backup og meta

မျှဝေပါ။

ကျွန်းရွက်လေး ကဆေးဖက်ဝင်ပါတယ်။

ကျွန်းလို့ ပြောလိုက်ရင် ကျွန်းသစ်၊ အိမ်ထောင်ပရိဘောဂတွေလုပ်မယ် အိမ်ဆောက်မယ် စတာတွေပဲ ပြေးမြင်မိမယ်ထင်ပါတယ်။ အာဟာရတန်ဖိုး မရှိနိုင်သလို ကျန်းမာရေးကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ထင်မထားမိလောက်ပါဘူး။ တကယ်တော့ ကျွန်းသစ်ကို ထုတ်လုပ်နေတဲ့ ကျွန်းပင်တွေရဲ့ အရွက်တွေဖြစ်တဲ့ ကျွန်းရွက်လေး က အခြား ဆေးဖက်ဝင် အပင်တွေ နည်းတူ ကျန်းမာရေး အာနိသင်ရှိနေပါတယ်။

ကျွန်းရွက် ဆိုတာ

အရွက်ခပ်ဖားဖား နဲ့ ကြီးကြီးပြန့်ပြန့် သဏ္ဍာန်ရှိပြီးစင်တီမီတာ ၂၀ ကနေ ၃၀ လောက်အထိရှည်လျားပါတယ်။ အရွက်က ခပ်ကြမ်းကြမ်းရှိပြီး အရွက်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ မီးခိုရောင် ဒါမှမဟုတ် အဝါရောင်သန်းသန်း အမွှေးနုလေးတွေ ပါပါတယ်။ နုစဉ်မှာ အနီရောင်သန်းပြီး အစိမ်းရောင် ဖြစ်လာတာက ရင့်လာတာပါ။

ကျွန်းရွက်လေး ကပေးတဲ့ ကျန်းမာရေး

အရွက်ဖားဖားနဲ့ လက်မှာပွတ်လိုက်ရင် နီနီလေးဖြစ်သွားစေတဲ့ ကျွန်းရွက်လေး က

ပန်းနာရင်ကျပ် ကာကွယ်ပေးတယ်

ကျွန်းရွက်လေး က ပန်းနာရင်ကျပ်ဝေဒနာကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ် မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ ကျွန်းရွက်ရဲ့ အဆီက ပန်းနာရင်ကျပ်ဝေဒနာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

သန်ကျစေတယ်

ကျွန်းရွက်က သန်ကောင် အပါအဝင် အစာခြေ အူလမ်းကြောင်းထဲက ကပ်ပါးပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ကျွန်းရွက်ကနေ ထုတ်ယူလို့ရတဲ့ အဆီကို သန်ကျဆေးအဖြစ် အသုံးပြုလို့ရပါတယ်။

အသားအရေ ကျန်းမာစေတယ်

ကျွန်းရွက်က အရောင်ကျစေနိုင်တဲ့ အာနိသင်ပါဝင်သလို ဝက်ခြံလိုမျိုး အရေပြားမှာ ရောင်ရမ်းနာကျင်စေတဲ့ အရေပြား ပြဿနာတွေကို သိသိသာသာ သက်သာစေပါတယ်။ ရေစင်အောင် ဆေး​ကြောထားတဲ့ ကျွန်းရွက်ကို အရည်ညှစ်ပြီး ဝက်ခြံပေါ်မှာ လိမ်းပေးရင် သက်သာပျောက်ကင်းစေမှာပါ။ အရေပြားမှာ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ကျွန်းရွက်ကို အရည်ညှစ်ပြီး လိမ်းပေးလို့ ရပါတယ်။

ဆီးရွှင်စေတယ်

ကျွန်းရွက်က ဆီးရွှင်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဆီးသွားနည်းနေတယ်၊ ဆီးသွားရခက်နေတယ်ဆိုရင် ကျွန်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ကျွန်းရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွေကို ကျန်းမာစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါ တွေမဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အနာကျက်စေတယ်

အပူလောင်နာ၊ ထိခိုက်ရှနာ အမျိုးမျိုးကို သက်သာစေဖို့ ကျွန်းရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ကျွန်းရွက်က အနာကျက်စေပြီး အရေပြား ဆဲလ်တွေနဲ့ တစ်ရှူးတွေကို အလျင်အမြန် အသစ်ဖြစ်ပေါ် စေပါတယ်။

ဆံပင် သန်စေတယ်

ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာတွေကို သက်သာစေဖို့လည်း ကျွန်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဆံသား ကျန်းမာစေဖို့လည်း ကျွန်းရွက်အဆီကို အသုံးပြုပေးလို့ ရပါတယ်။

မှိုပိုးတွေကို တိုက်ဖျက်ပေးတယ်

လေ့လာမှုတွေအရ ကျွန်းရွက်မှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။ ဒါ​ကြောင့် အရေပြားမှာ မှိုပိုး​ကြောင့် ထိခိုက်တာ ခြေသည်းလက်သည်း မှိုပိုးဝင်တာတွေကို သက်သာစေဖို့ ကျွန်းရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းမှန်စေတယ်

ကျွန်းရွက်က သဘာဝ ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုပေးလို့ ရပါတယ်။ အူတွေထဲက အညစ်အကြေးတွေ စားကြွင်းစာကျန်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့ နဲ့ ဝမ်းမှန်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အစားအသောက်တွေကနေတဆင့် ကူးစက်တတ်တဲ့ ဘက်တီးရီးယားတွေ ကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးတာကြောင့် ကျန်းမာနေစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health benefits of Common teak https://www.healthbenefitstimes.com/common-teak/ Acessed Date 15 June 2020

Benefits of teak leaves for health https://cn.weku.io/community-deals/@lawak/benefits-of-teak-leaves-for-health Acessed Date 15 June 2020

ယခုပုံစံ

24/02/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/02/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement