လတ်တလော ဖေ့ဘွတ်မှာ ခေတ်စားနေတာက ဖျားရင် အိမ်မှာပဲ နေမယ်။ ဆေးသောက်မယ်။ ၁၄ရက်ပြည့်ရင်ရပြီ။ ပိုးရှိရှိ မရှိရှိ စစ်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဆေးရုံတက်လည်း ပါရာစီတမောပဲ သောက်ရတာပဲကို ဆိုပြီး အတွေ့ရများလာပါတယ်။ ဒါဟာ တကယ်ပဲ လက်တွေ့မှာ အလုပ်ဖြစ်နိုင်သလား။ တူတူစဉ်းစားကြည့်ရအောင်။