတယ်။

ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့အတူ

  • စကားတွေ ပလုံးပထွေးပြောမယ်
  • အာရုံတွေ ရှုပ်ထွေးလာမယ်
  • ငြီးစီစီဖြစ်မယ်
  • အဖျားတက်မယ်
  • ဇက်ကြောကြီးက တင်းနေမယ်
  • ၂၄ နာရီကျော်တဲ့အထိ အန်နေမယ်
  • သတိလစ်မယ်
  • ၈ နာရီတိုင်ဆီးလုံးဝမသွားဘဲဖြစ်နေမယ်
  • အမြင်အာရုံတွေ ဝေဝါးလာမယ်
  • အကြားအာရုံထိခိုက်လာမယ်
  • ရင်ဘတ်ထဲကအောင့်မယ်
  • အဆက်မပြတ်အန်နေမယ်
  • မျက်လုံးတွေ ပိတ်ကျလာမယ်၊ ပါးစပ်တွေလေးလာမယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်နော်။

ခေါင်းကိုက်တာတွေ၊ ခေါင်းမူး တာတွေကို ဘယ်လိုကာကွယ်မလဲ

ခေါင်းကိုက်တာနဲ့ ခေါင်းမူးတာတွေဖြစ်တာကနေ ကာကွယ်ဖို့ ဒီအလေ့အကျင့်လေးတွေကို ပျိုးထောင်သင့်ပါတယ်။

  • အိပ်ရေးဝဝအိပ်ပါ
  • ရေဓာတ်ပြည့်ဝအောင်နေပါ
  • အာဟာရမျှတအောင်စားသုံးပါ
  • ကဖင်းနဲ့ အယ်လ်ကိုဟောတွေကို အလွန်အကျွံ မစားသုံးပါနဲ့
  • လက်ကိုပုံမှန်ဆေးကြောပြီး ကူးစက်ရောဂါပိုးတွေအန္တရာယ်ကို ကာကွယ်ပါ။

ခေါင်းမှာ ထိခိုက်မိထားတာကြောင့်လည်း ခေါင်းမူးတာမျိုးဖြစ်နိုင်တာကြောင့် ခေါင်းမှာ ထိခိုက်ထားဖူးတဲ့သူတွေအနေနဲ့ ခေါင်းမူးတယ်ဆိုရင် မြန်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့ ပြသကြည့်ဖို့ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Dizziness (lightheadedness)https://www.nhsinform.scot/illnesses-and-conditions/brain-nerves-and-spinal-cord/dizziness-lightheadedness Accessed Date 8 May 2019

What Causes Dizziness and How to Treat Ithttps://www.healthline.com/health/dizziness Accessed Date 8 May 2019

What’s Causing My Headache and Dizziness?https://www.healthline.com/health/headache-and-dizzinessAccessed Date 8 May 2019

DO YOU KNOW ? : DIZZINESS AND HEADACHE ARE DIFFERENT!https://suryahusadha.com/en/view-content/articles/124-do-you-know—dizziness-and-headache-are-different.aspx Accessed Date 8 May 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။