backup og meta

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းယာထဲမှာ ထည့်ဝါးလေ့ရှိသလို အပျင်းပြေ ဝါးစားလေ့ရှိကြတဲ့ ကွမ်းသီးက မြန်မာလူမျိုး တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကွမ်းယာစားလို့ ကျန်းမာရေးဆိုးကျိုးတွေ များတာ မှန်ပေမယ့် ဒါက ကွမ်းသီးကြောင့်လို့တော့ အတိအကျပြောလို့မရပါဘူး။ သဘာဝအတိုင်းရှိနေတဲ့ ကွမ်းသီးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။

ကွမ်းသီး ဆိုတာ

ကွမ်းသီး ဆိုတာကာ ကွမ်းယာထဲကို ထည့်စားလေ့ရှိတဲ့ အရာတစ်မျိုးပါ။ ကွမ်းသီးပင်ရဲ့ အသီးပေါ့။ ကွမ်းသီးပင်က အုန်းပင်၊ ထန်းပင်တွေနဲ့ မျိုးရင်း တူပါတယ်။ ပင်စဉ်က ရှည်ဖြောင့်နေပြီး ထိပ်ဖျားနားမှာ ကွမ်းသီးလေးတွေက အခိုင်လိုက် သီးပါတယ်။

သီးစမှာ အခွံလေးက စိမ်းစိမ်းလေးပါ။ ဒီလိုကနေမှ အခွံလေးက ဝါပြီး လိမ္မော်ရောင်ပြောင်းလာပြီဆိုရင် ခူးဆွတ်ပြီး အခြောက်ခံရပါတယ်။ ပြီးရင် အခွံကို ဖယ်ပြီး အထဲက အသီးဆံကို ကွမ်းသီး အနေနဲ့ ကွမ်းယာထဲ ထည့်စားကြတာပါ။

ကွမ်းသီး ကပေးတဲ့ ကျန်းမာရေး

ကွမ်းသီးက အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးပါတယ်။

လေဖြတ်တာကို သက်သာစေနိုင်တယ်

ကွမ်းသီး ကနေရတဲ့ အဆီအနှစ်က လေဖြတ်ထားတဲ့ လူနာတွေကို ပြန်လည် သက်သာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ စကားပြန်ပြောနိုင်စေဖို့၊ ဆီးထိန်းနိုင်စေဖို့နဲ့ ကြွက်သားတွေ ထိန်းသိမ်းနိုင်စွမ်း ကောင်းမွန်စေဖို့ အထောက်အပံ့ပေးပါတယ်။

ခံတွင်း ကျန်းမာစေတယ်

ကွမ်းသီးက ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားကို အကောင်းဆုံး တိုက်ဖျက်နိုင်ပါတယ်။ နောက်တစ်ခုက ကွမ်းသီးဝါးတာက သွားချေးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ခံတွင်းခြောက်တာကို သက်သာစေနိုင်တယ်

ကွမ်းသီး ဝါးတာက တံထွေးထွက်ရှိမှု ကောင်းစေပြီး ခံတွင်းခြောက်တာ နဲ့ ခံတွင်းခြောက်တာကြောင့် ဖြစ်တဲ့ ဘက်တီးရီးယားတွေကို သက်သာစေနိုင်ပါတယ်။

သွေးအားနည်းရောဂါ ကာကွယ်ပေးတယ်

ကွမ်းသီးကို ဆေးဖြစ်ဝါးဖြစ်လောက် ဝါးပေးတာက သံဓာတ်အားနည်းမှုကို ကာကွယ်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သံဓာတ်အားနည်းတာကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကို သက်သာစေနိုင်ပါတယ်။

သန်ကျစေနိုင်တယ်

ကွမ်းသီးက သဘာဝ သန်ကျဆေးတစ်ခုပါ။ သန်ချဆေး မသောက်ချင်ဘူးဆိုရင်တော့ ကွမ်းသီးကိုသာ ဝါးပေးပါ။ သန်ကောင်၊ တုတ်ကောင်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။

ဆီးချို ကာကွယ်နိုင်တယ်

ကွမ်းသီးမှာပါတဲ့ Arecoline က ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

အပူ သက်သာစေတယ်

အခုလို ရာသီဥတုပူတဲ့အခါ အပူဒဏ်ကြောင့်ဖြစ်တဲ့ အပူလျှပ်တာ၊ အပူလွန်ကဲ တာလိုမျိုး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ကွမ်းသီးကို ဝါးပေးလို့ရသလို ကွမ်းသီးပင်အရွက်ကို ဝါးပေးလို့လည်းရပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ကွမ်းသီးက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့တော့ မသင့်တော်ပါဘူး။ ဒါအပြင် ကွမ်းသီးကို အမြဲလိုလို စားမယ်။ အခြားဆေးတွေနဲ့ တွဲစပ်စားသုံးမယ်။ ကွမ်းယာ တစ်ချိန်လုံး စားမယ်ဆိုရင်တော့

ခံတွင်းကင်ဆာ

ကွမ်းသီးမှာပါဝင်တဲ့ carcinogen က ကင်ဆာရောဂါကို ခံစားရစေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။ ကွမ်းသီးကို တစ်ချိန်လုံးစားနေမယ်။ ငုံမယ်ဆိုရင်တော့ ကွမ်းယာစားသလိုပဲ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပြီး အဆိုးဆုံး အနေနဲ့ ခံတွင်း ကင်ဆာဖြစ်စေနိုင်ပါတယ်။

သွားတွေ အရောင်စွန်းစေနိုင်တယ်

ကွမ်းသီးဝါးပြီးတဲ့အခါတိုင်း သွားတွေကို သေချာလေး သန့်စင်ဆေးကြောဖို့ လိုပါမယ်။ မဟုတ်ဘူးဆိုရင် ကွမ်းစားသလိုပဲ သွားမှ အရောင်တွေ စွန်းထင်းတာမျိုး ဖြစ်နိုင်ပါတယ်။

သွား ပျက်စီးမယ်

ကွမ်းသီးကလည်း ကွမ်းယာလိုပါပဲ။ စားပြီးတိုင်း ခံတွင်းသန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။ ဒီလိုမှမဟုတ်ရင် သွားတွေ အပေါ်ယံကြွေလွှာ ပျက်စီးတာ အပါအဝင် သွားထိခိုက်မှုတွေ များနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ

ကွမ်းသီးလေးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

Takeaways

ကွမ်းသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ အာနိသင်၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အတွက် တချို့သူတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ သောက်လက်စဆေးဝါးတွေ၊ ရောဂါအခံတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။ ကွမ်းသီးက အထက်ပါရောဂါတွေကို သက်သာစေတယ်ဆိုပေမယ့် မိမိအနေနဲ့ ရက်အတော်ကြာတဲ့အထိ မသက်သာရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Betel Nut https://www.drugs.com/npc/betel-nut.html Accessed Date 19 May 2020

BETEL NUT https://www.rxlist.com/betel_nut/supplements.htm Accessed Date 19 May 2020

BETEL NUT https://www.webmd.com/vitamins/ai/ingredientmono-995/betel-nut Accessed Date 19 May 2020

Betel nuts facts and benefits https://www.healthbenefitstimes.com/betel-nuts/ Accessed Date 19 May 2020

ယခုပုံစံ

07/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Betel Palm (ကွမ်းသီးပင် အခက်အလက်)

ကွမ်းစားခြင်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement