backup og meta

မုရိုးပင် ကပေးတဲ့ ကျန်းမာရေး

ရိုးတံ ဖြူဖြူ အရွက် ထူထူလေးနဲ့ အရွက်ပေါ်မှာ မွှေးညှင်းလေးတွေ ပါသလို အပွင့်လေးတွေ၊ လေပွ အသီးလေးတွေ ပါနေတဲ့ အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်ကျတဲ့ အလေ့ကျပေါက်ပင် မုရိုးပင်လေးက ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ ကဲ …. မုရိုးပင် ကပေးတဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးပါမယ်နော်။

မုရိုးပင် ကပေးတဲ့ ကျန်းမာရေး

မုရိုးပင်လေးတွေက စိုက်ထားတာထက် အလေ့ကျပေါက်တာက များပါတယ်။ တစ်ပင်လုံးနီးပါး အသုံးဝင်တဲ့ မုရိုးပင် ကပေးတဲ့ ကျန်းမာရေး ကတော့

အဆူးစူးမိတဲ့အခါ အတွင်းပိုင်းမှာ အစူးကကျိုးပြီးကျန်နေခဲ့ရင် ထုတ်ဖို့တော်တော်လေးခက်ပါတယ်။ အပ်နဲ့ထွင်ထုတ်ဖို့ကလည်း ခက်တယ်။ ဆီးချိုလိုမျိုး အနာကျက်မလွယ်တဲ့ ကျန်းမာရေး ပြဿနာမျိုး ရှိနေတယ်ဆိုရင် အနာကို ရေစင်အောင်ဆေးလို့ မုရိုးပင်ကနေထွက်တဲ့ အစေးကို အနာမှာလိမ်းပြီး ပတ်တီး ခပ်ပါးပါးလေးနဲ့ စည်းထားပေးလိုက်ပါ။

၂ ရက် ကနေ ၃ ရက်လောက်ပုံမှန်လုပ်ပေးရုံနဲ့ အဆူးက သူ့အလိုလိုထွက်လာမှာပါ။

မွေးကျွတ်နာဖြစ်တဲ့အခါ အနာကို ရေနွေးဂွမ်းလေးတို့နဲ့ သန့်စင်ပြီးရင် ရေစင်အောင်ဆေးထားတဲ့ မုရိုးအရွက်ကို မီးကင်ပေးလို့ ကပ်ပေးရင် အနာသက်သာစေမှာပါ။

တင်းတိပ်သက်သာစေဖို့ဆိုရင် မုရိုးပင်အစေးကို သနပ်ခါးနဲ့ရောလို့ လိမ်းပေးလို့ရပါတယ်။  မုရိုးစေးက အက်ဆစ်ပါတာကြောင့် အရမ်းမများစေဖို့တော့ သတိထားဖို့ လိုပါမယ်။

ခြေသည်းလက်သည်းမှိုစွဲတာကို သက်သာစေဖို့အတွက်လည်း မှိုစွဲတဲ့နေရာကို မုရိုးစေး ထည့်ပြီး ပတ်တီးလေးစည်းပေးပါ။ ပုံမှန်လုပ်ပေးရင် ၁ ပတ်လောက်အတွင်းမှာ သိသိသာသာ သက်သာနိုင်ပါတယ်။

အရိုးအဆစ်တွေ ကိုက်တဲ့အခါ  ပင်စည်၊ အရွက်၊ အမြစ်တို့ကို ပြုတ်ပြီး ခပ်နွေးနွေးမှာ ချိုးပေးလို့ရပါတယ်။

ဒူးနာ၊ ခါးနာဖြစ်တဲ့ အခါ မုရိုးရွက်ကို မီးကင်ပြီး နာနေတဲ့ ဒူး၊ ခါးတို့နေရာမှာ ကပ်ထားပေးရုံပါ။ ဒူးနာ၊ ခါးနတာကို သိသိသာသာ သက်သာစေမှာပါ။

ငါးမျက်စိရှိတဲ့နေရာကို မုရိုးပင် အစေးနဲ့ ပုံမှန် ပွတ်ပေးမယ်ဆိုရင် သက်သာစေမှာပါ။

သွားကိုက်သွားနာဖြစ်မယ်ဆိုရင် မုရိုးအစေးကို ဂွမ်းနဲ့တို့ယူပြီး သွားကိုက်သွားနာတဲ့နေရာကို တို့ထားပေးရုံပါ။

ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါ အနာကို မုရိုးပင် အစေးလေးယူပြီး လိမ်းပေးထားရင် အနာပိုးဝင်တာကို ကာကွယ်ပေးနိုင်မှာပါ။

နှာခေါင်းပိတ်ခဲ့ရင် မုရိုးပင်အစေးကို နှာရိုးတလျှောက်လိမ်းပေးလို့ရသလို  အပင်အခေါက်ကို မီးရှို့ပြီး အငွေ့ခံပေးလို့ ရပါတယ်။

ဒါတွေအပြင် မိန်းကလေးတွေ ဓမ္မတာ မမှန်တာ၊ ပိုးကောင်ကိုက်တာ၊ ဂေါက်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ အတွက်လည်း အသုံးပြုလို့ရပါတယ်။ ရာသီလာစဉ်ကိုက်ခဲတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ် သက်သာစေဖို့နဲ့ ကင်ဆာကာကွယ်ဖို့ အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

တန်ဆေး လွန်ဘေး

မုရိုးပင်က ဆေးဖက်ဝင်တာမှန်ပေမယ့် အများကြီးသုံးရင်တော့ အဆင်မပြေပါဘူး။ မုရိုးပင်မှာပါတဲ့ ဓာတုပစ္စည်းတွေက နှလုံးရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်သလို အော့အန်တာ၊ ဝမ်းလျှော။ နှလုံးခုန်နှေးတာ၊ အခန့်မသင့်ရင် သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ကတော့ လုံးဝမသင့်တော်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

CALOTROPIS https://www.webmd.com/vitamins/ai/ingredientmono-797/calotropis Accessed Date 23 April 2020

CALOTROPIS https://www.rxlist.com/calotropis/supplements.htm Accessed Date 23 April 2020

ယခုပုံစံ

30/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု

ငယ်ငယ်တုန်းက ဆော့ခဲ့ကြတဲ့ ကြယ်သီးပင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/05/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement